တယ်စလာ လျှပ်စစ်ကား ကုမ္ပဏီဟာ တကမ္ဘာလုံးမှာ နေရာတခု ရနေပြီဖြစ်တဲ့အပြင် သိပ္ပံနှင့် ဆက်စပ်တဲ့သူတိုင်း အီလွန်မက်ခ်ကို သိကြပါတယ်။
အခုပြောပြချင်တာကတော့ Tesla ကုမ္ပဏီ CEO ဖြစ်တဲ့ အီလွန်မက်ခ်နှင့် နာမည်ကျော် စမတ်ဖုန်းနှင့် ကွန်ပျူတာ ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Apple ၏ CEO Tim Cook တို့ကြား ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးပါ။
ဒီအကြောင်းကို Wall Street Journal ၏ သတင်းသမား Tim Higgins ရေးတဲ့ “Power Play: Tesla, Elon Musk and the Bet of the Century” ဆိုတဲ့ စာအုပ်မှ သိခဲ့ရတာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်လောက်မှာ Telsa ဟာ ဘဏ္ဍာရေး ပြသနာနှင့် အခက်အခဲများ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီ့အချိန်မှာ Apple ဟာလည်း Apple Car ထုတ်လုပ်ဖို့ စိတ်ဝင်စားနေတဲ့အတွက် CEO ဖြစ်တဲ့ Tim Cook ဟာ Elon Musk ဆီ ဖုန်းခေါ်ဆို ခဲ့ပါတယ်။
ဖုန်းပြောတဲ့အခါမှာ Elon Musk မှ Tim Cook ကို ကုမ္ပဏီကို ဝယ်လိုပါက ဝယ်နိုင်ပေမယ့် ၎င်းကို CEO ပေးရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Tim Cook ဟာ Elon Musk ၏ တောင်းဆိုမှုကို လိုက်လျောခဲ့ပါတယ်။ ဒါပေမယ့် သူမသိတာက Elon Musk ပြောတဲ့ CEO ဆိုတာ Apple ကုမ္ပဏီရဲ့ CEO ရာထူးကို ပြောတာပါ။
အဲဒါနဲ့ Apple CEO ဖြစ်တဲ့ Tim Cook ဟာ Elon Musk ကို “F*** you” ဟု ဆဲဆိုပြီး ဖုန်းချသွားခဲ့တယ်လို့ သိရပါတယ်။
ဒီဇာတ်လမ်းဟာ တကယ်ဟုတ်လား မဟုတ်လား ဘယ်သူမှမသိပေမယ့် Gizmodo နှင့် LA Times လို ချန်နယ်တွေမှာ ဖော်ပြခဲ့ကြပါတယ်။
၂၀၂၀ နှောင်းပိုင်းလောက်မှာ Musk ဟာ “Model 3 စီမံကိန်းရဲ့ အမှောင်မိုက်ဆုံးနေ့များမှာ ကျွန်တော်ဟာ လက်ရှိ ကုမ္ပဏီတန်ဖိုး ၁၀ ပုံ ၁ ပုံနှင့် Apple ကို ရောင်းချဖို့ Tim Cook နှင့် ဆွေးနွေးဖို့ ကြိုးစားခဲ့ပေမယ့် သူဟာ အစည်းအဝေးလုပ်ဖို့ ငြင်းဆိုခဲ့ပါတယ်” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ၎င်းမှ “Cook နဲ့ ကျွန်တော်ဟာ တယောက်နဲ့ တယောက် တခါမှ စာရေးသားတာ၊ စကားပြောတာမျိုး မရှိခဲ့ပါဘူး” လို့ ငြင်းဆို ခဲ့ဖူးပါတယ်။

ဒီအကြောင်းပါတဲ့ စာအုပ်ကိုရေးသားတဲ့ Higgins ကတော့ “Musk ဟာ ဒီကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် အခွင့်အလမ်းများစွာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူမလုပ်ခဲ့ပါဘူး။ ဒီအဖြစ်အပျက်ဟာ သူရဲ့ ကိုယ်ပိုင်အကောင့်မှ လာတဲ့ စကားတွေ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
တကယ်တော့ Musk ဟာ “Higgins ဟာ သူ့ရဲ့စာအုပ်ကို အတုအယောင်များနှင့် ပျင်းစရာကောင်းအောင် ပြုလုပ်နိုင်ခဲ့တယ်” လို့ တွစ်တာမှာ မှတ်ချက်ပေးဖူးပါတယ်။
ဒီ Tim Cook နှင့် Elon Musk တို့ရဲ့ စကားများခဲ့တဲ့ ကိစ္စကို သူတို့ ၂ ဦးလုံးက တရားဝင် မဟုတ်ပါဘူးလို့ မပြောသရွေ့တော့ ဒါက ပုံပြင်ပဲလား၊ အမှန်ပဲလား သေချာ သိရမှာ မဟုတ်ပါဘူး။ စာအုပ်ထဲမှာတော့ ဒီအကြောင်းအရာက ပါဝင်ခဲ့ပြီးပါပြီ။
Knowledgeworms Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။