စကြာဝဠာကြီးဟာ ကျယ်ပြန့်လှပါတယ်။
ဒါ့ကြောင့် ကျွန်ုပ်တို့ဟာ လက်ရှိနေထိုင်နေတဲ့ ဂလက်ဆီတွင်သာမက အခြားသော ဝေးကွာတဲ့ နေရာများမှ ဂြိုဟ်များကိုပါ ရှာဖွေရန် မျှော် လင့်သင့်ပါတယ်။
Nature Astronomy ဂျာနယ်တွင် ဖော်ပြခဲ့ပြီး Chandra ၏ တရားဝင် ဝက်ဘ်ဆိုက်ဒ်တွင် မကြာသေးမီက ဖော်ပြခဲ့သည့် လေ့လာမှု တခုအရ နက္ခတ္တဗေဒ ပညာရှင်များဟာ ပထမဆုံးအနေဖြင့် ကျွန်တော်တို့ နဂါးငွေ့တန်း ဂလက်ဆီ အလွန်မှ ကြယ်တလုံးကို လှည့်ပတ်နေသည့် ဂြိုဟ်သားများ ရှိနိုင်သည့် ဂြိုဟ်တလုံးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ့ ဂြိုဟ်ရဲ့တည်နေရာကတော့ ခရုပတ်ပုံစံ ဂလက်ဆီ Messier 51 (M51) သို့မဟုတ် Whirlpool လို့ ခေါ်တဲ့ ဂလက်ဆီအတွင်းမှာ ဖြစ်ပါတယ်။

NASA ၏ Chandra X-ray Observatoryကို အသုံးပြုပြီး တွေ့ရှိခဲ့တဲ့ အံ့ဩစရာ ရှာဖွေ့တွေ့ရှိမှုဟာ ယခင်ထက် များစွာ ဝေးကွာသည့် ဂြိုဟ် များကို ရှာဖွေရန်အတွက် တံခါးအသစ်များ ဖွင့်လှစ်ပေးခဲ့ပါတယ်။
အခြား ဂလက်ဆီ အတွင်းရှိ ဂြိုလ်သားကမ္ဘာတစ်ခုဟာ တွင်းနက်တစ်ခုအား လှည့်ပတ် နေတာ ဖြစ်နိုင်ပါတယ်။
Exoplanets လို့ခေါ်တဲ့ ကျွန်တော်တို့ နေအဖွဲ့အစည်း အလွန်မှာ ရှိနေသည့် ကမ္ဘာများကို လေ့လာရာမှာ ယခင်က နဂါးငွေ့တန်း ဂလက်ဆီအတွင်း မှာသာ ရှာဖွေ တွေ့ရှိခဲ့တ ာဖြစ်ပြီး ၎င်းတို့ အားလုံး နီးပါးဟာ ကျွန်တော်တို့ ဂြိုဟ်မှ အလင်းနှစ် ၃ ထောင်ထက် နည်းတဲ့ နေရာမှာ တည်ရှိနေတာ ဖြစ်ပါတယ်။
ယခု တွေ့ရှိခဲ့တဲ့ M51 ဂလက်ဆီအတွင်းမှ ဂြိုဟ်ကတော့ ကမ္ဘာမှ အလင်းနှစ် ၂၈ သန်းခန့် ကွာဝေးတဲ့ နေရာမှာ တည်ရှိတာဖြစ်ပြီး ကျွန် တော်တို့ ကမ္ဘာတည်ရှိသည့် နဂါးငွေ့တန်း ဂလက်ဆီတွင် ရှာဖွေ တွေ့ရှိသည့် အခြား ဂြိုဟ်ကမ္ဘာများ၏ အကွာအဝေးထက် အဆပေါင်း ထောင်ချီပြီး ရှိပါတယ်။
ယခုလို ရှာဖွေတွေ့ရှိမှု အသစ်ဟာ ဝေးကွာသည့် နေရာမှ Exoplanet များကို စောင့်ကြည့်လေ့လာမှုကို အားကိုးထားတာ ဖြစ်ပြီး ကြယ်နှင့် ကျွန်တော်တို့ အကြားမှ ဖြတ်သန်းသွားသည့် ဂြိုဟ်မှ ဖြတ်လာသည့် ကြယ်၏ အလင်းရောင်ကို ရှာဖွေခြင်းတို့ ပါဝင်ပါတယ်။
နက္ခတ္တဗေဒ ပညာရှင်များဟာ NASA ၏ TESS နှင့် Kepler မစ်ရှင်များကဲ့သို့ အာကာသနှင့် မြေပြင်အခြေစိုက် တယ်လီစကုပ်များကို အသုံး ပြုခဲ့ ကြတာ ဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိထားသည့် အခြား ဂလက်ဆီမှ Exoplant ဟာ နေအဖွဲ့အစည်းအတွင်းမှ စနေဂြိုဟ် (စေတန် Saturn) အရွယ်အစားလောက် ရှိတယ်လို့ သိရပါတယ်။
တွင်းနက် သို့မဟုတ် နျူထရွန် ကြယ်အနီးရှိ အရာဝတ္ထုများဟာ အပူ လွန်ကဲသည့် အပူချိန်တခုသို့ ရောက်ရှိကာ X-ray တွင် တောက်ပစွာ မြင် လာရပါတယ်။
ဒါပေမယ့် X-ray မှ ထုတ်ပေးသည့် အရွယ်အစား ပမာဏဟာ သေးငယ်တဲ့အတွက် ၎င်းရှေ့မှ ဖြတ်သန်းသွားသည့် ဂြိုဟ်ဟာ X-ray အများစုကို ပိတ်ဆို့နိုင်ပြီး ဂြိုဟ်များကို လေ့လာနိုင်သည့် transit detection လုပ်ငန်းစဉ်ကို ရိုးရှင်းစေပါတယ်။
Exoplanet များဟာ ၎င်း၏ ကြယ် အလင်း ကို ရုပ်ပိုင်း ဆိုင်ရာ အရ အနည်းငယ်သာ ပိတ်ဆို့ ထားနိုင်သောကြောင့် ၎င်းတို့ကို သမားရိုးကျ optical light transit လေ့လာစောင့်ကြည့်မှုများမှ တဆင့် ရှာဖွေထားသည့် ဂြိုဟ်များထက် ပိုမို ဝေးကွာစွာ ရှာဖွေနိုင်လာတာ ဖြစ်ပါတယ်။
X-ray ကို အသုံးပြုသည့် နည်းလမ်းဖြင့် Di Stefano နှင့် ပိုမို ကျယ်ပြန့်သည့် သုတေသန အဖွဲ့မှ M51 ဂလက်ဆီအတွင်းမှာ ရှိတဲ့ M51-ULS-1 လို့ အမည်ပေးထားတဲ့ ဒွိဂလက်ဆီ တွင် အဆိုပါ ဂြိုဟ်ကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ့စနစ်တွင် နျူထရွန်ကြယ် သို့မဟုတ် တွင်းနက် တခုပါဝင်ပြီး နေဒြပ်ထု၏ အဆ ၂၀ ခန့်ရှိသည့် အဖော် ကြယ်တလုံးကို လှည့် ပတ်နေတာ ဖြစ်ပါတယ်။

Chandra အချက်အလက်မှ တဆင့် စောင့်ကြည့်သည့် X-ray transit စောင့်ကြည့်မှုဟာ X-ray ထုတ်လွှတ်မှု သုည အထိ ကျဆင်းသွားသည် အထိ အကြမ်းဖျင်းအားဖြင့် ၃ နာရီခန့် ကြာမြင့်ခဲ့ပါတယ်။
အကြမ်းဖျင်းအားဖြင့် စနေဂြိုဟ်၏ အရွယ်အစား လောက်ရှိပြီး တွင်းနက် သို့မဟုတ် နျူထရွန်ကြယ်၏ ပတ်လမ်းအတွင်း၌ ကျွန်ုပ်တို့၏နေကိုလှည့်ပတ်သည့် အကွာအဝေးထက် နှစ်ဆခန့်ရှိသည့် လမ်းကြောင်းဖြင့် ဒီဂြိုဟ်ဟာ လှည့်ပတ်နေလိမ့်မယ်လို့ သုတေသီများက ထင်မြင် ချက်ပေးပါတယ်။
ဒါဟာ ခေတ်သစ် နက္ခတ္တဗေဒ အတွက် မယုံနိုင်စရာကောင်းသည့် သမိုင်းဝင် ရှာဖွေ တွေ့ရှိမှု တခုဖြစ်ပြီး တွေ့ရှိချက်များကို အတည်ပြုဖို့
အချက်အလက်များ ပိုမို လိုအပ်ပေမယ့် ၎င်းဟာ ဂလက်ဆီ တခုနှင့် တခု အကြားတွင်ရှိသည့် ဂြိုဟ်များ (intergalactic exoplanet) ကို လေ့လာမှုများ၏ အစပြုမှုလို့ မှတ်ယူနိုင်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။