နည်းပညာမြင့် ကြိုးမဲ့ အလို အလျောက် စနစ်သုံး လျှပ်စစ်ထရပ်ကားသစ် အကြောင်း

Innovation Tech

ဆွီဒင် ကုန်စည် ပို့ဆောင်ရေး နည်းပညာကုမ္ပဏီ Einride ဟာ ၎င်းတို့ရဲ့ အလိုအလျောက် လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေး (AET) ယာဉ်များ ဖန်တီးထားပါတယ်။

ထိုထရပ်ကားများကို အမေရိကန် အများပြည်သူ လမ်းများပေါ်တွင် ပြေးဆွဲဖို့ အမျိုးသား အဝေးပြေးယာဉ် အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှု (NHTSA) ထံမှ ခွင့်ပြုချက် ရရှိထားကြောင်း မကြာသေးမီကပဲ ကြေညာခဲ့ပါတယ်။

Einride ရဲ့ အလိုအလျောက် မောင်းနှင်နိုင်တဲ့ လျှပ်စစ် စွမ်းအင်သုံး ထရပ်ကားဟာ အများ ပြည်သူသုံး လမ်းများ ပေါ်တွင် (NHTSA) ရဲ့ခွင့်ပြုချက် ရရှိတာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

Image: Courtesy of Einride

အများသူငှာ လမ်းများပေါ်တွင် အလိုအလျောက် မောင်းနှင်နိုင်တဲ့ ထရပ်ကား အများအပြား လည်ပတ်နေပြီ ဖြစ်ပြီး ပြ ဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက ရွေ့လျား ပံ့ပိုးကူညီမှု အဖွဲ့ဖြင့် လိုက်ပါ ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီခွင့်ပြုချက်ဖြင့် Einride ဟာ လုပ်ငန်း လည်ပတ် စီးဆင်းမှုများကို ပံ့ပိုးပေးဖို့အတွက် အဝေးကနေ လူတစ်ဦးက ကြီးကြပ်ပေးမှာ ဖြစ်ပါတယ်။

Haier ကုမ္ပဏီတစ်ခုဖြစ်သည့် Appliances ကလည်း အနာဂတ်စီးပွားရေးအတွက် Einride Pod တည်ဆောက်ထားတဲ့ လုပ်ဆောင်ချက်ကို ပြသထားတာကိုလည်း တွေ့ရပါတယ်။

အလိုအလျောက် မောင်းနှင်နိုင်တဲ့ Einride Pod ရဲ့ လျှပ်စစ် ထရပ်ကား ဒီဇိုင်းဟာ ပထမဆုံး စက်မှု လုပ်ငန်း တစ်ခုအဖြစ် Remote Pod အော်ပရေတာမှ အဝေးမှ စောင့်ကြည့်နေမှာ ဖြစ်တယ်ဟုလည်း သိရပါတယ်။

Image: Courtesy of Einride

Einride Pod ဟာ လက်တွေ့ လုပ်ငန်းသုံး သွားလာခြင်း များကို လုပ်ဆောင်နေစဉ်အတွင်း အသွားအလာရှုပ်ထွေးတဲ့ အများသူငှာ လမ်းများပေါ်တွင် လည်ပတ်​စေမှာ ဖြစ်ပါတယ်။

ကနဦး နှစ်ပတ်ကြာ ယာဉ်မောင်းချိန်အတွင်း ကုန်တင်ကုန်ချ အတွက် သယ်ဆောင်ခြင်းနှင့် သယ်ယူခြင်း အတွက် ဂိုဒေါင်များရှိ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

Remote Pod အော်ပရေတာက ယာဉ်အား အချိန်နှင့်တစ်ပြေးညီ အဝေးမှမှ စောင့်ကြည့်နေမှာဖြစ်ပြီး လူသားများ ဘေးကင်းလုံခြုံရေးအတွက် ဦးစားပေးဆောင်ရွက်မည်ဟု ဆိုပါတယ်။

Einride က အနာဂတ် ပို့ဆောင်ရေး နည်းလမ်းကို ဖြည့်ဆည်း ပေးဖို့အတွက် အလုပ်အကိုင်များကိုလည်း ဖန်တီးပေးမှာ ဖြစ်တယ်ဟု ဆိုပါတယ်။

Image: Courtesy of Einride

“ဒါဟာ US လမ်းမတွေပေါ်မှာ တစ်ခါမှမမြင်ဖူးသေးတဲ့ ယာဉ်အမျိုးအစား ဖြစ်ပြီး ကုန်စည် ပို့ဆောင်ရေး စက်မှုလုပ်ငန်းရဲ့ အနာဂတ်အတွက် အလှည့်အပြောင်းတစ်ခုအဖြစ် မှတ်တိုင်တစ်ခုဖြစ်တယ်” ဟု Einride ကိုတည်ထောင်သူနှင့် CEO ဖြစ်သူ Robert Falck က ပြောကြားခဲ့ပါတယ်။

ဒီအလိုအလျောက် မောင်းနှင်နိုင်တဲ့ လျှပ်စစ် ထရပ်ကားဟာ သယ်ယူ ပို့ဆောင်ရေးကို ခေတ်ပြောင်း စေရုံသာမက ထောင် ပေါင်း များစွာသော အလုပ်အကိုင်များကိုဖန်တီးပေးပြီး အမေရိကန်တွင် အပြိုင်အဆိုင် ရှိနေစေဖို့ ကူညီလိမ့်မည်ဟု ထပ် လောင်း ပြောကြားခဲ့ပါတယ်။

Einride က ၂၀၂၁ ခုနှစ်တွင် GEA နှင့် ပူးပေါင်းပြီး အမေရိကန် မြေပေါ်တွင် လည်ပတ် မောင်းနှင်နိုင်သော အလိုအလျောက် လျှပ်စစ်ယာဉ်များကို ပထမဆုံး ခွင့်ပြုချက်ရရှိခဲ့တာ ဖြစ်ပါတယ်။

Image: Courtesy of Einride

ဒါဟာ ထုတ်လုပ်မှုနှင့် ဖြန့်ချီခြင်း လုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို တိုးမြှင့်ခြင်းနှင့် အလိုအလျောက် စနစ်ဖြင့် ပိုမို တည်တံ့ပြီး ထိရောက်တဲ့ ထောက်ပံ့ရေး ကွင်းဆက်တစ်ခု ဖန်တီးနေတာ ဖြစ်တယ်ဟု ဆိုပါတယ်။

ကမ္ဘာပေါ်မှာ CO2 ဓာတ်ငွေ့ ထုတ်လွှတ်မှုတွင် ကုန်တင် ထရပ်ကားများရဲ့ ပါဝင်မှုဟာ အလွန် ကြီးမားပြီး အလို အလျောက်မောင်းနှင်နိုင်တဲ့ လျှပ်စစ်ယာဥ်များ တိုးတက်တီထွင်လာမှုတွေဟာ သဘာဝပတ်ဝန်းကို များစွာ အထောက်အပံ့ဖြစ်စေသည်သာမက ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများမှာလည်း ပိုမိုအဆင်ပြေချောမွေ့လာမှာ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *