ကမ္ဘာပေါ်ရှိ ပင်ဂွင်း တိုင်းဟာ ကမ္ဘာရဲ့ ပျောက်ဆုံးသွားတဲ့ အဋ္ဌမမြောက် တိုက်ကြီးမှ ဆင်းသက်လာတဲ့ အကြောင်း

Knowledge Nature

Zealandia ဟာ လွန်ခဲ့သောနှစ်သန်းပေါင်း ၆၀ ခန့်က ပင်လယ်ထဲသို့ နစ်မြုပ်ခဲ့သော်လည်း သူ့ရဲ့အမွေအနှစ်တွေဟာ ဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်။

ကမ္ဘာပေါ်ရှိ ပင်ဂွင်းတိုင်းရဲ့ မူလအစမှာ ယနေ့ခေတ် နယူးဇီလန် လို့ခေါ်တဲ့ နေရာမှ ဆင်းသက်လာခြင်းဖြစ်​ကြောင်း သုတေသီတွေက သူတို့ အပြီးသတ်နီးပါး ကောက်ချက်ချထားတဲ့ ရုပ်ကြွင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ယနေ့ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ​သေးငယ်တဲ့မြေပြင်ဒေသဟာ တစ်ချိန်က Zealandia တိုက်လို့ လူသိများတဲ့ နစ်မြုပ်နေတဲ့ မြေထုကြီးရဲ့ ထိပ်ဆုံးနေရာတွေသာ ဖြစ်ပြီး Dutch နယ်ချဲ့အမည် Nieuw Zeeland မှ New Zealand လို့ ပြန်ပြောင်းအမည်ပေးထားပါတယ်။

Zealandia တိုက်ကြီးဟာ အနည်းဆုံး လွန်ခဲ့သော နှစ်သန်းပေါင်း ၆၀ ခန့်က နစ်မြုပ်ခဲ့ပြီး ဒိုင်နိုဆောတွေ ထက်တောင် အနည်းငယ် ပိုစောပါလိမ့်မယ်။

ဩစတေးလျ တိုက်ဘေးတွင် ရှိခဲ့သည့် Zealandia တိုက်ကြီး သရုပ်ပြပုံ Image: Courtesy of International Business Times (Singapore)

ပင်ဂွင်းတွေဟာ လွန်ခဲ့သော နှစ်ပေါင်း ၆၂ သန်းခန့်က တည်ရှိခဲ့ပြီး Darwinian အောင်နိုင်သူတွေကဲ့သို့ပင် သူတို့ဟာပိုမို မြင့် မားတဲ့ ကုန်းမြေကို ခရီးနှင်ခဲ့ကြပြီး Zealandia တိုက်ကြီး ပျောက်ကွယ်ခြင်းမှ လွတ်မြောက်လာခဲ့ကြပါတယ်။

ယနေ့ခေတ် သုတေသီတွေမှာ လွန်ခဲ့သော နှစ်ပေါင်း ၃ သန်းခန့်က တည်ရှိခဲ့ပြီး ယခင်က မသိရသေးတဲ့ ရှေးခေတ် ပင်ဂွင်းမျိုးစိတ်တွေကို ညွှန်ပြတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ လက်ဝယ်ရှိပါတယ်။

ယခုအခါ ပင်ဂွင်း မျိုးစိတ်တွေဟာ ပိုမိုကျယ်ဝန်းတဲ့ နှုတ်သီးနဲ့ မေးရိုးတွေရှိပြီး အသစ်တွေ့ရှိထားတဲ့ ပင်ဂွင်းမျိုးစိတ်ဟာ ကွဲပြားခြားနားတဲ့ အစားအစာပုံစံကို ညွှန်ပြတဲ့ အရိုးဖွဲ့စည်းပုံကို ပြသပါတယ်။

နှစ်သန်းပေါင်း ၆၀ ထက် နောက်ကျတဲ့ ပင်ဂွင်းငှက်တွေရဲ့ ဆင့်ကဲ ဖြစ်စဉ် သမိုင်းမှာ ပေါ်ပေါက်လာတဲ့ နက်နဲတဲ့ စာရွက် စာတမ်း တွေက Pliocene လေအားလည်ပတ်စီးဆင်းမှုဟာ တောင်ပိုင်းသမုဒ္ဒရာ ဂေဟစနစ်တွေကို

ပြင်းထန်စွာ ပြန်လည် တည်ဆောက်ပေးသလို အစား အသောက် အပြောင်းအရွှေ့တွေ ဖြစ်ပေါ်နိုင်တာကို သက်သေပြ နေတယ်လို့ နယူးဇီလန်နဲ့ အမေရိကန်တို့မှ သုတေသီတွေက သူတို့ရဲ့ စာတမ်းတွင် ရှင်းပြခဲ့ပါတယ်။

ဒေသခံတွေက ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ပထမဆုံးတွေ့ရှိခဲ့ပြီး ပင်ဂွင်းအမျိုးအစားတွေကို စတင်တူးဖော်လေ့လာခဲ့တဲ့ သုတေသီတွေကို အသိပေးခဲ့ပါတယ်။

ယနေ့ခေတ် ပင်ဂွင်း မျိုးစိတ်

ဒီနေရာရှိ ထူးခြားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ နှစ်ပေါင်း ၃ သန်းခန့် သက်တမ်းရှိသော်လည်း ကိုယ်ထည် အထောက် အထားတွေဟာ သူတို့ရဲ့ ဘိုးဘေးတွေရဲ့ ခေတ်ကာလဟာ နှစ်သန်းပေါင်း ၆၀ သက်တမ်းရှိတယ်လို့ သက်သေပြနေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

နှစ်သန်းပေါင်း ၆၀ နဲ့ နှိုင်းယှဉ်လျှင် ၃ သန်းသက်တမ်းဟာ ငယ်သော်လည်း ပင်ဂွင်းရုပ်ကြွင်းတွေမှာ ယနေ့ခေတ် ပင်ဂွင်းတွေနဲ့ ကွဲပြားခြားနားတဲ့ အစာပုံစံကို ပြသတဲ့ နှုတ်သီးတွေ ရှိနေဆဲဖြစ်ပါတယ်။

ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ လွန်စွာ ရှေးကျ နေတာကြောင့် သိပ္ပံပညာရှင်တွေဟာ သူတို့ကို ပတ်ဝန်းကျင်ရှိ ကျောက်သား ဖွဲ့စည်းမှု အပေါ် အခြေခံ၍ အတော်လေး သေးငယ်တဲ့ အချိန်အဖြစ် သတ်မှတ်နိုင်ပါတယ်။

BioGeoBEARS လို့ခေါ်တဲ့ ဇီဝဗေဒဆိုင်ရာ ပထဝီဝင်ဆော့ဖ်ဝဲ ကိရိယာကို အသုံးပြုပြီး သိပ္ပံပညာရှင်တွေဟာ Zealandia ရှိ မူလ ပင်ဂွင်း မျိုး စိတ်တွေရဲ့ ကြီးမားတဲ့ သီးသန့် ဆင့်ကဲပြောင်းလဲမှု အဖြစ် အနှစ် ၃ သန်း သက်တမ်းရှိ ပင်ဂွင်းရုပ်ကြွင်းကို မိတ်ဆက်ပေးခဲ့ပါတယ်။

သုတေသီတွေက ယခင် ရှေးအကျဆုံး ပင်ဂွင်းရုပ်ကြွင်းတွေက ကြီးမားတဲ့ ပြောင်းလဲမှုကို ကိုယ်စားပြုပြီး အစောပိုင်းလေ့လာမှုတွေက နယူးဇီလန်မှာ နှစ် ၇၀၀၀ လောက်က crested ပင်ဂွင်းတွေ တည်ရှိမှုရဲ့ ရက်စွဲတွေပဲ ရှိသေးတယ် လို့ Business Insider သို့ ပြောကြားခဲ့ပါတယ်။

အချိန်ဇယားအသစ်က ထိုဒေသဟာ မူလပင်ဂွင်းရဲ့ ဖြစ်နိုင်ခြေအရှိဆုံးနေရာဖြစ်တယ်လို့ အကြံပြုထားပါတယ်။

ရှာဖွေတွေ့ရှိမှုမှာ အံ့အားသင့်စရာမဟုတ်သော်လည်း ရုပ်ကြွင်းမှတ်တမ်းဟာ တစ်နည်းနည်းနဲ့ ပုံမှန်မဟုတ်ဖြစ်နေပါတယ်။

ဒီအရာအားလုံးဟာ ယုတ္တိတန်တဲ့ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေနဲ့ သက်သေပြနေတာ မဟုတ်ဘူးလို့ သုတေသီတွေက ရေးသားခဲ့ပါတယ်။

နယူးဇီလန်ဟာ ပင်လယ်ငှက်မျိုးကွဲတွေအတွက် ကမ္ဘာလုံးဆိုင်ရာ အရေးပါသော ကွန်ရက်တစ်ခုဖြစ်သော်လည်း ပင်လယ်ငှက်မျိုးရိုး အများစုရဲ့ နည်းပါးတဲ့ ရုပ်ကြွင်းမှတ်တမ်းဟာ ဒီကွန်ရက်ကို မည်သို့မည်ပုံနဲ့ မည်သည့် အချိန်တွင် ဖန်တီး ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ကို နားလည်ရခက်စေပါတယ်။

ပထဝီဝင် အနေအထားအရ သီးခြားရပ်တည်နေပြီး ယခင် တိုက်ကြီးတစ်ခုလုံးရဲ့ အကြွင်းအကျန်တွေ ဖြစ်တာကြောင့် နယူးဇီလန်ဟာ သြစတြေးလျရဲ့ ထူးခြားတဲ့ သစ်ပင်တွေနဲ့ တိရစ္ဆာန်တွေ ပြန့်နှံ့နေတဲ့ Madagascar သို့မဟုတ် Galapagos တို့နဲ့ နှိုင်းယှဉ်လျှင်ပင် အထူး ဂေဟစနစ်တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။

Fossils of Eudyptes atatu.
Courtesy of JEAN-CLAUDE STAHL, R. PAUL SCOFIELD/MUSEUM OF NEW ZEALAND TE PAPA TONGAREWA, CANTERBURY MUSEUM via Popularmechanics

ကျွန်တော်တို့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်တွေဟာ နယူးဇီလန် avifauna သို့ Crown ပင်ဂွင်းတွေ စုဆောင်းခြင်းအတွက် အချိန်ကာလတစ်ခု ပေးစွမ်းပြီး ဒီလုပ်ငန်းစဉ်ဟာ Neogene ကာလ (လွန်ခဲ့သည့် နှစ် သန်းပေါင်း ၂၀.၄၅) နှောင်းပိုင်းတွင် စတင်ခဲ့ပြီး နယ်မြေရွှေ့ပြောင်းလာမှုတွေကို ညွှန်ပြနေတယ်လို့ သုတေသီတွေက ကောက်ချက်ချပါတယ်။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.