၁။အပျင်းကြီးခြင်း
လေ့လာမှုမရှိ၊ သင်ယူမှုမရှိ၊ ကြိုးစားမှုမရှိရင် အောင်မြင် တဲ့ဘဝဆိုတာလည်း ဝေးကွာနေပါလိမ့်မယ်။ လေ့လာမှု၊သင်ယူမှု၊ကြိုးစားတွေ ဖြစ်ပေါ်ဖို့ ဆိုတာ ဝီရိယရှိမှ ဖြစ်မှာပါ။ဒီအတွက် ပျင်းရိခြင်းကို ပယ်ဖျက်ပစ်ရပါမယ်။
၂။ အချိန်ကို စီမံခန့်ခွဲမှုမရှိခြင်း

အချိန်ဆိုတာ လူသားတိုင်း နေ့လိုနေ့တိုင်း အလကားရနေတဲ့အရာတစ်ခုပါ။ အောင်မြင်သူနဲ့ ကျရှုံးသူ၊ ချမ်းသာသူနဲ့ ဆင်းရဲသူဆိုတဲ့ မတူညီတဲ့ လူတန်းစားနှစ်ရပ်ကိုဖြစ်စေတာဟာအချိန်အသုံးချမှု ကွာဟနေလို့ပဲ ဖြစ်ပါတယ်။ အချိန်ဆိုတာ
စနစ်တကျမသုံးတတ်ရင် ကိုယ်အောင်မြင်မှုကို အထောက်အကူမပြုပါဘူး။
၃။ဝင်ငွေထက်ထွက်ငွေပိုများခြင်း
ကိုယ်ရှာနိုင်တာထက် ကိုယ်သုံးတာက ပိုများနေရင်ငွေကြေး စုစည်းမှုဆိုတာ မရှိလာဘူး။ လက်ထဲမှာ ငွေမရှိရင်ဒီထက်ကြီးမားတဲ့ လုပ်ငန်းတစ်ခုကို မတည်ဆောက်နိုင်ဘူး။ လုပ်ငန်းမကြီးကျယ်ရင် ချမ်းသာတဲ့သူဌေး မဖြစ်နိုင်ဘူး။
၄။ လောင်းကစား အပျော်အပါးမက်ခြင်း

လောင်းကစားဆိုတာ မသေချာမှုတစ်ခုဖြစ်လို့ မတည်ငြိမ်တဲ့ အရာလည်းဖြစ်တယ်။ အရက်စတဲ့ မူးယစ်ဆေးဝါးနဲအပျော်အပါးတွေကတော့ လူကိုဖျက်ဆီးစေတဲ့အရာတွေပါ။ဒီတော့ ဆင်းရဲတွင်းကထွက်ချင်ရင် ဒီအချက်တွေကိုရှောင်ရ
ပါမယ်။
၅။အသုံးနှင့်အဖြုန်းခွဲခြားမှုမရှိခြင်း
ယနေ့ခေတ်က အသစ်အသစ်သောပစ္စည်းတွေနေ့စဉ်ထွက်နေပါတယ်။ အားလုံးကလည်း လိုချင်တပ်မက်စရာတွေပါ။ဒါပေမဲ့ တကယ်မလိုအပ်တာတွေဝယ်ရင်တော့ အဲဒါ ဖြုန်းတာပါပဲ။ သုံးတယ်ဆိုတာက လိုအပ်ချက်ရှိမှ ဝယ်တာပါ။ အဖြုန်းများနေရင်တော့ ချမ်းသာမှုဆိုတာ မရှိလာနိုင်ဘူး။
၆။ အကောင်းမြင်စိတ်မရှိခြင်း
အကောင်းမြင်စိတ်ဆိုတာ ကိုယ့်ကို လူချစ်ခင်စေသလို၊ကိုယ့်စိတ်ကိုလည်း အေးချမ်းစေပါတယ်။ ဘဝခရီးလမ်းအောင်မြင်မှုကိုလည်း အထောက်အကူဖြစ်စေပါ၏။ ဘာကြောင့်လဲဆိုတော့ အခက်အခဲပြဿနာတွေကို အကောင်းမြင်စိတ်
ရှိသူက ဖြေရှင်းတတ်လို့ပါပဲ။
၇။ ကိုယ်ကျင့်တရားအားနည်းခြင်း
လူတိုင်းမှာ ကိုယ်ကျင့်တရား ရှိပါ၏။ ဒါပေမဲ့ စံနှုန်းမှီတဲ့ကိုယ်ကျင့်တရားကတော့ လူတိုင်းမှာ မရှိပါဘူး။ တခြားသူမကြည့်ပါနဲ့ ။ မိမိကိုယ်တိုင်သော်မှကိုယ်ကျင့်တရား ကောင်းတဲ့သူကိုယ်မှ အပေါင်းအသင်းလုပ်ချင်သေးတာဆိုတော့ချမ်းသာချင်ရင် ကိုယ်ကျင့်တရားကောင်းဖို့ လိုပါတယ်။
၈။ကိုယ်နှုတ်အမူအရာ ရိုင်းစိုင်းခြင်း

လူတစ်ယောက်မှာ ပညာတတ်မတတ်ကို တခြားသူကအလွယ်တကူ မသိနိုင်ပေမဲ့ အနေအထိုင်မတတ်၊ အပြောအဆိုမတတ်ရင်တော့ လူအများစုက အလွယ်တကူ သိနိုင်ပါတယ်။ကိုယ်ကြမ်း၊ နှုတ်ကြမ်းတဲ့သူကို ဘယ်သူကမှ မဆက်ဆံချင်ပါဘူး။ လူအများက မဆက်ဆံချင်တဲ့သူဟာလည်း မချမ်းသာနိုင်ပါဘူး။
၉။ မလုပ်ခင်ကကြောက်ရွံ့ တွေဝေခြင်း
အလုပ်တစ်ခုကို မလုပ်ခင်တည်းက “ဖြစ်ပါ့မလား” ဟုသံသယဝင်ခြင်း၊ ကြောက်ရွံ့ခြင်းဟာ မအောင်မြင်၊ မချမ်းသာခြင်းရဲ့ အခြေခံအကြောင်းရင်းတစ်ရပ်ဖြစ်လို့ ချမ်းသာချင်တဲ့သူဟာအဲဒီစိတ် ဖျောက်ဖို့လိုပါတယ်။