ပရိုဂရမ်များကို ပြင်နိုင်ပြောင်းနိုင်တဲ့ ဂြိုဟ်တု လွှတ်တင်လိုက်တဲ့ Eutelsat ကုမ္ပဏီ

Knowledge Tech

SpaceX၊ Virgin Orbit၊ Blue Origin နှင့် အခြား အာကာသ ကုမ္ပဏီများဟာ အာကာအတွင်း ဒုံးပျံပစ်လွှတ်သည့် ကုန်ကျစရိတ်များကို သိသိသာသာ လျှော့ချနိုင်ခဲ့ပါတယ်။

ဂြိုဟ်တုများဟာ သေးငယ်ပြီးရင်း သေးငယ်ပြီး၊ စွမ်းဆောင်ရည် မြင့်လာပြီးရင်း မြင့်လာသည်နှင့်အမျှ ၎င်းတို့အတွင်းမှာ မွန်းမံမှုကို တားဆီးနေတဲ့ ခက်ခဲတဲ့ ဝါယာရိမ်း ပြသနာက ဂြိုဟ်တုများကို လွှတ်တင်ပြီးတာနဲ့ ဖြစ်ပေါ်လာတာပါပဲ။

ပဲရစ် အခြေစိုက် Eutelsat ကုမ္ပဏီဟာ ဒီအချက်ကို စိန်ခေါ်ခဲ့ပြီး ၎င်းတို့၏ ပြန်လည် ပရိုဂရမ် ရေးဆွဲလို့ရတဲ့ ဂြိုဟ်တုတလုံး ဖြစ်တဲ့ Quantum ကို လွှတ်တင်ခဲ့ပါတယ်။

Ariane 5 ရော့ကတ်ဖြင့် တင်ဆောင်လာတဲ့ ဒီ ဂြိုဟ်တုဟာ ဇူလိုင်လ ၃၀ ရက်နေ့က Kourou, French Guiana မှ လွှတ်တင်ပြီး ၃၇ မိနစ်အကြာမှာ ရော့ကတ်မှ အာကာသထဲသို့ ခွဲထွက်ကာ ကမ္ဘာ့ပတ်လမ်းထဲသို့ ဝင်ရောက်သွားပါတယ်။

သုံးနာရီ အတွင်း ပြီးပြည့်စုံသော စနစ်စစ်ဆေးမှုကို ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ ဂြိုဟ်တုကို လွှတ်တင်မှုမှာ အောင်မြင် ခဲ့ပါတယ်။

Eutelsat ၏ Quantum ဂြိုဟ်တုကို Airbus Defense and Space မှ တည်ဆောက်ပေးထားတာဖြစ်ပြီး ESA နှင့် UK အာကာသ အေဂျင်စီမှ အထောက်အပံ့ပေးထားတာ ဖြစ်ပါတယ်။

Eutelsat Communications ဟာ ကမ္ဘာပေါ်တွင် အကြီးဆုံး ဗီဒီယို၊ အချက်အလက်နှင့် ဘရော့ဘန်း ဝန်ဆောင်မှုများကို ပေးနေတဲ့ ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါတယ်။

၎င်းဟာ တီဗွီရုပ်သံ ချန်နယ်ပေါင်း ၆၈၀၀ လောက်ကို ကြည့်ရှူသူ သန်း ၁ ထောင်လောက်သို့ ထုတ်လွှင့် ပေးတာ ဖြစ်ပါတယ်။

၃.၅ တန်ရှိတဲ့ Quantum ဂြိုဟ်တုတွင် ဆက်သွယ်ရေး beam ပေါင်း ၈ ခုလောက် ပါဝင်ပြီး အနောက်အာဖရိကမှ အာရှအထိ ကျယ်ပြန့်သည့် ပထဝီနယ်မြေကို ကျော်လွန်ပြီး ဝန်ဆောင်မှုပေးဖို့ရာ အရှေ့ဘက် meridian ၄၈ ဒီဂရီတွင် တည်ရှိပါတယ်။

ဆော့ဖ်ဝဲ ကိုအခြေခံသည့် ဒီဇိုင်းကြောင့် ဂြိုဟ်တု၏ ဆက်သွယ်ရေးလှိုင်းကို လွှမ်းခြုံဧရိယာ နှင့် ၎င်းထုတ်လွှင့်သည့် အချက်ပြသည့် စွမ်းအားတို့ကို ပြောင်းလဲ ပြင်ဆင်နိုင်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ဂြိုဟ်တု၏ ဆော့ဝဲ ထိန်းချုပ်မှုဟာ ဂြိုဟ်တု ဝန်ဆောင်မှုများကို အမှန်တကယ်အသုံးပြုနေသည့် Eutelsat အသုံးပြုသူများနှင့်သာ သက်ဆိုင်နေတာပါ။

ဒီဂြိုဟ်တု၏ ပြန်လည်အသုံးချနိုင်တဲ့ စွမ်းရည်ဟာ သင်္ဘောနှင့် လေယာဉ်ကဲ့သို့ ရွေ့လျားအရာဝတ္ထုများကို ဆက်သွယ်ခွင့် ပြုနိုင်မှာ ဖြစ်ပါတယ်။

၎င်းဟာ သဘာဝ ဘေးအန္တရာယ်ကဲ့သို့သော အဖြစ်အပျက်များအတွက် စွမ်းရည်မြှင့်တင်ရန်လည်း သုံးနိုင်ပါတယ်။

Eutelsat ဟာ စီးပွားဖြစ် ဂြိုဟ်တု အော်ပရေတာ ဖြစ်သော်လည်း ၎င်း၏ ဝယ်ယူသူများ စာရင်းတွင် အစိုးရများလည်း ပါဝင်ကြပါတယ်။ ဒါ့ကြောင့် အဆိုပါ ဂြိုဟ်တုကို လိုအပ်ပါက အရေးပေါ်ကိစ္စများအတွက် အသုံးပြုနိုင်ပြီး အခြေအနေကို ထိန်းချုပ်နိုင်သည်နှင့် ပုံမှန် ဝန်ဆောင်မှုအတိုင်း ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ထို့အပြင် ဂြိုဟ်တုဟာ ဆက်သွယ်မှုကို ပြုလုပ်သည့် မူလ အစနေရာကို သိရှိနိုင်ပြီး ပိတ်ဆို့မှုများလည်း ပြုလုပ်နိုင်ပါတယ်။

Quantum ဂြိုဟ်တုဟာ ကမ္ဘာ့မြေမျက်နှာပြင်အထက် မိုင်ပေါင်း ၂၂,၀၀၀ ခန့် (geostationary ပတ်လမ်း) မှာ တည်ရှိတာဖြစ်ပါတယ်။

ဒီဂြိုဟ်တုဟာ ၂၀၂၁ ခုနှစ် နောက်ဆုံး ၃ လပတ်တွင် ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး နောင်လာမည့် ၁၅ နှစ်လောက်အထိ အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *