ကျွနိုပ်တို့ အများစုဟာ အလင်းနဲ့ ပတ်သတ်ပြီး ကျွနိုပ်တို့ စိတ်နေစိတ်ထားကို သက်ရောက်မှုရှိစေမည့် နည်းလမ်းကို အများကြီးထဲ့ မစဥ်းစားကြပါဘူး။
သို့သော် နေသာတဲ့နေ့တွေမှာ မင်းကိုမင်းပြုံးနေရရင် ဖြစ်ဖြစ် သို့မဟုတ် အလင်းရောင်မှိန်မှိန်လေးတွေက သင့်ကို ပိုပြီး ခံစားမှုရအောင် ဖန်တီးပေးတာဖြစ်ဖြစ်၊ ဒါဟာ တိုက်ဆိုင်မှု မဟုတ်တာ တွေ့ရပါတယ်။
မတူညီ ကွဲပြားခြားနားတဲ့ အလင်းရောင်များဟာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး နှင့် ချမ်းသာသုခ အပေါ် အမှန်တကယ် အကျိုးသက် ရောက်မှုရှိနိုင်တာ တွေ့ရပါတယ်။
ဒီနေရာမှာတော့ အလင်းရောင်ဟာ သင့်ရဲ့ စိတ်ခံစားမှုတွေကို အကျိုးသက်ရောက်မှု ရှိနိုင်တဲ့ နည်းလမ်း (၆) မျိုးကို တွေ့မြင်နိုင်ပါတယ်။
(၁) တောက်ပသောအလင်းရောင်သည် စိတ်ခံစားမှုကို မြှင့်တင်ပေးနိုင်ပါတယ်
တောက်ပတဲ့အလင်းရောင်အောက်မှာ ကျွနိုပ်တို့ဟာ အပြုသဘော နှင့် အပြက်သဘောဆောင်တဲ့ ခံစားချက်တွေကို ပြင်းပြင်းထန်ထန်ခံစားရနိုင်တာ တွေ့ရပါတယ်။
၂၀၁၄ ခုနှစ်လေ့လာမှုတစ်ခု အရ သုတေသီတွေဟာ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးသုံးယောက်ရဲ့ ဆွဲဆောင်မှုတွေကို အကဲဖြတ်လေ့လာစေခဲ့တယ်။

သုတေသီတွေက စေတနာဝန်ထမ်းတွေကို ကောင်းတာဖြစ်ဖြစ် ၊ ဆိုးတာဖြစ်ဖြစ်၊ ဘက်မလိုက်ဘဲ သူတို့ဘယ်လိုခံစားနေရသလဲ အစီရင်ခံ စေခဲ့တယ်။
ခြုံငုံပြောရလျှင် စေသနာဝန်ထမ်းအားလုံးဟာ အလင်းရောင်တောက်တောက်ရှိတဲ့အခန်းက အမျိုးသမီးများဟာ မီးခိုးရောင်မှိန်မှိန်အောက်မှာရှိတဲ့ အမျိုးသမီးများရဲ့ ဇာတ်ကောင်တွေထက် ပိုမိုပြင်းထန်ပြီး ဆွဲဆောင်မှုရှိတဲ့လို့ ဆုံးဖြတ်ခဲ့ကြတာ တွေ့ရပါတယ်။
စေတနာဝန်ထမ်းများဟာ တောက်ပတဲ့အလင်းရောင်အောက်မှာ အပြုသဘောရော အပြက်သဘောရောဆောင်တဲ့ ပြင်းထန်တဲ့ စိတ်ခံစားမှုနှစ်ခုလုံးကို ခံစားရတာကိုတွေ့ရပါတယ်။
(၂) အပြာအလင်းရောင် ဟာ ကျွနိုပ်တို့ကို ပိုမိုခွန်အားပြည့်သလို ခံစားရစေပါတယ်
နေ့ခင်းဘက်တွေမှာ အပြာရောင်အလင်းနဲ့ ထိတွေ့ခြင်းဟာ ကျွနိုပ်တို့ကို အပိုအားအင်တစ်ချို့ပေးနိုင်ပြီး နိုးနိုးကြားကြား ရှိတာကိုလည်းတွေ့ရပါတယ်။
မကြာသေးမှီ က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုတွင် လှိုင်းအလျားတိုတို နှင့် စွမ်းအားမြှင့်တဲ့ အပြာရောင်အလင်းနဲ့ ထိတွေ့တဲ့သူတွေဟာ ပိုမို အကျိုးဖြစ်ထွန်းအလုပ်ဖြစ်တာကို တွေ့ရပါတယ်။
သူတို့ဟာ ထိန်းချုပ်မှု အုပ်စုတွေထက်ပိုပြီး သိမြင်မှုဆိုင်ရာတာဝန်များကို ပိုမို လျင်မြန်စွာနဲ့ ပိုမိုတိကျစွာ လုပ်နိုင်တာကိုလည်း တွေ့ရပါတယ်။ အပြာအလင်းရောင် နဲ့ နာရီဝက်အပြည့် ထိတွေ့ခြင်းဟာ နိုးနိုးကြားကြားရှိခြင်းကို ပိုမိုတိုးလာစေတာကိုလည်း တွေ့ရပါတယ်။
(၃) သို့သော်လည်း အပြာရောင်အလင်းဟာ အိပ်ချိန်နဲ့ ပတ်သတ်ပြီး ပြသာနာရှိနိုင်တာကို တွေ့ရပါတယ်
အပြာအလင်းရောင်ဟာ နေ့အချိန်မှာကျွနိုပ်တို့ကို အလွန်လိုအပ်သော အားအင်တွေပေးနိုင်သော်လည်း ညအချိန်မှာဆိုရင် အိပ်ပျော်ရန် ခက်ခဲစေတာကို တွေ့ရပါတယ်။
အိပ်ရာမဝင်မှီ စမတ်ဖုန်းနဲ့ လက်ပ်တော့မှ အပြာရောင်အလင်းတန်းကို နာရီများစွာ ထိတွေ့ခြင်းဟာ ကျွနိုပ်တို့ ခန္ဓာကိုယ်က အိပ်ပျော်စေနိုင်တဲ့ melatonin ဟော်မုန်းထုတ်လုပ်မှုကို လျော့ကျစေပါတယ်။

ဒါကြောင့်ကျွနိုပ်တို့အိပ်ပျော်ရန် ခက်ခဲစေတာကို တွေ့ရပါတယ်။
သင်ဟာ ညအိပ်ပျော်ဖို့ ရုန်းကန်နေရတဲ့သူဖြစ်ပါက သင်သတိထားမိတဲ့အတိုင်း အိပ်ရေးမဝခြင်းဟာ ဆုံးဖြတ်ချက်ချရာတွင် ချို့ယွင်းချက်ရှိခြင်း နှင့် စိတ်ဖိစီးမှုမြင့်မားမှုမှ သွေးဖိအားမြှင့်မားခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ နှင့် ဇီဝကမ္မဆိုင်ရာ ဘေးထွက်ဆိုးကျိုးများရှိတာကို တွေ့ရပါတယ်။
ဒါကြောင့် အပြာအလင်းရောင်ဟာ မနက်ခင်းမှာ သင့်ကိုကူညီပေးနိုင်ပေမဲ့ ညအိပ်ဝင်ချိန််တိုင်ခင်နာရီအနည်းငယ်အလိုထဲက သင့်လက်ပ်တော့ကို ပိတ်ထားဖို့တော့ အကြံပေးချင်ပါတယ်။
(၄)သဘာဝအလင်းရောင်ဟာ သင့်ကိုပျော်ရွှင်မှုပေးနိုင်ပါတယ်
နေ့ခင်းဘက်တွေမှာ သဘာဝနေရောင်ခြည်အနည်းငယ်ကို ခံစားရတာဟာ ကမ္ဘာကြီးနဲ့သင့်ကို ခြားနားသွားစေသလို ခံစားရစေမှာ အမှန်ဘဲ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် လေ့လာမှုတစ်ခုအရ ပြတင်းပေါက်ရှိတဲ့ ရုံးခန်းတွေဟာ လေ့ကျင့်ခန်း ပိုမိုလုပ်ဖြစ်ပြီး ပြတင်းပေါက်မရှိတဲ့ရုံးခန်းတွေထက် ပိုမိုကောင်းမွန်တဲ့ စိတ်ခံစားချက်ရရှိတာကိုတွေ့ရပါတယ်။
အလုံခန်းတွေမှာ အလုပ်လုပ်ရတာ ထိုင်းမှိုင်းမှု တွေ ဖြစ်စေတာ တွေ့ရပါတယ်
သုတေသီများက သဘာဝအလင်းရောင်ကို ထိတွေ့ခြင်းဟာ ကျွနိုပ်တို့ခန္ဓာကိုယ်အား သဘာဝ circadian စည်းချက်ကို ခံစားမှုရအောင် ကူညီပေးတယ်လို့ ယုံကြည်ကြပါတယ်။
ဒါဟာ ဘယ်အချိန်မှာ နိုးနိုးကြားကြားဖြစ်မယ် ၊ တက်ကြွမှု ဖြစ်မယ် ၊အိပ်ချိန် ခံစားမှုရအောင် ကူညီပေးတာကို တွေ့ရပါတယ်။
(၅) သဘာဝနေ့အလင်းရောင်ဟာ စိတ်ကျရောဂါ၏ လက္ခဏာများကို ကူညီလျော့ချပေးတာကို တွေ့ရပါတယ်
သဘာဝအလင်းရောင်သည် စိတ်ကျရောဂါ၏လက္ခဏာများကိုပင် သက်သာစေနိုင်တာကို တွေ့မြင်ရပါတယ်။
၂၀၁၃ခုနှစ် လေ့လာမှု တစ်ခုအရ သုတေသီတွေရဲ့ တွေ့ရှိချက်အရ ဗီတာမင် D ချို့တဲ့ခြင်း နှင့် စိတ်ကျရောဂါ ခံစားနေရတဲ့ လူများအနေဖြင့် နေရောင်ခြည်ရဲ့ထိတွေ့မှု ခုနှစ်ပတ်လောက်ထိတွေ့စေခြင်းဟာ စိတ်ကျရောဂါ လက္ခဏာကို သိသိသာသာ လျော့ကျသက်သာစေတာ တွေ့နိုင်ပါတယ်။

နောက်ထပ် ၂၀၁၅ လေ့လာမှုတစ်ခုကလဲ ဒီအချက်ကို အတည်ပြုပေးခဲ့တာ တွေ့ရပါတယ်။ အပြင်မှာ နေရောင်တွေ့ထိတွေ့မှု ကို ခံ မည့် အ စား ၂၀၁၅ ခုနှစ် လေ့လာမှုတွင် စေသနာဝန်ထမ်းများသည် အလင်းကုထုံးတွင် ပါဝင်ခဲ့ကြပါတယ်။
ဒီဖြစ်စဥ်မှာ သဘာဝအလင်းရောင်ကို တုပရန် ဒီဇိုင်းပြုလုပ်ထားသော မီးလုံးများနဲ့ ပုံမှန်ရေရှည်ထိတွေ့နိုင်အောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။
သုတေသီများ တွေ့ရှိခဲ့တာက အလင်းကုထုံး နှင့် စိတ်ကျ ရောဂါတိုက်ဖျက်ရေး ကုထုံး တို့ပေါင်းစည်းခြင်းဟာ စိတ်ကျရောဂါကို တစ်ယောက်ထဲ ဖြတ်သန်း ရတာထက် ကုသရာမှာ သိသိသာသာ အကျိုးရှိတာကိုတွေ့ရပါတယ်။
ဟုတ်ပါတယ်။ အလင်းတစ်ခုထဲနဲ့ စိတ်ကျရောဂါကို မကုသနိုင်ပါဘူး။ သို့သော် သုတေသီများက သဘာဝအလင်းရောင်ဟာ ရောဂါလက္ခဏာများကို သက်သာစေနိုင်တဲ့ အသုံးဝင်တဲ့ အရာဖြစ်မယ်ဆိုတာ ယုံကြည်တာကို တွေ့ရပါတယ်။
(၆)အလင်းရောင်ဟာ သင့်ရဲ့အစားစားချင်စိတ်ကို ပေးစွမ်းနိုင်ပါတယ်
လေ့လာတွေ့ရှိချက်များအရ အလင်းရောင်ဟာ ကျွနိုပ်တို့မည်မျှစားတယ် ၊ မည်မျှမြန်မြန်စားတယ်၊ ဘယ်လို အစားအစာအမျိုးအစာကို စားတယ် ၊ အရသာဘယ်လို ခံတယ် ဆိုတာအစ သက်ရောက်မှုရှိတာကို တွေ့ရပါတယ်။
ယေဘုယျအားဖြင့် အလင်းရောင်မှိန်တဲ့ စားသောက်ဆိုင်တွေမှာ စားသောက်ရတာဟာ နှေးပြီး အစားနည်းတာကိုတွေ့ရပါတယ်။
သို့သော်လည်း မှောင်တဲ့စားသောက်ဆိုင်တွေမှာ ကျွနိုပ်တို့ဟာ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားအသောက်တွေကို ပိုမို မှာကြားမိတာကို တွေ့ရပါတယ်။
သုတေသီများက မီးအလင်းရောင်မှိန်တာဟာ သင့် ကိုနိုးကြားမှုနဲ့ စိတ်သက်သာမှုကို လျော့ကျစေတာကြောင့် ဖြစ််မယ်လို့ ယုံကြည်နေကြပါတယ်။

သို့သော် အလင်းရောင်ဟာ ကျွနိုပ်တို့ စားတဲ့ အစားအစာကိုတော့ မထိခိုက်စေပါဘူး။ အရသာဘယ်လိုရှိလဲ ဆိုတာတောင် အကျိုးသက် ရောက် မှု ရှိနိုင်တာကို တွေ့ရပါတယ်။
ဥပမာ – ၂၀၀၉ ခုနှစ် စေတနာ ဝန်ထမ်းတစ်စု၏ လေ့လာမှုတစ်ခုအရ အထူးသဖြင့် ဝိုင်အမှတ်တံဆိပ်တွေ ကြိုက်နှစ်သက် ရွေးချယ်မှုတွင် နောက်ခံ အလင်းရောင်ပေါ် မူတည်နေတာကို တွေ့ရပါတယ်။
ဒါဟာ ဖြစ်နိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် မတူကွဲပြားတဲ့ အလင်းရောင်တွေဟာ ဝိုင်ရဲ့ အရောင်အပေါ် သက်ရောက်မှုရှိသောကြောင့် ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။