အခွန်မဆောင်ဘဲ အင်္ဂါဂြိုဟ်ပေါ် လူတွေ ဇွတ်ပို့ ချင်နေတဲ့ Elon Musk

Business News

Elon Musk က သူ့ရဲ့ စည်းစိမ်တွေကို အခွန်ဆောင်ရာတွင် အသုံးမပြုလိုဘဲ လူသားတွေကို အင်္ဂါဂြိုဟ်သို့ ပို့ဆောင်ရာတွင် အသုံးပြုလိုကြောင်း ပြောကြားခဲ့ပါတယ်။

Tesla ရဲ့ အမှုဆောင်အရာရှိချုပ် Elon Musk ဟာ ယခုသီတင်းပတ်အစောပိုင်းတွင် ဘီလီယံနာတွေ အခွန်ဆောင်ဖို့ အစီအစဉ် အပေါ် ဝေဖန်လိုက်တဲ့အခါ တုန်လှုပ်ချောက်ချားစရာတော့ ဖြစ်မလာပါဘူး။

ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဘီလီယံနာဟာ သူ့ရဲ့ ကြီးမားလှတဲ့ ကြွယ်ဝချမ်းသာမှုအတွက် လူသားမျိုးနွယ်ကို အပြန်အလှန် သွားလာလို့ ရတဲ့ ဂြိုဟ်ဖြစ်အောင် ပြုလုပ်မယ့် အခြားရည်မှန်းချက်တွေ ရှိပါတယ်။

ကျွန်တော့်ရဲ့ အစီအစဉ်က လူသားတွေကို အင်္ဂါဂြိုဟ်ဆီ ရောက်ဖို့နဲ့ အသိဥာဏ်အလင်းကို ထိန်းသိမ်းဖို့ ပိုက်ဆံကို အသုံးပြုဖို့ပါပဲလို့ Musk က တွစ်တာတွင် ရေးသားခဲ့ပါတယ်။

Tesla ဟာ ယခုသီတင်းပတ်အတွင်း အငှားကားကုမ္ပဏီ Hertz နဲ့ သဘောတူညီချက်ကြီး ကြောင့် Musk ရဲ့ ကိုယ်ပိုင်အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၃၀၀ ဘီလီယံကျော်အထိ ရောက်ရှိသွားတာပါ။

ရှင်းရှင်းလင်းလင်းပြောရလျှင် အများစုမှာ ရှယ်ယာတွေ ကြောင့် ဖြစ်သော်လည်း လုံးဝညစ်ညမ်းတဲ့ ငွေကြေးပမာဏတစ်ခု ဖြစ်ပါတယ်။

Musk ဟာ အလွန် ချမ်းသာသူတွေက ဤမျှလောက်သာ ပေးချေနိုင်တယ်ဆိုတဲ့ သာမာန် ရှေးရိုးစွဲ ပြောဆိုတဲ့အချက်ကို အသုံးပြုခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ကြွေးမြီက ဒေါ်လာ ၂၈,၉၀၀ ဘီလီယံ ဒါမှမဟုတ် အခွန်ထမ်း တစ်ဦးအတွက် ဒေါ်လာ ၂၂၉,၀၀၀ အကြွေးတင်နေတာ ဖြစ်ပါတယ်။

သန်းကြွယ်သူဌေးတွေအားလုံးကို ၁၀၀ ရာခိုင်နှုန်း အခွန်ကောက်တာတောင်မှ အဲဒီအရေအတွက်က နည်းနည်းလေးပဲ ဖြစ်ဖြစ်သွားတာဆိုတော့ ကျန်တဲ့ဟာတွေက သာမန် ပြည်သူတွေဆီကနေ လာရမှာပေါ့။

ဒါက အခြေခံသင်္ချာပဲ လို့ Musk က တွစ်တာတွင် ပြောဆိုထားပါတယ်။

ရယ်စရာကောင်းတာက Musk ဟာ Fortune က ထောက်ပြထားတဲ့အတိုင်း ၂၀၁၀ ခုနှစ်မှာ US Energy Department က ချေးငွေ ဒေါ်လာ ၄၆၅ သန်း အပါအဝင် သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ ကြီးထွားလာဖို့အတွက် အစိုးရအသုံးစရိတ်ကို မကြာခဏ မှီခိုနေရပါတယ်။

ထို့အပြင် NASA ရဲ့ Human Landing System ဟာလည်း လဆင်းယာဉ်ကို တီထွင်ရန်အတွက် SpaceX ကို ဒေါ်လာ ၂.၉ ဘီလီယံ စာချုပ်ဖြင့် နှစ်ပေါင်းများစွာ ပေးချေခဲ့ပြီး ဖြစ်ပါတယ်။

Musk မှာ နောက်ဆုံး ရယ်မောစရာရှိသော်လည်း သူ့ရဲ့ တွစ်တာတွေကြောင့် မဟုတ်ပါဘူး။

ဘီလီယံနာတွေကို အခွန်ကောက်ခံမှု အစီအစဉ်ဟာ ဒီမိုကရက်တစ်ပါတီတွင်းမှ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ၎င်းကို တုန်လှုပ်ချောက်ချားစေပါတယ်။

SpaceX အမှုဆောင်အရာရှိချုပ်က လူသားတွေ ပြီးမြောက်အောင်မြင်နိုင်တဲ့ အကောင်းဆုံးအရာက တခြားဂြိုလ်တွေ အထူးသဖြင့် အင်္ဂါဂြိုဟ်ပေါ်မှာ အခြေစိုက်စခန်းတွေ ထူထောင်ဖို့ ဖြစ်တယ်လို့ ကာလရှည်ကြာ ထင်မြင်ယူဆခဲ့ပါတယ်။

ဒါပေမယ့် Musk က ကမ္ဘာမြေအကြောင်း မေ့သွားပြီလား။

သူ့ရဲ့ ကြီးမားလှတဲ့ ချမ်းသာကြွယ်ဝမှုဟာ ကျွန်တော်တို့ရဲ့အိမ် ကမ္ဘာမြေအပေါ် ကြီးမားတဲ့ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

Musk ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ယခုသီတင်းပတ်အတွင်း ဒေါ်လာ ၃၆ ဘီလီယံကျော် တိုးလာခဲ့ပါတယ်။

“ကျွန်တော်တို့ တခြားဂြိုဟ်တွေဆီကို မရောက်ဘူးဆိုရင် အစာရေစာ ငတ်မွတ်နေတဲ့ လူ ၄၂ သန်းကို ကူညီပေးနိုင်ဖို့ အဲဒီထဲကမှ ဒေါ်လာ ၆ ဘီလီယံသာလိုပါတယ်။”

“ဒါက မရှုပ်ထွေးပါဘူး” လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် အကြီးအကဲ David Beasley က CNN ကို ပြောပါတယ်။

ဒီလို ကုလအကြီးမှ ပြောဆိုမှုကို Elon Musk က တုန့်ပြန်ထားတဲ့အကြောင်းကို “UN ကသာ သက်သေပြနိုင်ရင် ကမ္ဘာ့ ငတ်မွတ်ခေါင်းပါးမှု အတွက် ၆ ဘီလီယံ ပေးမယ်လို့ ဆိုတဲ့ Elon Musk” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *