အေမီဂျွန်ဆင် (Amy Johnson)( ၁၉၀၄–၁၉၄၁)
အေမီဂျွန်ဆင်ဟာ အင်္ဂလိပ်လူမျိုး အမျိုးသမီး လေယာဉ်မှူး တစ်ဦး ဖြစ်ပြီး ၁၉၃ဝ ပြည့်နှစ်မှာပဲ အင်္ဂလန်ပြည်နယ် ရွိုင်ဒန်လေယာဉ်ကွင်း မှ ဩစတြေးလျကျွန်း သို့ ဂျေဆင် ခေါ် လေယာဉ်ပျံဖြင့် တစ်ဦးတည်းပျံသန်းခဲ့သူ ပထမဆုံး အမျိုးသမီး တဦး ဖစ်ပါတယ်။
ထိုခေတ်ထိုအခါက လေယာဉ်ပျံသန်းရေးနယ်ပယ်မှာ အမျိုးသားများက ဦးဆောင် လွမ်းမိုးသော ခေတ်ပါ။
အေမီဂျွန်ဆင် အတွက် ပျံသန်းခဲ့သော ခရီးမှာ မိုင်ပေါင်း (၁ဝ,ဝဝဝ) ကျော်မျှရှိပြီး အခက်အခဲအမျိုးမျိုးကို ကျော်လွန်အောင် စွန့်စားရသော ခရီး ဖြစ်ခဲ့ပါတယ်။
ရာသီဥတု အခြေအနေ ဆိုးရွားနေတဲ့ အတွက် လမ်းစပျောက် ပြီး ရန်ကုန် လေဆိပ်သို့ပင် ဆင်းသက် ခဲ့ရဖူးပါတယ်။

တစ်ခါတုန်းကဆိုရင် မိုးသက်လေပြင်းမိပြီး အေမီ၏ လေယာဉ်ပျံဟာ ငမန်းများ ကျက်စားရာ ဂျာဗားပင်လယ်ပြင်တွင် ရေနှင့်လွတ်ရုံမျှသာ ပျံသန်းခဲ့ရသူပါ။
ရာသီဥတုကြောင့် လေယာဉ်ဟာလည်း အတော်အတန် ပျက်စီးလျက် လူကိုယ်တိုင်မှာလည်း သက်စွန့်ဆံဖျားစွန့်စားရ ပြီးလျှင် ၁၉၃ဝ ပြည့်နှစ် မေလ ၂၄ ရက်နေ့ (အင်္ဂလန်မှ ထွက်ခဲ့သည့်နေ့မှ ၁၉ ရက်အကြာ)မှာတော့ ဩစတြေးလျတိုက် ဒါဝင်မြို့သို့ ဆင်းသက်နိုင်ခဲ့ပါတယ်။
ထိုသို့ ဆင်းသက်ခဲ့သဖြင့် အင်္ဂလန် မှ ဩစတြေလျတိုက်သို့ ၁၅ ရက်ခွဲ ဖြင့် ပျံသန်းခဲ့သော ကမ္ဘာ့ စံချိန်ကို မချိုးနိုင်ခဲ့ပေမယ့် အေမီမှာ ကမ္ဘာကျော်အမျိုးသမီး လေသူရဲကောင်းအဖြစ် အသိအမှတ်ပြုခြင်း ခံရပါတော့တယ်။
အေမီဂျွန်ဆင်သည် ၁၉ဝ၄ ခုနှစ်တွင် ဖွားမြင်ပြီး ရှက်ဖီးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရသူတစ်ဦး လဲဖြစ်ပါတယ်။
သို့ပေမဲ့ အေမီဟာ စာပေ နှင့် ဆိုင်သောလုပ်ငန်းများမှာ စိတ်ဝင်စားမှုမရှိခဲ့ဘဲ စွန့်စားခြင်းကို လိုလားသူ သတ္တိခဲ အမျိုးသမီး ဖြစ် ပါတယ်။

၁၉၃၁ ခုနှစ်တွင် အဖော်တစ်ဦးနှင့် ဂျပန်နိုင်ငံသို့ အသွားအပြန် ပျံသန်းခဲ့ပါသေးတယ်။
၁၉၃၂ ခုနှစ်တွင် လန်ဒန်မှ ကိပ္ပတောင်းမြို့သို့ အသွားအပြန်ခ ရီးကို ၄ ရက် ၆ နာရီဖြင့် စံချိန်တင် နိုင်ခဲ့ပါတယ်။
ထိုနှစ်တွင် နာမည်ကျော် လေသူရဲ ဂျေ၊ အေ၊မော်လီဆင် နှင့် ထိမ်းမြား လက်ထပ်ခဲ့တာပါ။ ၁၉၃၃ ခုနှစ်တွင်လည်း အေမီသည် သူမ၏ခင်ပွန်း နှင့်အတူ အတ္တလန္တိတ်သမုဒ္ဒရာကိုလည်း ဖြတ်သန်းခဲ့ပါသေးတယ် ။
အေမီ၏ ထူးချွန်သော ရဲစွမ်းသတ္တိကို အင်္ဂလန် ဘုရင်နှင့် မိဖုရားတို့ ကိုယ်တိုင်က နှုတ်ဖြင့် ချီးကျူးခြင်းကို ခံခဲ့ရရုံမျှမက အို၊ဘီ၊အီး (OBE) ဘွဲ့ကိုပင် ပေးအပ်ခြင်း ခံခဲ့ရပါတယ်။
ဒီလို ကြိုးစားမှုတွေကြောင့် အေမီဟာ ကမ္ဘာ့ အမျိုးသမီး လောကမှာ မှတ်တမ်းတင် ထိုက်အောင် ထူးခြားသော အမျိုးသမီးဖြစ်ခဲ့ပါတယ်။
အထက်ပါ စွမ်းဆောင်မှု များသာမက အေမီဟာ ပထမဦးဆုံး လေကြောင်းဆိုင်ရာ မြေပြင် အင်ဂျင်နီယာ အမျိုးသမီးလည်းဖြစ်ခဲ့သူပါ။

အချိန် အတိုင်းအတာ တစ်ခုအထိ သူမဟာ တစ်ကမ္ဘာလုံးတွင် တစ်ယောက်ထဲသော လေယာဉ် အင်ဂျင်နီယာ အမျိုးသမီး အဖြစ် ရှိနေခဲ့ပါတယ်။
ဒုတိယ ကမ္ဘာစစ် ကာလ အတွင်းမှာလည်း လေကြောင်း ထောက်ပို့ ပထမတန်း အရာရှိ အနေဖြင့် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
၁၉၄၁ ခုနှစ် အသက် ၃၇ နှစ်အရွယ်အရောက်မှာတော့ သူမဟာ ကံမကောင်း အကြောင်းမလှခဲ့ဘဲ လေယာဉ် ပျက်ကျပြီး ဆုံး ပါးခဲ့ပါတယ်။
၀၁၇ ခုနှစ်တုန်းက Google ဟာ ၎င်း၏ Search Engine တွင် Doodle လို့ပြောင်းပြီး အေမီဂျွန်ဆင်ရဲ့ ၁၁၄ နှစ် အဖြစ် အေမီရဲ့ ပြောင်မြောက်သော သိတ္တိ၊စွန့်စားမှုတို့ကို ဂုဏ်ပြုခဲ့ပါသေးတယ်။
ကိုးကား-စွယ်စုံကျမ်း (First published on 12/6/2021)
ရေးသားသူ – Zaw Gyi (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။