podcaster တစ်ယောက်ဖြစ်တဲ့ Lex Fridman နဲ့ နှစ်နာရီခွဲလောက် ကြာမြင့်တဲ့ အင်တာဗျူးတစ်ခုမှာ Musk ဟာ လူသားတွေကို အင်္ဂါဂြိုဟ်ပေါ် ပို့ဆောင်ပေးမည့် ကိစ္စနဲ့ ပတ်သတ်ပြီး သူရဲ့ ခန့်မှန်းချက်ကို ပြောဆိုခဲ့ပါတယ်။
အင်္ဂါဂြိုဟ်ပေါ်ကို လူသားများ ဆင်းသက်နိုင်မယ့် အချိန်ကို မေးတဲ့အခါ Musk က “အခြေအနေကောင်းရင် ငါးနှစ်၊ နည်းနည်းဆိုးရင်တော့ ၁၀ နှစ်ပဲ” ဟု ပြန်ဖြေခဲ့ပါတယ်။
SpaceX အနေနဲ့ ရင်ဆိုင်ရမယ့် အကြီးမားဆုံး အတားအဆီးက အလေးချိန် တန်ချိန်ဖြစ်ပြီး ပတ်လမ်းထဲကတဆင့် အင်္ဂါဂြိုလ်သို့ ကောင်း မွန်စွာ သွားနိုင်ဖို့ ပိုမို ကောင်းမွန်အောင် လုပ်ဆောင်နေပြီ ဖြစ်တယ်ဟု Musk က ဆိုပါတယ်။
Starship ဟာ လုပ်ဖူးသမျှထဲမှာ အရှုပ်ထွေးဆုံးနှင့် အဆင့်မြင့်ဆုံး ဒုံးပျံဖြစ်ပြီး၊ Starship ကို ပိုမို ကောင်းမွန်အောင် ပြုလုပ်ခြင်းဟာ အင်္ဂါ ဂြိုလ်ပေါ်သို့ သွားတဲ့အခါမှာ ကုန်ကျစရိတ် သက်သာမှာဖြစ်တယ် ဟု Musk က ဆိုပါတယ်။
လောလောဆယ်မှာ ဒေါ်လာ ၁ ထရီလီယံနဲ့ အင်္ဂါဂြိုလ်ပေါ်ကို မရောက်နိုင်သေးပါဘူး။

ဒါကြောင့် Musk ဟာ Starship လည်ပတ်မှု ကုန်ကျစရိတ်ကို တစ်နှစ်လျှင် ဒေါ်လာ ၁၀၀ ဘီလီယံ ကနေ ၂၀၀ ဘီလီယံခန့် အထိ လျှော့ချနိုင်ဖို့ မျှော်လင့်နေတယ်ဟု ဆိုပါတယ်။
၂၀၂၀တုန်းက NASAဟာ Mars Perseverence Rover ကို အင်္ဂါဂြိုလ် စူးစမ်းလေ့လာရေး စီမံကိန်း အတွက် ဘတ်ဂျက်ငွေ ဒေါ်လာ ၅၄၆.၅ သန်းခန့် ရရှိခဲ့ပါတယ်။
၂၀၂၁ မှာ Musk ဟာ Space X အတွက် ရန်ပုံငွေ အမြောက်အများ ရရှိတဲ့အတွက်ကြောင့် Artemis စီမံကိန်း အတွက် ဒေါ်လာ ၆.၈၈ ဘီလီယံ အသုံးပြုခဲ့ပါတယ်။
NASA ရဲ့ ၂၀၂၁ အတွက် လည်ပတ်မှု ဘတ်ဂျက် တစ်ခုလုံးဟာ ဒေါ်လာ၂၅ ဘီလီယံအောက်သာ ရှိခဲ့ပါတယ်။
Musk ဟာ ထပ်ပြီး ချဲ့ကားပြောဆိုနေတာလား။
Musk ဟာ အလွန်အကျွံ ကတိပေးခြင်းကြောင့် ကျော်ကြားနေပြီး အထင်ရှားဆုံး ဥပမာအနေနဲ့ Tesla ကတောင် ပုံကြီးချဲ့တယ်လို့ ဝန်ခံထားတဲ့ Tesla လျှပ်စစ်ကားတွေမှာ အပြည့်အဝ အလိုအလျောက် မောင်းနှင်နိုင်တဲ့ နည်းပညာအကြောင်း ဖြစ်ပါတယ်။
ဒါဆို SpaceX ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး Musk ရဲ့ ပြောဆိုချက်တွေဟာ ဘာကြောင့် ကွဲပြားနေတာလဲ။
SpaceX ဟာ အံ့သြဖွယ်ကောင်းလောက်အောင် အင်ဂျင်နီယာ စွမ်းရည်များကို တိုးတက်မှုတွေရအောင် ဆက်လက် လုပ်ဆောင်နေပြီး ဆန်းသစ် တီထွင်မှုများထဲမှ အများစုက ဂြိုလ်တုတွေကို ပတ်လမ်းထဲမှာ နေရာချထားခြင်းတွေနှင့် နိုင်ငံတကာ အာကာသ စခန်းနှင့် ချိတ်ဆက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

Starship ဟာ လာမည့်နှစ်မှာ စတင်မည့် ပတ်လမ်းပျံသန်းမှုများနှင့် အတူ အာကာသထဲသို့ပင် မရောက်ရှိနိုင်သေးပါဘူး။
လောလောဆယ် Starship ဟာ အာကာသလွှတ်တင်ခြင်းအထိ သက်သေ မပြနိုင် သေးပေမယ့် နောက်ဆုံးမှာ အောင်မြင်မှာ ဖြစ်တယ်ဟု ယူဆနေကြပါတယ်။
သို့ပေမယ့်လည်း အင်္ဂါဂြိုလ် မစ်ရှင်ကို အလေးအနက် မစဉ်းစားမီ ကြားထဲမှာ ထိရောက်စွာ လုပ်ဆောင် ရမယ့် မစ်ရှင် များစွာ ရှိပါသေးတယ်။
အဆိုပါ မစ်ရှင်များထဲမှ အကြီးမားဆုံးတစ်ခုက ၂၀၂၅ ခုနှစ်မှာ Artemis လို့ခေါ်တဲ့ လပေါ်သို့ ဆင်းသက်ရန် အတွက် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် လပေါ်ကို ဆင်းသက်ပြီး နောက် ၅ နှစ်ကြာမှ အင်္ဂါဂြိုဟ်ပေါ်ကို ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သတ်ပြီး မေးခွန်း ထုတ်စရာ မဟုတ်ပေမယ့် ရည်မှန်းချက်ကြီးတာတော့ သေချာပါတယ်။
SpaceX ရဲ့ Starship ဟာ ကမ္ဘာပတ်လမ်းကြောင်းထဲသို့ မရောက်ရှိသေးသော်လည်း ဒါနဲ့ပတ်သတ်ပြီး သံသယဝင်သူတွေအနေနဲ့ မှားယွင်းကြောင်း ထပ်ခါတလဲလဲ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။
ဒါတွေအပြင် အင်္ဂါဂြိုလ်ပေါ်သို့ ဆင်းသက်ကာ စူးစမ်း လေ့လာတဲ့ လူသားတွေ နှင့် အင်္ဂါဂြိုဟ်ကို နယ်ချဲ့ နေထိုင်တဲ့ လူသားတွေကို ကျွန်ုပ်တို့အနေနဲ့ မရောထွေးသင့်ပါဘူး။
NASA ဟာ ၂၀၃၁ ခုနှစ်မှာ လပေါ်မှာ အမြဲတမ်း အခြေစိုက် စခန်းတစ်ခု ရှိဖို့ မျှော်လင့်ထားပြီး ဒါဟာ အင်္ဂါဂြိုလ်ကို သွားမည့် ခရီးရှည်အတွက် ပိုပြီး အထောက်အကူဖြစ်တယ်ဟု ဆိုပါတယ်။

ဒါ့အပြင် အင်္ဂါဂြိုဟ်မျက်နှာပြင်မှနေပြီး လပေါ်ကို ပြန်လည်လွှင့်တင်ခြင်းဟာ တအား ခက်ခဲမှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။
လရဲ့ ဆွဲငင်အားဟာ ကမ္ဘာမြေဆွဲအားရဲ့ ၁၆.၆၇ ရာခိုင်နှုန်းခန့်ရှိပြီး အင်္ဂါဂြိုဟ်ရဲ့ ဆွဲငင်အားကတော့ ကမ္ဘာ့ဆွဲငင်အားရဲ့ ၃၈ ရာခိုင်နှုန်းခန့် ဖြစ်တဲ့ အတွက်ကြောင့် အင်္ဂါဂြိုဟ်ရဲ့မျက်နှာပြင်ကနေ ပြန်လည် လွှတ်တင်ခြင်းဟာ လပေါ်ကနေ လွှတ်တင်တာထက် အမြန်နှုန်း နှစ်ဆ လိုအပ်မှာ ဖြစ်ပါတယ်။
SpaceX ဟာ Starship ရဲ့ ကောင်းမွန်စွာ ပျံသန်းဆင်းသက်နိုင်ဖို့အတွက် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်ထားတဲ့အတွက်ကြောင့် လာမည့်နှစ်အတွင်း ပတ်လမ်းကြောင်း ပျံသန်းပြီးနောက် ၂၀၃၁ ခုနှစ်မှာ အင်္ဂါဂြိုဟ်ပေါ်သို့ လူသားတွေ ဆင်းသက်ဖို့ အတွက် အဆင်သင့် ဖြစ်နေမှာ ဟုဆိုပါတယ်။
နောက်ဆယ်စုနှစ်တစ်ခုအတွင်း အရေးကြီးတဲ့ မစ်ရှင်များစွာကို မှန်ကန်စွာအကောင်အထည်ဖော်နိုင်ဖို့ လိုအပ်သော်လည်း Musk ရဲ့ ခန့်မှန်းချက်အတိုင်း လုပ်ဆောင်ဖို့ စီစဉ်ထားပါက SpaceX အနေနဲ့ တခြား လုပ်ဆောင်ချက် မစ်ရှင်တွေကို ခဏရပ်တန့်ဖို့ လိုတာတော့ အသေအ ချာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။