အမေရိကန်တွင် အလိုအလျှောက်ပျံသန်းမည့် Drone များအား ပျံသန်းခွင့်ပြုပြီ

News

အမေရိကန် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှုဌာနမှ မန်ဆာချူးဆက်အခြေစိုက် စက်ရုပ်နည်းပညာကုမ္ပဏီဖြစ်တဲ့ American Robotics Inc ကို အလိုအလျှောက်ပျံသန်းတဲ့ drone များပျံသန်းခွင့် ပေးလိုက်ကြောင်း သိရပါတယ်။

ယခင်က ပျံသန်းရာလမ်းကြောင်းတလျှောက် မျက်မြင် ထိန်းချုပ်မောင်းနှင့်သူ Visual Observers ပါရှိမှသာ ခွင့်ပြုခဲ့တာပါ။ ယခုအခါ ခွင့်ပြုလိုက်တာကတော့ Beyond Visual Line of Sight (BVLS) အနေအထားကို ပျံသန်းနိုင်တဲ့ drone များ ကိုဖြစ်ပါတယ်။ ဒီ drone များဟာ လူသားတွေအတွက် အများကြီး‌ အကျိုးပြုမယ်လို့ မျှော်လင့်ရပါတယ်။

ဒီဆုံးဖြတ်ချက်ကို လေယာဉ်အသွားအလာနည်းသည့် နေရာများတွင် ပေ ၄၀၀ ထက်မပိုဘဲ နေ့ဘက်အချိန်တွင်ပြန်သန်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။ အေဂျင်စီမှ ဒီ drone များဟာ လုံးဝ အလိုအလျှောက်စနစ်ဖြစ်ပြီး မောင်းနှင်ဖို့ နှင့် စောင့်ကြည့်ဖို့တောင် မလိုဘူးလို့ ဆိုပါတယ်။

ဒီ drone များဟာ ကြိုတင်သတ်မှတ်ထားတဲ့ ပျံသန်းမှုအစီအစဉ်များအတိုင်း အလိုအလျှောက် မောင်းနှင်သွားမှာြဖစ်ပြီး တခြား drone များ၊ ငှက်များနှင့် အတားအဆီးများကို အသံလှိုင်းနည်းပညာဖြင့် ရှောင်ရှားသွားမယ်လို့သိရပါတယ်။

American Robotics Inc မှ Scout drone system

ဒီအပတ်ထဲမှာပဲ အမေရိကန် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှုဌာန အနေဖြင့် လေကြောင်းစည်းမျဉ်းအသစ်များကို ရေးဆွဲနေသည်ဟုသိရပြီး Amazon လို ကုမ္ပဏီများအတွက် drone ဖြင့် ပစ္စည်းများပို့ဆောင်ပေးသည့်စနစ်ကို ခွင့်ပြုပေးနိုင်ဖွယ်ရှိပါတယ်။

American Robotics Inc ဟာ လယ်ယာစိုက်ပျိုးရေးအတွက် ရည်ရွယ်တဲ့ drone စနစ်တွေ အဓိက ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ drone တွေကို scout system လို့ခေါ်ပြီး drone များဟာ အလိုအလျှောက်ပျံသန်းနိုင်ရုံသာမက အလိုအလျှောက် အားသွင်းခြင်း နှင့် စီစဉ်ခြင်းများကိုပါ လုပ်ဆောင်နိုင်ပါတယ်။

ZawGyi

အေမရိကန္ ဖက္ဒရယ္ေလေၾကာင္းစီမံခန႔္ခြဲမႈဌာနမွ မန္ဆာခ်ဴးဆက္အေျခစိုက္ စက္႐ုပ္နည္းပညာကုမၸဏီျဖစ္တဲ့ American Robotics Inc ကို အလိုအေလွ်ာက္ပ်ံသန္းတဲ့ drone မ်ားပ်ံသန္းခြင့္ ေပးလိုက္ေၾကာင္း သိရပါတယ္။

ယခင္က ပ်ံသန္းရာလမ္းေၾကာင္းတေလွ်ာက္ မ်က္ျမင္ ထိန္းခ်ဳပ္ေမာင္းႏွင့္သူ Visual Observers ပါရွိမွသာ ခြင့္ျပဳခဲ့တာပါ။ ယခုအခါ ခြင့္ျပဳလိုက္တာကေတာ့ Beyond Visual Line of Sight (BVLS) အေနအထားကို ပ်ံသန္းႏိုင္တဲ့ drone မ်ား ကိုျဖစ္ပါတယ္။ ဒီ drone မ်ားဟာ လူသားေတြအတြက္ အမ်ားႀကီး‌ အက်ိဳးျပဳမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဒီဆုံးျဖတ္ခ်က္ကို ေလယာဥ္အသြားအလာနည္းသည့္ ေနရာမ်ားတြင္ ေပ ၄၀၀ ထက္မပိုဘဲ ေန႔ဘက္အခ်ိန္တြင္ျပန္သန္းခြင့္ျပဳလိုက္တာျဖစ္ပါတယ္။ ေအဂ်င္စီမွ ဒီ drone မ်ားဟာ လုံးဝ အလိုအေလွ်ာက္စနစ္ျဖစ္ၿပီး ေမာင္းႏွင္ဖို႔ ႏွင့္ ေစာင့္ၾကည့္ဖို႔ေတာင္ မလိုဘူးလို႔ ဆိုပါတယ္။

ဒီ drone မ်ားဟာ ႀကိဳတင္သတ္မွတ္ထားတဲ့ ပ်ံသန္းမႈအစီအစဥ္မ်ားအတိုင္း အလိုအေလွ်ာက္ ေမာင္းႏွင္သြားမွာျဖစ္ၿပီး တျခား drone မ်ား၊ ငွက္မ်ားႏွင့္ အတားအဆီးမ်ားကို အသံလႈိင္းနည္းပညာျဖင့္ ေရွာင္ရွားသြားမယ္လို႔သိရပါတယ္။

ဒီအပတ္ထဲမွာပဲ အေမရိကန္ ဖက္ဒရယ္ေလေၾကာင္းစီမံခန႔္ခြဲမႈဌာန အေနျဖင့္ ေလေၾကာင္းစည္းမ်ဥ္းအသစ္မ်ားကို ေရးဆြဲေနသည္ဟုသိရၿပီး Amazon လို ကုမၸဏီမ်ားအတြက္ drone ျဖင့္ ပစၥည္းမ်ားပို႔ေဆာင္ေပးသည့္စနစ္ကို ခြင့္ျပဳေပးႏိုင္ဖြယ္ရွိပါတယ္။

American Robotics Inc ဟာ လယ္ယာစိုက္ပ်ိဳးေရးအတြက္ ရည္႐ြယ္တဲ့ drone စနစ္ေတြ အဓိက ထုတ္လုပ္တဲ့ ကုမၸဏီတစ္ခုျဖစ္ပါတယ္။ သူတို႔ရဲ႕ drone ေတြကို scout system လို႔ေခၚၿပီး drone မ်ားဟာ အလိုအေလွ်ာက္ပ်ံသန္းႏိုင္႐ုံသာမက အလိုအေလွ်ာက္ အားသြင္းျခင္း ႏွင့္ စီစဥ္ျခင္းမ်ားကိုပါ လုပ္ေဆာင္ႏိုင္ပါတယ္။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *