ဒေါ်လာ ၆ ဘီလီယံနဲ့ ကမ္ဘာ့ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကုလသမဂ္ဂအရာရှိတွေက သက်သေပြနိုင်ခဲ့ပါက Tesla စတော့ရှယ်ယာများကို ရောင်းချမည်ဟု ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk မှ ပြောကြားလိုက်ပါတယ်။
ဟုတ်ပါတယ်။ Tesla နှင့် SpaceX အမှုဆောင်အရာရှိချုပ် Elon Musk က ကမ္ဘာ့ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ကို ဖြေရှင်းဖို့အတွက် ရန်ပုံငွေနဲ့ ပတ်သတ်ပြီး တိကျတဲ့ သက်သေအထောက်အထားများ ပြနိုင်မယ်ဆိုပါက စတော့ရှယ်ယာများကို ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။
ကမ္ဘာ့ စားနပ် ရိက္ခာအစီအစဉ် ဒါရိုက်တာ David Beasley ရဲ့ ယခုလအစောပိုင်းတွင် ပြောကြားခဲ့တဲ့ အခိုင်အမာပြောဆိုချက်ကို တုံ့ပြန်တဲ့အနေနဲ့ Musk က သူ့ရဲ့ ထင်မြင်ယူဆချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ ငတ်မွတ်ခေါင်းပါးမှု ပြဿနာကို ဒေါ်လာ ၆ ဘီလီယံနဲ့ ဖြေရှင်းပေးမည်ဟု Beasley က အခိုင်အမာပြောကြားထားပါတယ်။
Beasley အနေနဲ့ ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရမည်ကို အတိအကျ ပြနိုင်ခဲ့ပါက ရန်ပုံငွေ ပံ့ပိုးပေးမယ်ဟု သဘောတူထားကြောင်း Musk က တနင်္ဂနွေနေ့တုန်းက twitter မှာ ပြောကြားတာ ဖြစ်ပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ ‘open source accounting’ ကို အသုံးပြုရန်လည်း လိုအပ်ပြီး အဖွဲ့အနေနဲ့ ‘ငွေကို ဘယ်လို သုံးစွဲခဲ့တယ် ‘ ဆိုတာကို အတိအကျ ဖော်ပြနိုင်ဖို့လည်း လိုအပ်ပါတယ်။
Tesla နှင့် SpaceX အမှုဆောင်အရာရှိ Muskဟာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ၎င်းရဲ့ရန်ပုံငွေတွေကို ဘယ်လိုအသုံးပြုတယ်ဆိုတာကို လူသိရှင်ကြား ထုတ်ဖော်ရမည်ဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။
‘open source accounting’ အသုံးပြုမယ်ဆိုရင် ငွေကို ဘယ်လို သုံးစွဲသလဲဆိုတာကို အတိအကျသိနိုင်တယ် ဟု Musk က ထပ်မံပြောကြားခဲ့ပါတယ်။

Tesla နှင့် SpaceX အမှုဆောင်အရာရှိချုပ် Elon Musk က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သို့ ဒေါ်လာ ၆ ဘီလီယံ ထောက်ပံ့ဖို့ စတော့ ရှယ် ယာများကို ရောင်းချမည်ဟု ပြောကြားခဲ့ပြီး ရန်ပုံငွေတွေဟာ ကမ္ဘာ့ ငတ်မွတ်ခေါင်းပါးမှု ကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေကြောင်း ဒါရိုက်တာ David Beasley က သက်သေပြနိုင်လိမ့်မည် ဟုဆိုပါတယ်။
Musk ရဲ့ တွစ်တာမှာလည်း WFP ရဲ့ အမှုဆောင်ဒါရိုက်တာ David Beasley ရဲ့ မှတ်ချက်ကို တုံ့ပြန်ထားပြီး ဘီလျံနာများအနေနဲ့လည်း ကူညီပေးဖို့ တိုက်တွန်းထားပါတယ်။
‘အစိုးရတွေက မလွယ်ပါဘူး။ အဲဒါကြောင့် ဘီလျံနာတွေအနေနဲ့ တစ်ကြိမ်တည်းနဲ့ အလုံးလိုက်အရင်းလိုက် ထောက်ပံ့နိုင်ဖို့ လိုအပ်တယ်” ဟု အင်္ဂါနေ့တုန်းက CNN နှင့် အင်တာဗျူးတစ်ခုမှာ Muskက ပြောကြားခဲ့ပါတယ်။
‘တကယ်လို့ သူတို့လက်လှမ်းမမီရင် အသက်ဆုံးရှုံးရမည့် လူ ၄၂ သန်းကို ကူညီဖို့ ဒေါ်လာ ၆ ဘီလျံက မများပါဘူး ‘ဟုလည်း ဆိုပါတယ်။
Beasley က ဆက်လက်ပြီး ‘ဒါက ကြေကွဲစရာပါပဲ။ နေ့တိုင်း၊ အပတ်တိုင်း၊ နှစ်တိုင်း ဒီလိုထောက်ပံ့ပေးဖို့ မတောင်းဆိုပါဘူး။ ကျွနိုပ်တို့ဟာ COVID နဲ့ ရာသီဥတုပြောင်းလဲမှုတို့ ပေါင်းစပ်ပြီး တစ်ကြိမ်ထဲနဲ့ ကပ်ဆိုက်ကာလကို ရင်ဆိုင်နေရပါတယ်။ ဒါဟာ သဘာဝတရားကြီးရဲ့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ ´ ဟုဆိုပါတယ်။
ယခုလအစောပိုင်းတုန်းက WFP ဒါရိုက်တာ David Beasleyရဲ့ အင်တာဗျူးမှာ ဒေါ်လာ ၃၀၂ ဘီလီယံ နှင့် ဒေါ်လာ ၁၉၉ ဘီလီယံ အသီးသီးရှိတဲ့ Musk နှင့် Amazon တွဲဖက်တည်ထောင်သူ Jeff Bezos တို့အား ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုပြဿနာကို ကူညီပေးဖို့ တောင်းဆိုထားတယ် ဟု ဆိုပါတယ်။
Beasley ဟာ Musk ကို Amazon တည်ထောင်သူ Jeff Bezos ကိုကျော်တက်ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သွားတဲ့အတွက် ဂုဏ်ယူကြောင်း တွမ်တာမှာ ယခင်လအစောပိုင်းတုန်းက ရေးသားဂုဏ်ပြုခဲ့ပါသေးတယ်။
Beasleyက Musk ရေ တစ်သက်မှာ တစ်ကြိမ်ရတဲ့ အခွင့်အရေးတစ်ခုပေးမယ်၊ ဒေါ်လာ ၆.၆ ဘီလီယံ နဲ့ လူပေါင်း ၄၂ သန်းကို ငတ်မွတ် ခေါင်းပါးမှုကနေ ကယ်တင်ဖို့ ကူညီပါ!! ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။
Beasley တောင်းဆိုထားတဲ့ ဒေါ်လာ ၆.၆ ဘီလီယံဟာ Musk ၀င်ငွေရဲ့ ခန့်မှန်းခြေ ၂ ရာခိုင်နှုန်းသာရှိပါတယ်။

ဒါတွေအပြင် ပြီးခဲ့တဲ့ သီတင်းပတ်က လျှပ်စစ်-မော်တော်ကားကုမ္ပဏီ Tesla ဟာ ဒေါ်လာ ၁ ထရီလီယံကျော် တန်ဖိုးရှိတဲ့ လျှပ်စစ်စွမ်းအင်သုံးကားပေါင်း တစ်သိန်းကို ရောင်းချဖို့ ကုမ္ပဏီအုပ်စုတစ်ခုနှင့် ပူးပေါင်းခဲ့ပါတယ်။
Musk ဟာ ယခုအခါ ကမ္ဘာပေါ်တွင် ဒုတိယအချမ်းသာဆုံး Bezos ထက် ဒေါ်လာ ၁၀၀ ဘီလီကျော်လောက် ပိုချမ်းသာနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အီဂျစ်၊ ပေါ်တူဂီ၊ ချက်သမ္မတနိုင်ငံ၊ ဂရိ၊ ကာတာနှင့် ဖင်လန်တို့ကဲ့သို့ နိုင်ငံတွေရဲ့ နှစ်စဉ် GDP ထက် ပိုမို တန်ဖိုး ရှိနေပြီ ဖြစ်ပါတယ်။
သူ့ ရဲ့တန်ဖိုးဟာ Dallas Cowboys ၊ New York Yankees ၊ New York Knicks အပါအဝင် Forbes ရဲ့ ပေါင်းစပ်တန်ဖိုးထက်ပင် ကျော်လွန်နေပါတယ်။
Musk ဟာ ကမ္ဘာ့ပထမဆုံး ထရီလျံနာဖြစ်မည်ဟု ကျွမ်းကျင်သူများက မကြာသေးမီက ခန့်မှန်းခဲ့ကြပြီး ဒါဟာ Tesla ထက် သူရဲ့ SpaceX အကျိုးအမြတ်က လာလိမ့်မည် ဟု သုံးသပ်ကြပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။