ရုရှားဘက်မှ နိုင်ငံတကာ အာကာသစခန်းအား ပတ်လမ်းအတွင်း ပုံမှန် တွန်းတင်မှု ပြုလုပ်ပေးသည့် ယာဉ်အား ရပ်ဆိုင်းပြီး ကမ္ဘာပေါ်သို့ ပြုတ်ကျသွားနိုင်ကြောင်း ခြိမ်းခြောက်မှုကို သိရှိပြီးကြပြီး ဖြစ်ပါတယ်။
ဒီ့အတွက် စိုးရိမ်မှုတွေလည်း ရှိနေကြပေမယ့် SpaceX CEO ဖြစ်တဲ့ Elon Musk က ဒီပြဿနာကို အဓိက ဖြေရှင်းပေးနိုင်ဖွယ် ရှိနေပါတယ်။
အမေရိကန်နှင့် မဟာမိတ် နိုင်ငံများဟာ ရုရှား၏ ယူကရိန်း ထိုးစစ်ကို ရပ်တန့်နိုင်ရန်အတွက် စီးပွားရေး ပိတ်ဆို့မှု အများအပြားကို လုပ်ဆောင်နေပါတယ်။

လက်ရှိတွင် ရုရှားဘဏ်များအား နိုင်ငံတကာ ငွေလွှဲပြောင်းမှု စနစ် SWIFT မှ ဖယ်ရှားပြီးလည်း ဖြစ်ပါတယ်။
SWIFT အကြောင်းကို “ရုရှားအား ကမ္ဘာ့ ငွေလွှဲစနစ် SWIFT မှ ပိတ်ဆို့မှု အလုပ်ဖြစ်နိုင် မဖြစ်နိုင်နှင့် SWIFT အကြောင်း” တွင် အသေးစိတ်ဖော်ပြပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ရုရှား အာကာသ အေဂျင်စီကိုလည်း အာကာသစီမံကိန်းများနှင့် ပတ်သက်သည့် ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေကိုလည်း လွန်ခဲ့တဲ့ တပတ်က အမေရိကန်မှ ပြုလုပ်ခဲ့ပါတယ်။
ထိုအခါ Roscosmos ၏ ဦးဆောင် ညွှန်ကြားရေးမှူး ဖြစ်တဲ့ Dmitry Rogozin မှ စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ပါက အမေရိကန် သို့မဟုတ် ဥရောပသို့ နိုင်ငံတကာ အာကာသစခန်း ပြုတ်ကျလာနိုင်ချေကို ဘယ်လို ကယ်တင်မှာလဲလို့ မေးခွန်းထုတ်လာပါတယ်။

အမေရိကန်ဟာ ၂၀၁၄ ခုနှစ်ကတည်းက ရုရှားတို့ကို ဓာတ်ရောင်ခြည်ဒဏ်ခံနိုင်သည့် အာကာသအတွင်းသုံး မိုက်ခရို အီလက်ထရွန်းနစ် ပစ္စည်းများကို အသုံးပြုခွင့် ပိတ်ဆို့ထားခဲ့တာပါ။
ဒါပေမယ့် ရုရှားဟာ ၎င်း၏ ကိုယ်ပိုင် အာကာသယာဉ်ကို ဖန်တီးပြီး လိုအပ်သည့် အစိတ်အပိုင်းများကို ကိုယ်တိုင် ဆက် လက် ထုတ်လုပ်ခဲ့ပါတယ်။
ရုရှားဘက်မှ သမ္မတ ဘိုင်ဒင်ဟာ အာကာသ စီမံကိန်းများ၏ ရှုပ်ထွေးမှုကို သတိမထားဘဲ ပူးပေါင်းဆောင်ရွက်မှုများကို ပိတ်ဆို့သည့်အတွက် နိုင်ငံတကာ အာကာသစခန်းတွင် အသုံးပြုနေသည့် ရုရှား အင်ဂျင်များကို အသုံးပြုခွင့် ဆုံးရှုံးမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အာကာသ စခန်းဟာ ရုရှားပေါ်မှ ဖြတ်သန်း ပျံသန်းနေတာ မဟုတ်တဲ့အတွက် တန် ၅၀၀ လောက်ရှိတဲ့ ဒီအရာဟာ ဥရောပ သို့မဟုတ် အမေရိက သို့ ပြုတ်ကျသွားနိုင်တယ်လို့ ဆက်လက်ပြီး ခြိမ်းခြောက်သလို ပြောဆိုခဲ့ပါတယ်။
အဲဒီ့အတွက် Elon Musk ရဲ့ တုန့်ပြန်မှုဟာ ရိုးရှင်းပါတယ်။

ရုရှား၏ Twitter တွင် ပြောဆိုနေသည့် post အောက်တွင် SpaceX logo လေးကိုသာ reply ပြန်ပြီး အရိုးရှင်းဆုံး တုန့်ပြန်ခဲ့တာပါ။
ဆိုလိုတာကတော့ သူ့အနေဖြင့် ကောင်းကောင်း ဖြေရှင်းနိုင်တယ်ဆိုတာ ယုံကြည်မှု အပြည့်ရှိကြောင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။
NASA အတွက် လပေါ်ကို လူစေလွှတ်မည့် စီမံကိန်းအတွက် ယုံကြည်အားကိုးနေရသည့် SpaceX အတွက် ယခုလို နိုင် ငံတကာ အာကာသစခန်း ကိစ္စနှင့် ပတ်သက်သည့် အခက်အခဲများကို ကူညီနိုင်မယ်ဆိုတာ အံ့ဩစရာတော့ မရှိပါဘူး။
အာကာသယာဉ် လမ်းကြောင်းများပြောင်းလဲ ထိန်းကျောင်းခြင်း၊ ရော့ကတ်အင်ဂျင်များ ပြသခြင်း နှင့် အာကာသအတွင်း အခြားအရာများနှင့် တိုက်မိမှုမှ ရှောင်ရှားခြင်းတို့ဟာ SpaceX ၏ အနှစ်သက်ဆုံး အရာဖြစ်လာကောင်း ဖြစ်လာမှာပါ။
Elon Musk ဟာ အင်တာနက် အခက်အခဲဖြစ်နေတဲ့ ယူကရိန်းကို ၎င်း၏ Starlink အင်တာနက် ဝန်ဆောင်မှုအား ထောက်ပံ့ပေးခဲ့ပါသေးတယ်။
ဒါ့ကြောင့် နိုင်ငံတကာ အာကာသစခန်းနှင့် ပတ်သက်ပြီး လက်တလော အခြေအနေတွေဟာ ပြဿနာသိပ် မရှိသေးဘူးလို့ ယူဆရမှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။