အကောင်းဆုံးတီထွင်နိုင်သူကို ဒေါ်လာ သန်း (၁၀၀) ချီးမြှင့်မည့် အီလွန်မက်
News
တက်စလာကုမ္ပဏီ အကြီးအကဲ နှင့် စွန်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး အီလွန်မက် (Elon Musk) က ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုများကို ဖမ်းယူထိန်းချုပ်နိုင်ရန်အတွက် အကောင်းဆုံးသော နည်းပညာတီထွင်နိုင်သူကို ဒေါ်လာသန်း ၁၀၀ ဆုချီးမြှင့်မည်ဟု ဇန်နဝါရီ ၂၂ ရက် ကြာသပတေးနေ့က သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့တာပါ။
ကမ္ဘာကြီးကို ပူနွေးစေသော ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုများကို ဖမ်းယူထိန်းချုပ်ခြင်းဟာရာသီဥတုပြောင်းလဲမှုကို စစ်ဆေးရန်အတွက် အစီအစဉ်များစွာ၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့လဲ ဆိုပါတယ်။ သို့သော် ယနေ့ ခေတ် နည်းပညာတိုးတက်မှုမှာ အနည်းငယ်သာရှိခဲ့ပြီး လေထုထဲကို ကာဗွန်ထုတ်လွှတ်ခြင်းထက် ကာဗွန်ထုတ်လွှတ်မှုများ လျှော့ချရေးကိုသာ အာရုံစိုက်နေရတယ်လို့လဲ သူကဆိုပါတယ်။
နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ကလည်း ကမ္ဘာ့နိုင်ငံများအနေဖြင့် ကာဗွန်ထုတ်လွှတ်မှု သုညအထိရောက်ရှိရန် နှင့် ရည်မှန်းချက်များကိုပြည့်မီရန် ကာဗွန်ဖမ်းယူထိန်းချုပ်ရေးနည်းပညာ သိသိသာသာမြင့်တက်လာရန်လိုအပ်ကြောင်း ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက ပြောကြားခဲ့ပါသေးတယ်။
အကောင်းဆုံးကာဗွန်ဖမ်းဆီးထိန်းချုပ်ခြင်း နည်းပညာအတွက် ဆုကြေးငွေ ဒေါ်လာ သန်း ၁၀၀
ကို လှူဒါန်းပြီးဖြစ်တယ်လို့လဲ အီလွန်မက်က သူ၏တွစ်တာတွင်ရေးသားခဲ့တာပါ။ အသေးစိတ်အချက်လက်များကို လာမည့် သီတင်းပါတ်တွင် ထုတ်ပြန်ပေသွားမည်ဖြစ်ကြောင်းလဲ ရေးထားပါတယ်။
အမေရိကန်သမ္မတအသစ် ဂျိုးဘိုင်ဒန်ကလည်း ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ရန် သူ၏အစီအစဉ်တစ်ခုတွင် တစ်စိတ်တစ်ပိုင်းအနေဖြင့် ကာဗွန်ဖမ်းယူထိန်းချုပ်သည့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်မည်ဟုကတိပြု ပြောကြားပြီးနောက် ကာဗွန်ဖယ်ရှားရေးနည်းပညာကျွမ်းကျင်ပညာရှင် ဂျနီဖာဝီလ်ကော့စ် ကို အမေရိကန် စွမ်းအင်ဌာနရှိ ကျောက်ဖြစ်ရုပ်ကြွင်း စွမ်းအင်ဌာန လက်ထောက်အတွင်းရေးမှူးအဖြစ်ခန့်အပ်ခဲ့ပါတယ်။
ZawGyi
Content Protection by DMCA.com
Leave a Reply
Your email address will not be published. Required fields are marked *