လက်နက်ဆက်စပ်ပစ္စည်းများ နှင့်သက်ဆိုင်သည့် ကြော်ငြာများကို ဇန်နဝါရီလ ၂၀ တွင်ပြုလုပ်မည့် သမ္မတဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုပွဲပြီး နောက်ထပ် ၂ ရက်အထိ အမေရိကန်တွင် ပိတ်ပင်သွားမည်ဟု ဇန်နဝါရီလ ၁၆ ရက်နေ့က Facebook ကကြေငြာလိုက်ပါတယ်။
ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန်ပါလီမန်အဆောက်အုံအား သမ္မတ ထရမ့်ကိုထောက်ခံသူများက တိုက်ခိုက်မှုများအပြီးမှာ အခုလိုကြေငြာလိုက်တာပါ။ အဓိကအားဖြင့် သနက်အိတ်များ၊ မီးခံသေတ္တာများ နှင့် ကျည်ကာအင်္ကျီများစသည့် လက်နက်နှင့်ဆက်စပ်သည့် ပစ္စည်းများအားလုံးကို ကြော်ငြာရာမှာတားမြစ်သွားမှာပါ။
“ကျွန်ုပ်တို့ဟာ လက်နက်များ၊ ကျည်ဆံများ နှင့် လက်နက်များတွင်တပ်ဆင်အသုံးပြုနိုင်သော အသံတိတ်ကိရိယာများကဲ့သို့ ပစ္စည်းများကို ကြော်ငြာခွင့်တားမြစ်ပြီးသားဖြစ်ပြီး ယခုအခါ ဆက်စပ်ပစ္စည်းများကိုပါ ပိတ်ပင်ထားပြီဖြစ်ပါတယ်” လို့ Facebook ရဲ့ ဘလော့မှာရေးသား ထားပါတယ်။
သောကြာနေ့က အမေရိကန်လွှတ်တော်အမတ် ၃ ယောက်မှလည်း ဇူကာဘတ်ထံ စာတစ်စောင်ပေးပို့ပြီး လက်နက်နှင့်ပတ်သက်သည့် ကြော်ငြာများကို အမြဲတမ်းပိတ်ပင်သွားဖို့ တိုက်တွန်းခဲ့ပါသေးတယ်။
ဝါရှင်တန်ရှိ အမေရိကန် ပါလီမန်နှင့် အိမ်ဖြူတော်အနီးတဝိုက် တည်နေရာတွင် သောကြာနေ့ကစပြီး Facebook Event များ create လုပ်ခြင်းကို ပိတ်ပင်ထားပါတယ်။ FBI မှလည်း ဖွင့်ပွဲမတိုင်ခင် ဝါရှင်တန်နှင့် ပြည်နယ်မြို့တော် ၅၀ တွင် လက်နက်ကိုင် ဆန္ဒပြမှုများ ပြုလုပ်ရန်စီစဉ်ထားကြောင်း သတိပေးပြောကြားထားပါတယ်။
Buzzfeed သတင်းမှ ဇန်နဝါရီလ ၆ ရက်နေ့တွင် စစ်ဘက်ဆိုင်ရာ ပစ္စည်များကို ကြော်ငြာများကို နှင့်အတူ ဆူပူမှုနှင့်ပတ်သက်သည့် သတင်းအမှားများ ဖြန့်ဝေနေတာကို Facebook ပေါ်တွင်တွေ့ရှိခဲ့သည်ဟု ဖော်ပြပြီးနောက် Facebook ၏ ပြောရေးဆိုခွင့်ရှိသူက Buzzfeed မှဖော်ပြခဲ့သည့် စာမျက်နှာများအားလုံးကို ဖြုတ်ချခဲ့ကြောင်း၊ ကုမ္ပဏီအနေဖြင့် ထောက်လှမ်းရေးများ၊ အကြမ်းဖက်ကျွမ်းကျင်သူများ၊ အာဏာပိုင်များနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်နေကြောင်းကို ပြောကြားခဲ့ပါတယ်။
ZawGyi
လက္နက္ဆက္စပ္ပစၥည္းမ်ား ႏွင့္သက္ဆိုင္သည့္ ေၾကာ္ျငာမ်ားကို ဇန္နဝါရီလ ၂၀ တြင္ျပဳလုပ္မည့္ သမၼတဘိုင္ဒန္ က်မ္းသစၥာက်ိန္ဆိုပြဲၿပီး ေနာက္ထပ္ ၂ ရက္အထိ အေမရိကန္တြင္ ပိတ္ပင္သြားမည္ဟု ဇန္နဝါရီလ ၁၆ ရက္ေန႔က Facebook ကေၾကျငာလိုက္ပါတယ္။
ဇန္နဝါရီလ ၆ ရက္ေန႔က အေမရိကန္ပါလီမန္အေဆာက္အုံအား သမၼတ ထရမ့္ကိုေထာက္ခံသူမ်ားက တိုက္ခိုက္မႈမ်ားအၿပီးမွာ အခုလိုေၾကျငာလိုက္တာပါ။ အဓိကအားျဖင့္ သနက္အိတ္မ်ား၊ မီးခံေသတၱာမ်ား ႏွင့္ က်ည္ကာအက်ႌမ်ားစသည့္ လက္နက္ႏွင့္ဆက္စပ္သည့္ ပစၥည္းမ်ားအားလုံးကို ေၾကာ္ျငာရာမွာတားျမစ္သြားမွာပါ။
“ကြၽႏ္ုပ္တို႔ဟာ လက္နက္မ်ား၊ က်ည္ဆံမ်ား ႏွင့္ လက္နက္မ်ားတြင္တပ္ဆင္အသုံးျပဳႏိုင္ေသာ အသံတိတ္ကိရိယာမ်ားကဲ့သို႔ ပစၥည္းမ်ားကို ေၾကာ္ျငာခြင့္တားျမစ္ၿပီးသားျဖစ္ၿပီး ယခုအခါ ဆက္စပ္ပစၥည္းမ်ားကိုပါ ပိတ္ပင္ထားၿပီျဖစ္ပါတယ္” လို႔ Facebook ရဲ႕ ဘေလာ့မွာေရးသား ထားပါတယ္။
ေသာၾကာေန႔က အေမရိကန္လႊတ္ေတာ္အမတ္ ၃ ေယာက္မွလည္း ဇူကာဘတ္ထံ စာတစ္ေစာင္ေပးပို႔ၿပီး လက္နက္ႏွင့္ပတ္သက္သည့္ ေၾကာ္ျငာမ်ားကို အၿမဲတမ္းပိတ္ပင္သြားဖို႔ တိုက္တြန္းခဲ့ပါေသးတယ္။
ဝါရွင္တန္ရွိ အေမရိကန္ ပါလီမန္ႏွင့္ အိမ္ျဖဴေတာ္အနီးတဝိုက္ တည္ေနရာတြင္ ေသာၾကာေန႔ကစၿပီး Facebook Event မ်ား create လုပ္ျခင္းကို ပိတ္ပင္ထားပါတယ္။ FBI မွလည္း ဖြင့္ပြဲမတိုင္ခင္ ဝါရွင္တန္ႏွင့္ ျပည္နယ္ၿမိဳ႕ေတာ္ ၅၀ တြင္ လက္နက္ကိုင္ ဆႏၵျပမႈမ်ား ျပဳလုပ္ရန္စီစဥ္ထားေၾကာင္း သတိေပးေျပာၾကားထားပါတယ္။
Buzzfeed သတင္းမွ ဇန္နဝါရီလ ၆ ရက္ေန႔တြင္ စစ္ဘက္ဆိုင္ရာ ပစၥည္မ်ားကို ေၾကာ္ျငာမ်ားကို ႏွင့္အတူ ဆူပူမႈႏွင့္ပတ္သက္သည့္ သတင္းအမွားမ်ား ျဖန႔္ေဝေနတာကို Facebook ေပၚတြင္ေတြ႕ရွိခဲ့သည္ဟု ေဖာ္ျပၿပီးေနာက္ Facebook ၏ ေျပာေရးဆိုခြင့္ရွိသူက Buzzfeed မွေဖာ္ျပခဲ့သည့္ စာမ်က္ႏွာမ်ားအားလုံးကို ျဖဳတ္ခ်ခဲ့ေၾကာင္း၊ ကုမၸဏီအေနျဖင့္ ေထာက္လွမ္းေရးမ်ား၊ အၾကမ္းဖက္ကြၽမ္းက်င္သူမ်ား၊ အာဏာပိုင္မ်ားႏွင့္ အတူတကြ ပူးေပါင္းလုပ္ေဆာင္ေနေၾကာင္းကို ေျပာၾကားခဲ့ပါတယ္။