စကြဝဠာရဲ့အဝေးမှ ဆွဲငင်အားလှိုင်းများကို ထောက်လှမ်းနိုင်တဲ့ မြေအောက် နက္ခတ်တာရာစင်တာ တစ်ခုဟာ လက်တွေ့ လုပ်ဆောင်မှုတွေ အတွက် ခြေတစ်လှမ်း ပိုနီးစပ်လာပါပြီ။
ယခုဆိုရင် နယ်သာလန်၊ ဂျာမနီနှင့် ဘယ်လ်ဂျီယံ နယ်စပ် အနီးတွင် ၎င်းကို တည်ဆောက်မည် ဆိုပါက အဆိုပါ စီမံကိန်းရဲ့ အကြမ်းဖျင်း ယူရို ၁.၉ ဘီလီယံခန့် ကုန်ကျမည့် ဆောက်လုပ်ရေးကုန်ကျစရိတ်ရဲ့ ယူရိုသန်း ၉၀၀ ခန့်ကို ဒတ်ချ်အစိုးရက ပြီးခဲ့သည့် အပတ်က ပြင်ဆင်ထားကြောင်း ပြောကြားခဲ့ပါတယ်။
အဆိုပါ ကတိကဝတ်ဟာ ဥရောပရဲ့ Einstein Telescope အတွက် ဒတ်ခ်ျအဆိုပြုချက်ကို ပြိုင်ဖက်လေလံများထက် ကျော်လွန်စေတယ်ဟု နယ်သာလန်နိုင်ငံရဲ့ Subatomic Physics ဆိုင်ရာ အမျိုးသားတက္ကသိုလ်မှ ဒါရိုက်တာနှင့် ဒတ်ခ်ျအဆိုပြုချက်ကို ခေါင်းဆောင်သူ Stan Bentvelsen က ပြောကြားခဲ့ပါတယ်။
Black hole တွေကနေ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ အာကာသအတွင်း လှိုင်းဂယက်များကို 2015 ခုနှစ်တွင် Laser Interferometer Gravitational-Wave Observatory (LIGO) မှ ရှာဖွေတွေ့ရှိခဲ့ပြီး 4 ကီလိုမီတာရှည်သော ပြွန်တစ်ခုစီကို L ပုံသဏ္ဍာန်ဖွဲ့စည်းထားသည့် US detector နှစ်ခုစီဖြင့် ထောက်လှမ်းခဲ့ပါတယ်။
လေဆာရောင်ခြည်ကို ပြွန်တစ်ခုစီသို့ လွှတ်ချလိုက်ပြီး တစ်ဖက်စီတွင် ဆိုင်းငံ့ထားသည့် မှန်များပေါ်မှတစ်ဆင့် အလင်းတန်းများရဲ့ ခရီးအချိန်အတွင်း အတက်အကျများကို ရူပဗေဒပညာရှင်များက ရှာဖွေနိုင်ပါတယ်၊၊

LIGO နှင့် Virgo မှ သုတေသီများဟာ အရှည် 3 ကီလိုမီတာရှိသော အီတလီနိုင်ငံရှိ ထောက်လှမ်းရေးကိရိယာတစ်ခုဖြင့် တွင်းနက် ဒါဇင်ပေါင်းများစွာကို ပေါင်းစည်းခြင်းအပြင် နျူထရွန်ကြယ်အတွဲများကြားတွင် တိုက်မိခြင်းများကို စူးစမ်းရှာဖွေထောက်လှမ်းခဲ့ကြပါတယ်။
ယခုအခါ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုရှိ သုတေသီများဟာ စကြဝဠာအများစုကို စစ်တမ်း ကောက်ယူနိုင်သည့် ပိုကြီးသော detectors များအကြောင်း စဉ်းစားနေကြပါတယ်။
အဆန်းပြားဆုံး၊ အိုင်းစတိုင်း အဝေးကြည့်မှန်ပြောင်းဟာဆိုရင် တစ်နှစ်လျှင် ရာနှင့်ချီသော ပေါင်းစည်းမှုများကို ထောက် လှမ်းကြည့်ရှုနိုင်သော စကြဝဠာရဲ့ အလှမ်းဝေးသောနေရာများသို့ ရောက်ရှိနိုင်ပါတယ်။
လတ်တလော တည်ဆောင်မည့် အရှည် 10 ကီလိုမီတာရှိပြီး နှစ်ဖက်ထပ်နေသော L ပုံသဏ္ဍာန် ထောက်လှမ်းသည့် စက်သုံးလုံးဟာ အာကာသအချိန်ပုံပျက်မှုများကို စောင့်ကြည့်မှာဖြစ်ပြီး ၎င်းကို လေနှင့် သွားလာမှု မျက်နှာပြင်မှ အကာအကွယ်ပေးဖို့အတွက် မီတာရာပေါင်းများစွာ ကျောက်ဆောင်များအောက်တွင် နစ်မြုပ်သွားမည်ဟု သိရပါတယ်။
ထောက်လှမ်း ကိရိယာတစ်ခုစီတွင် အအေးခံထားသည့် သုညနီးပါးအထိ အအေးခံ စနစ်တစ်ခုအပါအဝင် လေဆာစနစ် နှစ်ခုပါရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အလွန်ကြီးမားသော တွင်းနက်များ ပေါင်းစည်းခြင်းမှ လှိုင်းအလျားရှည်သော ရောင်ခြည်တွေကိုလည်း အာရုံခံနိုင်စွမ်းရှိပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာလည်း ဥရောပသမဂ္ဂဟာ Einstein Telescope အား သုတေသန အခြေခံအဆောက်အအုံဆိုင်ရာ ဥရောပ မဟာဗျူဟာဖိုရမ်ဟု လူသိများသော အဓိက သိပ္ပံနည်းကျ အဆောက်အအုံများရဲ့ တရားဝင်ဆန္ဒစာရင်းတွင် ထည့်သွင်းခဲ့ပြီး လာမည့် 2 နှစ်မှ 3 နှစ်အတွင်း တရားဝင် အားဖြင့် ပရောဂျက်ကို လေလံတင်မှာ ဖြစ်ပါတယ်။
Bentvelsen က Maastricht၊ Liege နှင့် Aachen မြို့များကြားရှိ အောက်ခံကျောက်လွှာပေါ်တွင် နူးညံ့သောမြေအလွှာရှိကြောင်း ပြောကြားခဲ့ပါတယ်။
အခြေခံအဆောက်အအုံအတွက် အဆိုပြုချက်အသစ်များရဲ့ မကြာသေးမီက အကဲဖြတ်မှုတစ်ခုတွင် နယ်သာလန်အမျိုးသား ရန်ပုံငွေကော်မရှင်က ဒေသရဲ့ ဘူမိဗေဒဆိုင်ရာ အချက်အလက်တွေကို ၎င်းရဲ့အားသာချက်များထဲမှ တစ်ခု အဖြစ် ကိုးကား ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ဒတ်ခ်ျ ဝန်ကြီးအဖွဲ့ဟာ ပြင်ဆင်မှု သုတေသနအတွက် ယူရို 42 သန်းနှင့် ဆောက်လုပ်ရေးအတွက် ယူရို သန်း 870 ပေးဆောင်ဖို့ သဘောတူခဲ့ပါတယ်။
သို့သော် ရန်ပုံငွေရရှိဖို့ ပညာရေးဆိုင်ရာနှင့် ပြည်နယ်အစိုးရ စူးစမ်းလေ့လာရေးအဖွဲ့မှ ကျောထောက် နောက်ခံပြုသူများက အဆိုပါစီမံကိန်းက ဒေသခံကုမ္ပဏီများအနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ထဲ့သွင်းစဥ်းစားဖို့ လိုအပ်တယ်ဟု ဆိုပါတယ်။
Bentvelsen ကတော့ ဒေသတွင်းရှိ ကုမ္ပဏီများနှင့် နည်းပညာကျောင်းများစွာထံမှ “အပြုသဘောဆောင်သော တုံ့ပြန်ချက်” ရှိတယ်ဟု ဆိုပါတယ်။

ဒတ်ချ်လေလံတွင် အိုင်းစတိုင်း အဝေးကြည့်မှန်ပြောင်းကို Sardinia ရှိ Lula မြို့အနီးရှိ သွပ်သတ္တုတွင်းဟောင်း တစ်ခုနှင့် နီးကပ်စွာ ထားရှိမည့် အီတလီပြိုင်ဘက်တစ်ဦးရှိပါတယ်။
၎င်းက ကမ္ဘာပေါ်တွင် ငလျင်လှုပ်ခတ်မှု အငြိမ်သက်ဆုံး နေရာ ၃၀ တွင် တစ်ခု အပါအဝင် ဖြစ်တယ် ဟု အီတလီနိုင်ငံ National Institute of Nuclear Physics မှ Michele Punturo က ဆိုပါတယ်။
Michele Punturo က Einstein Telescope ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဦးဆောင်ပြီး Sardinian အဆိုပြုချက်ရဲ့ သိပ္ပံ ဆိုင် ရာ ညှိနှိုင်းရေးမှူးလည်းဖြစ်ပါတယ်။
သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ထောက်လှမ်းကိရိယာနည်းပညာကို တီထွင်ဖို့နှင့် ဆိုက်ရဲ့ဘူမိဗေဒကို ပိုမိုကောင်းမွန်စွာ စိစစ်ဖို့ ဖေဖော်ဝါရီတုန်းက အီတလီအစိုးရထံ ယူရိုသန်း 100 တောင်းခံခဲ့တယ်ဟု ဆိုပါတယ်။ ဇွန်လတွင် ရလဒ်ကြားရမည်ဟု မျှော်လင့်ထားတယ်ဟု သိရပါတယ်။
Punturo က သီးခြားအစိုးရနှစ်ရပ်က အဆိုပါ စီမံကိန်းကို စိတ်ဝင်စားမှု ပြသနေခြင်းကြောင့် စိတ်အားထက်သန် နေသော် လည်း အာမခံချက် မရှိသေးကြောင်း ဝန်ခံပါတယ်။
သိပ္ပံပညာရှင်ဘုတ်အဖွဲ့က site အခြေအနေကို သုံးသပ်ပြီး လေလံအောင်သူက နိုင်ငံ အစိုးရများအကြား ညှိနှိုင်းမှုများ ပေါ် ထွက်လာသင့်တယ်ဟု ပြောကြားခဲ့ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းကို 2026 သို့မဟုတ် 2027 တွင်စတင်သင့်ပြီး 9 နှစ်အကြာတွင် သိပ္ပံဆိုင်ရာလုပ်ငန်းများ စတင်မှာ ဖြစ်တယ်ဟု ဆိုပါတယ်။
ကြီးကြီးမားမား ကတိကဝတ်ပြုပြီးနောက်တွင်ပင် နယ်သာလန်နိုင်ငံဟာ အခြားဥရောပနိုင်ငံများရဲ့ ထောက်ခံမှုကို တွန်းအားပေးဖို့ လိုအပ်နေပါတယ်။
ဘယ်လ်ဂျီယံနှင့် ဂျာမနီတို့က ပဏာမ လုပ်ငန်းခွင် စုံစမ်း စစ်ဆေးမှုများတွင် ပါဝင်ခဲ့သော်လည်း နယ်သာလန် လေလံကို တရားဝင် ထောက်ခံခြင်း မရှိသေးတာကို တွေ့ရပါတယ်။
ဂျာမနီနိုင်ငံ၊ မက်ဒရစ်မြို့အနီးရှိ ဥရောပအာကာသ နက္ခတ္တဗေဒဌာန အကြီးအကဲ Guther Hasinger ကလည်း ကျောက်မီး သွေး လုပ်ငန်း ကျဆင်းနေသည့် ဂျာမနီအရှေ့ပိုင်းတွင် ဖက်ဒရယ်ရန်ပုံငွေများကို အသုံးပြုကာ Saxony ပြည်နယ်ရှိ နက္ခတ္တဗေဒဆိုင်ရာ စင်တာအသစ်တစ်ခုအတွက် အစီအစဉ်များကို ဦးဆောင်လျက်ရှိပါတယ်။
Guther Hasinger က 2025 လောက်မှာ မျှော်မှန်းထားတဲ့ လုပ်ငန်းနေရာအတွက် ဆုံးဖြတ်ချက်တစ်ခုနှင့် အတူ စီမံကိန်းကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေတာဟာ နှစ်အနည်းငယ် ကြာနိုင်တယ်ဟု ဆိုထားပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။