F-22 တွေကို အကြီးအကျယ် မွမ်းမံမှုတွေပြုလုပ်ခဲ့တဲ့ ကန်လေတပ်

News

အမေရိကန်လေတပ်ဟာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ ပဥ္စမမျိုးဆက် တိုက်လေယာဉ်တွေဖြစ်တဲ့ F-22 Raptor တွေကို ပြန်လည်ပြုပြင် မွမ်းမံနေတယ်လို့ သိရပါတယ်။

ယူတာ ပြည်နယ်ရှိ ဟေးလ်လေတပ်အခြေစိုက်စခန်းမှာ ပြုလုပ်ခဲ့တဲ့ အကြီးအကျယ်အဆင့်မြှင့်တင်မှုတွေမှာ ရေဒါစုပ်ယူနိုင်သည့် အလွှာအားပြုပြင်ခြင်း နှင့် ကိုယ်ထည် ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာ ပြုပြင်ခြင်းများစွာတို့ကို ပြုလုပ်ခဲ့ပြီး လေယာဉ်၏ ပျံသန်းနိုင်သည့် သက်တမ်းကိုပါ တိုးမြှင့်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လေယာဉ်တွင် တပ်ဆင်ထားသည့် လေယာဉ်ထိန်းချုပ်ရေးစနစ်များကိုလည်း စစ်ဆေးခြင်းနှင့် ပြုပြင်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။


လေတပ်အဆိုအရ F-22 များကို အထူးသီးသန့် ပြုပြင်မှု ပြုလုပ်နိုင်တဲ့ စက် ၆ ခု ကိုဖြတ်ကာ ဖွဲ့စည်း တည်ဆောက်ပုံ ပြုပြင်မှု၊ မွမ်းမံမှု၊ ရေဒါစုပ်ယူလွှာထပ်ပိုးမှုနှင့် လေယာဉ်၏ ထိခိုက်ရာများ ပြုပြင်မှုများ ပြုလုပ်တယ်လို့သိရပါတယ်။

ဒီလို ဖွဲ့စည်း တည်ဆောက်ပုံစံ ပြုပြင်မှုတွေကြောင့် လေယာဉ်ကိုယ်ထည်သက်တမ်းကို နာရီပေါင်း ၈ ထောင်စီလောက်အထိ ဆွဲဆန့်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မူလက F-22 များကို နာရီ ၈ ထောင် သက်တမ်းရှိစေရန် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုလိုအဆင့်မြှင့်တင်မှုများကြောင့် နောက်ထပ် နာရီ ၈ ထောင်ပိုမိုတာဝန်ထမ်းဆောင်လာနိုင်ကာ သက်တမ်း ၂ ဆအထိ တိုးလာစေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်မလို့ ဒီအဆင့်မြှင့်တင်မှုဟာ F-22 တွေရဲ့သက်တမ်းတွေကို နှစ်အရ နောက်ထပ် ဆယ်စုနှစ်တွေ ထပ်တိုးပေးလိုက်တာနဲ့ အတူတူပါပဲ။


လေတပ် ကတော့ F-22 Raptor တွေကို ၂၀၆၀ အထိ သို့မဟုတ် နောက်ဆုံး လေယာဉ်ထုတ်လုပ်ပြီး နှစ်ပေါင်း ၄၀ ကြာပြီးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

ဒီပြုပြင်မွမ်းမံမှုမှာ အင်ဂျင် ဝင်ပေါက်များတွင် သုတ်လိမ်းထားသည့် ရေဒါစုပ်ယူသည့်အလွှာကို မွမ်းမံခြင်းပါ ပါဝင်ပါတယ်။ F-22 ဘယ်နှစီးလောက် အဆင့်မြှင့်တင်ခဲ့လည်း ရှင်းရှင်း လင်းလင်းမသိရပေမယ့် လေတပ်က စုစုပေါင်း ၂၄၇ စီး ပါဝင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း F-22 စုစုပေါင်းဟာ ၂၈၅ စီးပဲရှိတာပါ။

လေတပ်အတွက် အဓိက စစ်ဆင်ရေးတွေဆောင်ရွက်နိုင်ဖို့ လက်ရှိမှာ F-22 ၁၂၃ စီး ရှိပြီး လေ့ ကျင့်ရေးအတွက် ၂၈ စီးရှိပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ၁၅၁ စီးသာ ရှိတဲ့အတွက် လေတပ်က ထုတ်ပြန်တဲ့အရေအတွက်ဖြစ်တဲ့ ၂၄၇ စီးဆိုတာ ၁၄၇ စီး ကို စာရိုက်မှားတာလား ဒါမှမဟုတ် လျှို့ဝှက် တိုးချဲ့ထုတ်လုပ်ထားတာလား ဆိုတာတော့ မသိရပါဘူးခင်ဗျာ။

ZawGyi

အေမရိကန္ေလတပ္ဟာ လက္ရွိတာဝန္ထမ္းေဆာင္ေနတယ့္ ပၪၥမမ်ိဳးဆက္ တိုက္ေလယာဥ္ေတြျဖစ္တဲ့ F-22 Raptor ေတြကို ျပန္လည္ျပဳျပင္ မြမ္းမံေနတယ္လို႔ သိရပါတယ္။

ယူတာျပည္နယ္ရွိ ေဟးလ္ေလတပ္အေျခစိုက္စခန္းမွာ ျပဳလုပ္ခဲ့တဲ့ အႀကီးအက်ယ္အဆင့္ျမႇင့္တင္မႈေတြမွာ ေရဒါစုပ္ယူႏိုင္သည့္ အလႊာအားျပဳျပင္ျခင္း ႏွင့္ ကိုယ္ထည္ ဖြဲ႕စည္းတည္ေဆာက္ပုံ ဆိုင္ရာ ျပဳျပင္ျခင္းမ်ားစြာတို႔ကို ျပဳလုပ္ခဲ့ၿပီး ေလယာဥ္၏ ပ်ံသန္းႏိုင္သည့္ သက္တမ္းကိုပါ တိုးျမႇင့္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ေလယာဥ္တြင္ တပ္ဆင္ထားသည့္ ေလယာဥ္ထိန္းခ်ဳပ္ေရးစနစ္မ်ားကိုလည္း စစ္ေဆးျခင္းႏွင့္ ျပဳျပင္ျခင္းမ်ား ျပဳလုပ္ခဲ့ပါတယ္။


ေလတပ္အဆိုအရ F-22 မ်ားကို အထူးသီးသန႔္ ျပဳျပင္မႈ ျပဳလုပ္ႏိုင္တဲ့ စက္ ၆ ခု ကိုျဖတ္ကာ ဖြဲ႕စည္းတည္ေဆာက္ပုံျပဳျပင္မႈ၊ မြမ္းမံမႈ၊ ေရဒါစုပ္ယူလႊာထပ္ပိုးမႈႏွင့္ ေလယာဥ္၏ ထိခိုက္ရာမ်ား ျပဳျပင္မႈမ်ား ျပဳလုပ္တယ္လို႔သိရပါတယ္။

ဒီလို ဖြဲ႕စည္းတည္ေဆာက္ပုံစံျပဳျပင္မႈေတြေၾကာင့္ ေလယာဥ္ကိုယ္ထည္သက္တမ္းကို နာရီေပါင္း ၈ ေထာင္စီေလာက္အထိ ဆြဲဆန႔္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

မူလက F-22 မ်ားကို နာရီ ၈ ေထာင္ သက္တမ္းရွိေစရန္ ထုတ္လုပ္ခဲ့တာျဖစ္ၿပီး ယခုလိုအဆင့္ျမႇင့္တင္မႈမ်ားေၾကာင့္ ေနာက္ထပ္ နာရီ ၈ ေထာင္ပိုမိုတာဝန္ထမ္းေဆာင္လာႏိုင္ကာ သက္တမ္း ၂ ဆအထိ တိုးလာေစတာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္မလို႔ ဒီအဆင့္ျမႇင့္တင္မႈဟာ F-22 ေတြရဲ႕သက္တမ္းေတြကို ႏွစ္အရ ေနာက္ထပ္ ဆယ္စုႏွစ္ေတြ ထပ္တိုးေပးလိုက္တာနဲ႔ အတူတူပါပဲ။
ေလတပ္ကေတာ့ F-22 Raptor ေတြကို ၂၀၆၀ အထိ သို႔မဟုတ္ ေနာက္ဆုံး ေလယာဥ္ထုတ္လုပ္ၿပီး ႏွစ္ေပါင္း ၄၀ ၾကာၿပီးတဲ့အထိ တာဝန္ထမ္းေဆာင္ႏိုင္မယ္လို႔ ယုံၾကည္ထားပါတယ္။

ဒီျပဳျပင္မြမ္းမံမႈမွာ အင္ဂ်င္ဝင္ေပါက္မ်ားတြင္ သုတ္လိမ္းထားသည့္ ေရဒါစုပ္ယူသည့္အလႊာကို မြမ္းမံျခင္းပါ ပါဝင္ပါတယ္။ F-22 ဘယ္ႏွစီးေလာက္ အဆင့္ျမႇင့္တင္ခဲ့လည္း ရွင္းရွင္းလင္းလင္းမသိရေပမယ့္ ေလတပ္က စုစုေပါင္း ၂၄၇ စီး ပါဝင္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ တကယ္တမ္း F-22 စုစုေပါင္းဟာ ၂၈၅ စီးပဲရွိတာပါ။

ေလတပ္အတြက္ အဓိကစစ္ဆင္ေရးေတြေဆာင္႐ြက္ႏိုင္ဖို႔ လက္ရွိမွာ F-22 ၁၂၃ စီးရွိၿပီး ေလ့က်င့္ေရးအတြက္ ၂၈ စီးရွိပါတယ္။ ဒါ့ေၾကာင့္ စုစုေပါင္း ၁၅၁ စီးသာ ရွိတဲ့အတြက္ ေလတပ္က ထုတ္ျပန္တဲ့အေရအတြက္ျဖစ္တဲ့ ၂၄၇ စီးဆိုတာ ၁၄၇ စီး ကို စာ႐ိုက္မွားတာလား ဒါမွမဟုတ္ လွ်ိဳ႕ဝွက္ တိုးခ်ဲ႕ထုတ္လုပ္ထားတာလား ဆိုတာေတာ့ မသိရပါဘူးခင္ဗ်ာ။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *