ကမ်းရိုးတန်းဒေသအများအပြားတွင် ရေအောက် အာရုံခံကိရိယာများစွာရဲ့ ကွန်ယက်တွေဟာ လမ်းကြောင်းရှာဖွေခြင်း နှင့် သဘာဝ ပတ် ဝန်းကျင် ကူညီစောင့်ရှောက်ဖို့ ရည်ရွယ်ချက်ဖြင့် ရေစီးကြောင်းတွေ၊ ဒီရေလှိုင်းတွေ နှင့် ရေ အရည်အသွေး စတဲ့ သတင်းအချက် အလက် တွေကို နေ့စဉ်အမျှ စုဆောင်းပေးလျက်ရှိပါတယ်။
အဆိုပါ ကိရိယာတွေကို စျေးကြီးတဲ့ ဘတ်ထရီတွေ နဲ့ မကြာခဏဆိုသလိုဘဲ လဲလှယ်အစားထိုးပေးရပါတယ်။
စွမ်းအင်အတွက် လေ နဲ့ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုကြပေမဲ့ ရေအောက်စွမ်းအင်အသုံးချမှုကတော့ နည်းပါတယ်။
သမုဒ္ဒရာမျက်နှာပြင်အောက်ရှိ ပင်လယ်ရေညှိတွေ သို့မဟုတ် ပင်လယ်ရေမှော်တွေဟာ ရေစီးနှင့်အတူ အပြန်ပြန်အလှန်လှန် မျောပါစီးနင်းကြပါတယ်။
ယခုအခါ China Dalian Maritime တက္ကသိုလ်မှ သုတေသီတွေဟာ သမုဒ္ဒရာရဲ့ စဉ်ဆက်မပြတ်လှုပ်ရှားမှုကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုပြီး ရေအောက်စက်တစ်ခုမှာ ပင်လယ်မှော်တွေရဲ့ လှုပ်ရှားမှုအတိုင်း အသုံးပြုခဲ့ပါတယ်။

သူတို့ဟာ ပင်လယ်ရေအောက်လှိုင်းတွေကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ဖို့ အတွက် ပင်လယ်ရေမှော်တွေရဲ့ ရွေ့လျားတဲ့ပုံစံကို အတုယူနိုင်တဲ့ ပြောင်းလွယ်ပြင်လွယ် ဓာတ်အားပေးစက်များကို တီထွင်ခဲ့ကြပါတယ်။
အဆိုပါ Triboelectric nanogenerators (TENGs) တွေဟာ အဆက်မပြတ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့အတွက် ထိတွေ့လာတဲ့ မျက်နှာ ပြင်တွေ ပေါ်မှာ မူတည်ပါတယ်။
triboelectric မျက်နှာပြင်တွေ ပြုလုပ်ဖို့အတွက် သုတေသီတွေဟာ လျှပ်ကူးမှင်နဲ့ အုပ်ထားတဲ့ မတူညီတဲ့ပိုလိမာနှစ်ခု ၁.၅ လက်မ နှင့် ၃ လက်မအလွှာနှစ်ခုအကြား ပါးလွှာပြီး အပေါက်သေးသေးလေးတွေပါတဲ့ ရေမြှုပ်နဲ့ တွယ်ဆက်ထားပါတယ်။
ရေမြှပ်ဟာ အဆိုပါ အရာတွေအကြား ပါးလွှာတဲ့ လေဟာကွက်ကို ဖန်တီးပေးပြီး ယူနစ်တစ်ခုလုံးကိုတော့ ရေစိုခံတိပ်ဖြင့် ချိတ်ဆက်ထားပါတယ်။
စမ်းသပ်မှုများအရ ထွက်ပေါ်လာတဲ့ TENG တွေဟာ ရေပေါ်သို့ သွားလိုက်ပြန်လိုက်နှင့် လျှပ်စစ်ကို ထုတ်လုပ်ပေးတယ် ဟုဆိုပါတယ်။

သုတေသီတွေဟာ TENGs တွေက ကမ်းရိုးတန်းဇုန် ရေအောက်ရှိ ရေအောက်ဖိအားတွေမှာဆိုရင် လျှပ်ကူးပစ္စည်းနှစ်ခုကြားရှိ လေထုကွာဟချက် လျော့နည်းသွားတာကို တွေ့ရှိခဲ့ကြပါတယ်။ သို့ပေမဲ့ အဆိုပါ ကိရိယာတွေဟာ လက်ရှိမှာ 100 kPa ဖိအားဖြင့် လျှပ်စစ်ဓာတ် ထုတ်လုပ်ပေးနေဆဲ ဖြစ်ပါတယ်။
နောက်ဆုံးမှာ သုတေသီတွေဟာ TENGs တွေကို ရေအောက်လျှပ်စစ်ဓာတ်အားပေးစက်ရုံ အသေးစားအဖြစ် အသုံးပြုနိုင်တယ်ဆိုတာကို သရုပ်ပြဖို့ လှိုင်းတိုင်ကီကို အသုံးပြုခဲ့ကြပါတယ်။
အဆိုပါ သရုပ်ပြ အသေးစား ရေအောက်လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ LED မီးသီးအလုံး ၃၀ သို့မဟုတ် မှိတ်တုတ်မှိတ်တုတ်မီးပြတိုက်ငယ်က LED မီးချောင်းတစ်ချောင်းအတွက် စွမ်းအင်ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။
ပင်လယ်ရေမှော်နှင့်တူတဲ့ TENGs ဟာ ပင်လယ်ရေကြောင်းအာရုံခံကိရိယာတွေ အပါအဝင် ကမ်းရိုးတန်းဇုန်တွေရှိ ဘက်ထရီတွေအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်တယ်ဟု သုတေသီများက ဆိုပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။