ပူပြင်းတဲ့နေ့တွေမှာ လမ်းတွေဟာ စိုစွတ်နေပုံ ပေါက်ရတဲ့ အကြောင်းအရင်း

Knowledge Science

ကထိက Robert ​က ကျွန်တော် Texas ပြည်နယ် အစွန်ကို ဖြတ်မောင်းနေစဉ် ဘာလို့အဝေးပြေးလမ်းမကြီးက အဝေးကနေကြည့်ရတာ စိုစွတ်ပြီး တောက်ပနေပုံ ရပေမယ့် နီးကပ်လာတဲ့အခါ ပုံမှန်ဖြစ်နေတာကို ကျွန်တော် အံ့သြနေခဲ့ပါတယ် လို့ ပြောပါတယ်။

ပထမဆုံး ရူပဗေဒသင်ခန်းစာ အတိုချုံးအရ အလင်းဟာ သိပ်သည်းဆ ပိုများတဲ့ ကြားခံနယ်တွေကို ဖြတ်သန်းရာမှာနှေးကွေးပြီး သိပ်သည်းမှု နည်းတဲ့ကြားခံနယ်တွေကိုတော့ ဖြတ်သန်းတာ ပိုမြန်ပါတယ်။

အလင်းဟာ လေဆိုတဲ့ ကြားခံနယ်ကို ဖြတ်သွားနေစဥ်မှ ၎င်းသည် သိပ်သည်းဆ နည်းတဲ့အတွက် မျဉ်းဖြောင့်အတိုင်း သွားနိုင်ပါတယ်။။

အလင်းဟာ ကြားခံတစ်ခုမှ တစ်ခုသို့ ကူးပြောင်းတဲ့အခါ (ဥပမာ လေမှ ရေသို့) သိပ်သည်းမှု ကွာခြားချက်တစ်ခုရှိလာပြီး အလင်းလှိုင်းတွေ၏ အရှိန်ကို ပြောင်းလဲပြီး သူတို့ကို ဦးတည်ရာပြောင်းလဲစေ သို့မဟုတ် အလင်းယိုင်စေပါတယ်။

အလင်းယိုင်ခြင်းကို လက်တွေ့ကြည့်ဖို့ လွယ်ကူတဲ့ နည်းလမ်းမှာ ခဲတံ တချောင်းကို ရေတစ်ဝက် ဖြည့်ထားတဲ့ ဖန်ခွက်ထဲသို့ ထည့်ကြည့်ဖို့ပဲ ဖြစ်ပါတယ်။

အပေါ်မှကြည့်လျှင် ခဲတံဟာ ကွေးညွတ်နေပုံ ဒါမှမဟုတ် ကျိုးနေပုံရပါတယ်။

ဘေးဘက်မှ ကြည့်လျှင် ဖန်ခွက်ထဲမှ ခဲတံဟာ တပိုင်းစီ ကွဲနေသလိုမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အလင်းဟာ အရာဝတ္ထုတွေပေါ်ကနေ အလင်းယိုင်ပြီး သင့်မျက်လုံးထဲကို ရောက်လာတာကြောင့် အရာဝတ္ထုတွေကို သင်မြင်ရတယ်ဆိုတာကို အရင်ဆုံး သတိရကြည့်လိုက်ပါ။

ပုံထဲက ဖြစ်စဉ်တွင် ခဲတံမှ လာတဲ့ အလင်းက ရောင်ပြန်ဟပ်ပြီး လေနဲ့ ရေဆိုတဲ့ မတူညီတဲ့ ကြားခံနှစ်ခု ကနေ ဖြတ်၍ သင့်မျက်လုံးထဲကို ရောက်လာတာဖြစ်ပါတယ်။

ရေပြင်အထက်မှာသာ ခဲတံဟာ ရှိနေပါက ခဲတံမှ လာတဲ့ အလင်းဟာ လေကတဆင့် သင့်မျက်လုံးသို့ တိုက်ရိုက်ဖြတ်သွားပြီး အလင်းမယိုင်ပါဘူး။

ဥပမာ အလင်းဟာ လေမှ ဖန်ခွက်ထဲသို့ ဖြတ်သန်းသွားပြီး လေထဲသို့ ပြန်ရောက်လာသော်လည်း ဖန်ခွက်အတွင်းနှင့်အပြင် အလင်းယိုင်ခြင်းဟာ အရေးမပါလောက်တဲ့ သွေဖည်မှုကိုသာ ဖြစ်ပေါ်စေပါတယ်။

ရေအောက်မှာတော့ ခဲတံမှ ယိုင်လာတဲ့ အလင်းဟာ ရေကနေ ဖန်ခွက်ထဲသို့ ဝင်သွားပြီး လေထဲသို့ ရောက်သွားပါတယ်။

ဤအလင်းဟာ ကြားခံနယ်နဲ့ အရှိန်ကို ပြောင်းလဲစေတာကြောင့် ၎င်းသည် သင့်ဆီလာတဲ့ လမ်းကြောင်းမှာ အလင်းယိုင်သွား ဒါမှမဟုတ် ကွေးသွားပါတယ်။

ခဲတံကို ကြည့်တဲ့အခါ သင့်မျက်လုံးနဲ့ ဦး နှောက်ဟာ အလင်းယိုင်တာကို ထည့်မတွက်ဘဲ အရာဝတ္ထုကို အလင်းလှိုင်းတွေက မျဉ်း ဖြောင့် တစ်လျှောက်မှ အစပြု လာပုံရတဲ့ နေရာ ဖြစ်တယ်လို့ ယူဆလိုက်ပါတယ်။

ရေပြင်မျဥ်းမှ ခဲတံရဲ့ အပေါ်နဲ့ အောက်ပိုင်းတွေဟာ တစ်ခုနှင့်တစ်ခု ညီနေသော်လည်း ၎င်းတို့ထံမှ အလင်းဟာ မတူညီသော မျဉ်းကြောင်း နှစ်ခုမှလာပြီး သင့်အမြင်အာရုံစနစ်က ထိုအရာနဲ့ ဆုံပြီးနောက် ခဲတံကို ကျိုးသွားတဲ့ပုံ ဖြစ်စေပါတယ်။

ရောဘတ် ဖော်ပြထားတဲ့ အရာဟာလည်း အလင်းယိုင်ခြင်းရဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။

သင်တစ်နေ့မှာ ကားပတ် မောင်းနေရင်း ခင်းထားတဲ့ လမ်းပေါ်မှာ နည်းနည်းချိုင့်နေတဲ့ ရွှံ့ဗွက်ကို တွေ့လိုက်တယ်လို့ ထင်ကောင်း ထင်နိုင်ပါတယ်။

သင် ရေအိုင်ကို မြင်ခဲ့တယ်လို့ ထင်တဲ့နေရာကို ရောက်တာနဲ့ အဲဒါဟာ ပျောက်ပါသွားတယ်။

လမ်းကို ပိုဝေးအောင်ကြည့်ရင် နောက်ထပ် ရေအိုင်တစ်ခု တွေ့ပေမယ့် အဲဒါကလည်း သင်နဲ့ ပိုနီးစပ်လာတာနဲ့ ပျောက်သွားပါတယ်။

ရေအိုင်တွေကို တနေ့လုံး သင်လိုက်ဖမ်းနေရင်တောင် သင်အနေဖြင့် တကယ်တွေ့လာမှာ မဟုတ်ပါဘူး။

အလင်းဟာ လေနှင့် ရေကဲ့သို့ မတူညီတဲ့ ကြားခံနှစ်ခုကို ဖြတ်တဲ့အခါမှာပဲ အလင်းယိုင်ရုံသာမက မတူညီတဲ့ သိပ်သည်းဆတွေ ရှိတဲ့ တူညီသော ကြားခံနယ် အလွှာအသီးသီးမှ ဖြတ်တဲ့အခါမှာလည်း အလင်းယိုင်ပါတယ်။

ကတ္တရာပေါ် နေရောင် ကျလာတာနဲ့ အမျှ ၎င်းသည် ပူလာပါတယ်။

တစ်ဖန် လမ်းဟာ သူ့ပတ်ဝန်းကျင်မှ လေကို ချက်ချင်းပူစေပါတယ်။ ၎င်းအထက်မှ လေကို ပိုပူစေပြီး အဝေးမှာရှိတဲ့ လေထက် သိပ်သည်းဆပိုနည်းပါတယ်။

ကောင်းကင်မှ အလင်းရောင်ဟာ ပူသောလမ်းဆီသို့ အောက်တည့်တည့် အတိုင်း ဖြတ်သန်း လာတာကြောင့် ၎င်းသည် ဒီမြင့်တက်လာတဲ့ ပူနွေးမှုနဲ့ သိပ်သည်းဆ နည်းတဲ့ လေထု အလွှာတွေကို ဖြတ်လာရပြီး တစ်ခုချင်းစီကို ဖြတ်သန်းတဲ့အခါ အရှိန်နဲ့ အလင်းယိုင်နှုန်း ဟာလည်း ပြောင်းလဲလာပါတယ်။

၎င်းသည် U ပုံသဏ္ဍာန် လမ်းကြောင်းတစ်ခုဖြင့် လေထုနှင့်ထိတွေ့ပြီး ၎င်းနှင့်အပြိုင် နောက်ဆုံးတွင် ကောင်းကင်သို့ ပြန်တက်သွားကာ ၎င်းသည် လမ်းပေါ်တွင် ရပ်နေတဲ့ လူရဲ့ မျက်လုံးနဲ့ ဆုံနိုင်ပါတယ်။ (ပုံတွင် ရှင်းပြထားပါတယ်)

ဒီယိုင်နေတဲ့အလင်းက သင့်ဆီရောက်တဲ့အခါ သင့်ဦးနှောက်နဲ့ မျက်လုံးက ရေထဲမှာ ခဲတံနဲ့ စမ်းသပ်ခဲ့သလိုပဲ လမ်းတစ်လျှောက် ကွေးခဲ့တာတွေ အားလုံးကို ထည့်မတွက်ပါဘူး။

သူတို့က အဲဒါကို မျဉ်းဖြောင့်အတိုင်း ပြန်ကောက်ပြီး အဲဒီအမှတ်ကို သူ့ရဲ့မူလအစနဲ့ အရာဝတ္ထုရဲ့ တည်နေရာလို့ အဓိပ္ပာယ် ကောက်လိုက် ပါတယ်။

ဒါကြောင့် သင်မြင်တဲ့အရာက ​စစ်မှန်တဲ့ အရာဝတ္ထုအောက်မှာ ရှိတဲ့ နိမ့်ကျနေတဲ့ ပုံရိပ်ယောင်တစ်ခု ဖြစ်ပါတယ်။

သင့်ဦးနှောက်နဲ့ မျက်လုံးက သင်မြင်နေရတဲ့ အရာကို မြန်မြန်နားလည်ဖို့ ကြိုးစားနေတာတောင် သင်ဟာ လမ်းပေါ်ရှိရေလို့ပဲ ပုံရိပ်ယောင်ကို သတ်မှတ်လိုက်တာနဲ့ ပြီးဆုံးသွားမှာဖြစ်ပါတယ်။

အဝေးပြေးလမ်းများကဲ့သို့ သဲဟာ အပူကိုထိန်းထားနိုင်ပြီး ၎င်းနှင့်အနီးရှိ လေကိုနွေးထွေးစေတာကြောင့် ရေကျနေတဲ့ ပုံရိပ်ယောင် တွေဟာ သဲကန္တာရတွင် မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး လူတွေကို အနီးအနားမှာ ရေရှိတယ်လို့ ထင်စေနိုင်ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *