မြေရှားသံလိုက်တွေ ထုတ်လုပ်ရန် ပြင်ဆင်နေတဲ့ EXCLUSIVE UK ကုမ္ပဏီ

Business News

ဗြိတိန်ဟာ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို ဖြတ်တောက်ရန်နဲ့ ကာဗွန်ထုတ်လွှတ်မှု သိသိသာသာ လျှော့ချရန်အတွက် အစိုးရရဲ့ ပံ့ပိုးကူညီမှုဖြင့် လျှပ်စစ်ယာဉ်တွေနဲ့ လေတာဘိုင်တွေမှာ အသုံးပြုတဲ့ အလွန် အားကောင်းသော သံလိုက်တွေရဲ့ ပြည်တွင်း ထုတ်လုပ်မှုကို ပြန်လည်အသက်သွင်းလာနိုင်ပါတယ်။

မြေရှားဒြပ်စင် အမြဲတမ်းသံလိုက်တွေ ပြန်လည် စတင် ထုတ်လုပ်ရန် အတွက် ဗြိတိန်လုပ်ဆောင်ရမယ့် ​အဆင့်တွေချမှတ်ခဲ့ပြီး အစိုးရထောက်ပံ့ထားသော ဖြစ်နိုင်ချေရှိတဲ့ လေ့လာမှုတစ်ရပ်အား ထုတ်ပြန်ထားပါတယ်။

စကော့တလန်နိုင်ငံ၊ Glasgow မှာ ကျင်းပတဲ့ COP26 ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲကျင်းပခဲ့ပြီး သံလိုက်စက်ရုံတစ်ခုက ၂၀၃၀ တွင် ဓာတ်ဆီနဲ့ ဒီဇယ်ကားတွေကို ပိတ်ဆို့ရန်နဲ့ ၂၀၅၀ တွင် အသားတင် ကာဗွန်ထုတ်လွှတ်မှုကို သုညအထိ လျှော့ချမယ့် ရည်မှန်းချက်ကို ပြည့်မီရန် ဗြိတိန်ကို ကူညီသွားမှာ ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်များအတွင်း ဗြိတိန်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ယှဉ်ပြိုင်နိုင်စွမ်းမရှိသော စက်မှုလုပ်ငန်းမှ သံလိုက်ထုတ်လုပ်မှု ပျောက်ကွယ်သွားလုဖြစ်ခဲ့သော်လည်း ၀ယ်လိုအား ကြီးမားလာသဖြင့် အစိုးရက လုံလောက်တဲ့ထောက်ပံ့မှုရရှိရန် စိတ်အားထက်သန်နေပါတယ်။

ပြီးခဲ့သည့်လတွင် အစိုးရဟာ လျှပ်စစ်ယာဥ်များ (EVs) နှင့် သူတို့ရဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို ပံ့ပိုးရန်အတွက် ပေါင် သန်း ၈၅၀ (ဒေါ်လာ ၁.၁၅ ဘီလီယံ) အကုန်အကျခံပါဝင်ထားတဲ့ သူ့ရဲ့ အသားတင် သုည မဟာဗျူဟာကို အကောင်အထည်ဖော်ရန် အစီအစဉ်တွေကို ချမှတ်ခဲ့ပါတယ်။

လေ့လာမှုဟာ စက်ရုံတစ်ရုံကို ၂၀၂၄ တွင်မည်ကဲ့သို့တည်ဆောက်နိုင်ပုံကို အကြမ်းဖျင်းဖော်ပြပြီး နောက်ဆုံးတွင် တစ်နှစ်လျှင် EVs အစီးရေ ၁ သန်းကို ထောက်ပံ့ပေးရန် အားကောင်းသောသံလိုက်တွေ အလုံအလောက်ထုတ်လုပ်နိုင်ပါတယ်။

“ကျွန်တော်တို့ဟာ ဒီလိုမျိုးကုန်ထုတ်လုပ်မှုအားလုံးကို အရှေ့ဖျားဒေသဆီ ပို့ဆောင်ပြီး UK ကုန်ထုတ်လုပ်ရေးအဆင့်အတန်းမြင့်မားမှုကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေပါတယ်” လို့ သတင်းရင်းမြစ်တစ်ခုအရ သိရပါတယ်။

အစီရင်ခံစာ မထုတ်ပြန်သေးတာကြောင့် အစိုးရရဲ့ စီးပွားရေးဌာနမှ ဖြစ်နိုင်ချေရှိတဲ့ သံလိုက်စက်ရုံတစ်ခုနှင့် စပ်လျဉ်း၍ အသေးစိတ်အချက်အလက်တွေအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပါတယ်။

“ယူကေမှာ ကမ္ဘာလုံးဆိုင်ရာ အပြိုင်အဆိုင် လျှပ်စစ်ကား ထောက်ပံ့ရေးကွင်းဆက်တစ်ခု တည်ဆောက်ဖို့ အစီအစဉ်တွေ တိုးတက်ဖို့ ကျွန်တော်တို့ရဲ့ Automotive Transformation Fund (ATF) ကတဆင့် ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆက်လက် လက်တွဲလုပ်ဆောင်နေပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

EV မြှင့်တင်ရေး

ဗြိတိန်မြေရှားကုမ္ပဏီ Less Common Metals ဟာ ဖြစ်နိုင်ခြေရှိတဲ့ လေ့လာမှုကို စုစည်းပြီး စက်ရုံကို ပူးပေါင်းတည်ဆောက်ရန် မိတ်ဖက်တွေ ရှာဖွေနေ​တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

LCM ဟာ မြေရှားကုန်ကြမ်းပစ္စည်းတွေကို အမြဲတမ်းသံလိုက်တွေထုတ်လုပ်ရန် လိုအပ်တဲ့ အထူးဒြပ်ပေါင်းတွေအဖြစ် ပြောင်းလဲပေးတဲ့ တရုတ်နိုင်ငံပြင်ပရှိ ကုမ္ပဏီအနည်းစုထဲက တစ်ခုဖြစ်ပါတယ်။

မော်တော်ယာဉ်ထုတ်လုပ်သူတွေဟာ ဗြိတိန်တွင် EV ထုတ်လုပ်မှုကို မြှင့်တင်ရန် သံလိုက်တွေ လိုအပ်ပါတယ်။

Ford (F.N) ဟာ ၂၀၂၄ နှစ်လယ်မှ တစ်နှစ်လျှင် EV ပါဝါယူနစ် ၂၅၀,၀၀၀ ခန့်ထုတ်လုပ်ရန် အင်္ဂလိပ်စက်ရုံတစ်ခုတွင် ပေါင်သန်း ၂၃၀ အထိ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။

နီအိုဒမီယမ်ဖြင့်ပြုလုပ်ထားတဲ့ မြေရှားသံလိုက်တွေကို EV မော်တာတွေကို စွမ်းအင်လည်ပတ်ဖို့ အထိရောက်ဆုံးနည်းလမ်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ကြတာကြောင့် သူတို့ကို EV မော်တာရဲ့ ၉၀% တွင် အသုံးပြုထားပါတယ်။

အဆိုပါ သံလိုက်ပါတဲ့ လျှပ်စစ်ကားတွေဟာ သာမန်သံလိုက်တွေထက် ဘက်ထရီပါဝါ ပို၍နည်းစွာ လိုအပ်တာကြောင့် ကားတွေဟာ အားပြန်မသွင်းမီ အကွာအဝေးပိုမိုရှည်ရှည် သွားလာနိုင်ပါတယ်။

EV တွေနဲ့ လေစွမ်းအင်သို့ပြောင်းရန် နိုင်ငံတွေကို အရှိန်မြှင့်ရန် မော်တော်ကားထုတ်လုပ်သူတွေရဲ့ ပြိုင်ဆိုင်မှုဟာ ဥရောပတွင် ၂၀၅၀ ခုနှစ်မှာ အမြဲတမ်းသံလိုက်လိုအပ်ချက်ကို ဆယ်ဆတိုးလာစေမှာကြောင့် ဖြစ်​တယ်လို့ ဥရောပသမဂ္ဂက ဆိုပါတယ်။

ဗြိတိန်ဟာ ထောက်ပံ့ရေး ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်တဲ့ တရုတ်နှင့် ယှဉ်ပြိုင်နိုင်စေရန် အစိုးရရဲ့ ပံ့ပိုးကူညီမှုက အရေးကြီးတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အဆိုပါ မဟာဗျူဟာဟာ EU နဲ့ အမေရိကန်တို့ရဲ့ ပြည်တွင်းစက်မှုလုပ်ငန်းတွေရဲ့ ကုန်ကြမ်းတွေ၊ မြေရှားလုပ်ငန်းစဥ်နဲ့ အမြဲတမ်းသံလိုက်တွေ ဖန်တီးရန် အလားတူကြိုးပမ်းမှုတွေကို ထင်ဟပ်စေပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *