ပုံမှန်မဟုတ်တဲ့ ဆင့်ကဲပြောင်းလဲမှုများနှင့် တိရစ္ဆာန် ၆ မျိုး

Knowledge Nature

သဘာဝတရားက တစ်ချို့သော တိရစ္ဆာန်တွေကို ပြင်းထန်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေက​ ထိန်းချုပ်မှု​တွေ အထိ၊ ထူး ဆန်းပြီး ဆန်းကြယ်တဲ့ လိုက်လျောညီထွေမှုအချို့ကို ပေးဆောင်ထားပါတယ်။

အချို့သော တိရစ္ဆာန်တွေဟာဆိုရင် ရန်လိုသောပတ်ဝန်းကျင်နှင့် အန္တရာယ်ရှိတဲ့ အခြေအနေကနေ အသက်ရှင်နေထိုင် နိုင်ဖို့အတွက် ဆင့်ကဲပြောင်းလဲမှုတွေ လုပ်ဆောင်လာကြပါတယ်။

အောက်ဖော်ပြပါ တိရစ္ဆာန်လေးတွေဟာ ထူးခြားပြီး ဆန်းကျယ်တဲ့ သဘာဝတရားကြီးနဲ့ လိုက်လျောညီထွေနေထိုင်ကြပါတယ်။

(၁) Maned Wolf

Maned Wolf နှင့်ပတ်သက်ပြီး အထူးအဆန်းများစွာရှိပါတယ်။ “ခြေတံရှည် မြေခွေး” ဟုသိကြတဲ့ ၎င်းတို့ဟာ ကြံ့ခိုင်မှုရှိတဲ့ မျိုးစိတ်များထဲတွင် အရပ်အရှည်ဆုံးဖြစ်ပါတယ်။

Maned Wolf

၎င်းရဲ့အမှတ်အသားများအရ မြေခွေးနဲ့ဆင်တူသော်လည်း မြေခွေးလည်း မဟုတ်သလို ဝံသလွေလည်း မဟုတ်ပါဘူး။

Lobo Guara လို့လည်း သိကြတဲ့ Maned Wolf တွေကို အာဂျင်တီးနား၊ ဘရာဇီး၊ ဘိုလီးဗီးယား၊ ပီရူး၊ ပါရာဂွေးတို့မှာ တွေ့ရှိရတက်ပြီး ဥရုဂွေးမှာဆိုရင် မျိုးသုဉ်းလုနီးပါး ဖြစ်နေပါပြီ။

သူ့ရဲ့ အထူးခြားဆုံး လက္ခဏာကတော့ ဆေးခြောက်နံ့ရတဲ့ ဆီးနံ့ပါပဲ။ ထူးဆန်းတာက ဒီအနံ့က တခြားဝံပုလွေတွေကို သူတို့ရဲ့ မြက်ခင်းတွေကို ရှောင်ဖို့ သတိပေးချက် တစ်ခုလို့ သိပ္ပံပညာရှင်တွေက မှတ်ယူကြပါတယ်။

(၂) ဒေါင်းမန်တစ်ပုဇွန် Peacock Mantis Shrimp

ပုစွန်မျိုးစိတ်ပေါင်း ၄၀၀ ရှိသည့်အနက် ဒေါင်းမန်တစ် ပုဇွန်တွေဟာ တခြား မျိုးစိတ်တွေနဲ့ မတူပါဘူး။

Peacock Mantis Shrimp

ဒီသေးငယ်တဲ့ သတ္တဝါလေးတွေက သားကောင်များကို အားပြင်းတဲ့ လက်သီးထိုးချက်များဖြင့် တိုက်ခိုက်လေ့ရှိပါတယ်။

အရှည် ၇ လက်မဝန်းကျင်သာရှိသော်လည်း ဒေါင်းမန်တစ်ပုဇွန်ရဲ့ လက်သီးဟာ တိရစ္ဆာန် လောက အတွင်း အစွမ်းထက်ဆုံးဟု လူသိများပါတယ်။

၎င်းတို့ရဲ့လက်သီးကဲ့သို့ ထိုးနှက်ချက်တွေက 22 caliber ကျည်ဆန် အားလောက်ရှိပြီး ခရု ၊ ကမာကောင်ကဲ့သို့ သားကောင်များကို ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။

(၃) Black Lemur

Madagascar ကျွန်းတွင်တွေ့ရတဲ့ Black Lemurတွေဟာ အမြင့်ကို ကြိုက်နှစ်သက်ကြပြီး ၎င်းတို့ရဲ့ အစာထောက်ပံ့မှုအတွက် ပိုးနသန်ကောင်များကို စားသုံးကြပါတယ်။ ဒီ Black Lemur တွေဟာ အသီးအနှံများကို စားသုံးခြင်းကို အများစုနှစ်သက်ကြပါတယ်။

တစ်ခါတစ်လေ ပိုးကောင်တစ်ကောင်ကို ဖမ်း၍ ကိုက်ကာ ၎င်းတို့ရဲ့ခန္ဓာကိုယ်ကို ပွတ်တိုက်ကြပါတယ်။ ဒီလျှို့ဝှက်ချက်က သဘာဝပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး မလိုလားအပ်တဲ့ ကပ်ပါး တိရစ္ဆာန်များကို ဝေးကွာစေဖို့ ကူညီပေးတယ်ဟု သိပ္ပံပညာရှင်များက ယူဆကြပါတယ်။

Image: Courtesy of Wiki CC BY 4.0

သို့သော်လည်း ဒီ Black Lemur တွေက ဆေးပညာကို လေ့လာဖို့ တစ်ခုတည်းသော မျိုးစိတ်မဟုတ်ပါဘူး။

အခြားမျိုးစိတ်များစွာကလည်း ၎င်းတို့ရဲ့ကျန်းမာရေးအတွက် နည်းလမ်း အမျိုးမျိုးဖြင့် ပွတ်တိုက်တာဖြစ်ဖြစ် သို့မဟုတ် နမ်းရှုံ့တာဖြစ်ဖြစ် လုပ်တတ်ကြပါတယ်။

(၄) တံငါကြောင် Fishing Cat

ကြောင်ပိုင်ရှင်အများစုက ၎င်းတို့ရဲ့ ကြောင်သူငယ်ချင်းများက ရေကို မနှစ်သက်ကြောင်း သိထားကြပါတယ်။ ဒါပေမယ့် တံငါကြောင်က မမှန်ပါဘူး။

တောင်အာရှတစ်ဝှမ်းတွင်တွေ့ရှိရတဲ့ ဒီ ကြောင်ငယ်လေးမျိုးစိတ်ဟာ ရေနေသတ္တဝါတစ်ပိုင်းနှင့် လိုက်လျောညီထွေဖြစ်ပြီး ဒီရေတောများ၊ စိမ့်မြေများနှင့် မြစ်ကမ်းပါးများတွင် နေထိုင်ပါတယ်။

Fishing Cat Image: Courtesy of Wiki CC BY 2.0

ဒါ့အပြင် တံငါကြောင်တွေဟာ အလွန်ကျွမ်းကျင်တဲ့ ရေကူးသမားများ ဖြစ်ကြပါတယ်။

၎င်းတို့မှာဆိုရင် ရေစိုခံနိုင်ဖို့အတွက် ကိုယ်ပေါ်မှာ အမွေးအတိုလေးတွေဖြစ်တဲ့ “အပူအတွင်းခံ” အမျိုးအစားများ ရှိပါတယ်။ ဒါက ကြောင်တွေကို ရေထဲမှာ အမဲလိုက်ရင်း အချိန်ဖြုန်းနိုင်စေတာပဲ ဖြစ်ပါတယ်။

(၅) Crypt Keeper Wasp

crypt keeper နကျယ်ကောင်ရဲ့ ဆင့်ကဲဖြစ်စဉ် စရိုက်ဟာ ထိတ်လန့်စရာ ကောင်းပါတယ်။ Crypt Keeper နကျယ်ကောင်တွေက Bassettia pallida ကဲ့သို့ ဝက်သစ်ချပင်များရဲ့ အပေါက်များတွင် ဥများဥကြပါတယ်။

သားပေါက်ချိန်ရောက်တဲ့အခါမှာ Crypt Keeper နကျယ်ကောင်တွေရဲ့ သားလောင်းတွေဟာ တခြား သားပေါက် ကလေးများရဲ့ အလောင်းများအတွင်းသို့ စိမ့်ဝင်သွားပါတယ်။

Image: Courtesy of Ryan Ridenbaugh and Miles Zhang

စိတ်ထိန်းချုပ်မှု ပုံစံတစ်ခုဟု သံသယရှိသော်လည်း crypt keeper တွေရဲ့ဆိုးရွားတဲ့ လုပ်ဆောင်ချက်ကို မည်သို့ အောင်မြင်ကြောင်း သိပ္ပံပညာရှင်များက မသေချာပါဘူး။

ပြီးမှ သားပေါက်တွေက သားကောင်ရဲ့ ဦးခေါင်းမှတစ်ဆင့် ဖြည်းညှင်းစွာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

(၆) Tardigrade

ရေဝက်ဝံဟုလည်းသိကြတဲ့ tardigrade လေးတွေဟာ ပြင်းထန်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေမှာတောင် ရှင်သန်နိုင်စွမ်းရှိတာကြောင့် ကျော်ကြားပါတယ်။

အရွယ်အစား ၁ မီလီမီတာအောက်သာရှိတဲ့ ဒီတိရစ္ဆာန်လေးတွေဟာ မြင့်မားတဲ့ ဓာတ်ရောင်ခြည်များ၊ အလွန်အေးခဲနေတဲ့ အခြေအနေများ၊ ပြင်းထန်တဲ့ ဖိအားများနှင့် အာကာသထဲ အထိတောင် ရှင်သန်နိုင်ကြပါတယ်။

Tardigrade

၎င်းတို့ဟာ ရေသတ္တဝါမျိုးစိတ်များဖြစ်သော်လည်း ဆောင်းခိုတဲ့အခါမှာဆိုရင် ၎င်းတို့ရဲ့ ခန္ဓာကိုယ်များက ခြောက်သွေ့ကာ သေးငယ်တဲ့ ဘောလုံးတစ်လုံးအဖြစ် ပြောင်းလဲနေထိုင်ကြပါတယ်။

သို့ပေမဲ့ ဒီသေးငယ်တဲ့သတ္တဝါလေးတွေက အချိန် အတိုင်းအတာ တစ်ခုအထိ အလွန်မြင့်မားတဲ့ အပူချိန်ကိုတော့ ခံနိုင်စွမ်းမရှိပါဘူး။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 1/12/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *