ခွေးလေးတွေက လူတွေကို လျှာနဲ့ လျက်ရတဲ့အကြောင်း

Knowledge Nature

လောလောဆယ်တော့ ခွေးလေးတွေ သူတို့သခင်ကို လျှာနဲ့ လျက်တာနဲ့ပတ်သတ်ပြီး တိတိကျကျတော့မသိရသေးပါဘူး။

သို့ပေမယ့် ကျွမ်းကျင်တဲ့ ပညာရှင်တွေကတော့ အဆိုပါ အပြုအမူ လုပ်ဆောင်ချက်နဲ့ ပတ်သတ်ပြီး အယူအဆတွေ များစွာ ရှိတယ်ဟု ဆိုပါတယ်။

များသောအားဖြင့် ခွေးလေးတွေက သင့်ကို နှုတ်ဆက်တာဘဲဖြစ်ဖြစ်၊ သူတို့ကို ဂရုစိုက်အောင်ဘဲဖြစ်ဖြစ် လျှာနဲ့လျက်လေ့ရှိပါတယ်။

Bristol တက္ကသိုလ်မှ ကထိကဒေါက်တာ Emily Blackwell က ” ဒါဟာ ဆင့်ကဲပြောင်းလဲလာတဲ့ သမိုင်းကြောင်းဖြစ်စဥ် အပြုအမူဘဲ ဖြစ်ပါတယ်။ ဒါဟာနှုတ်ဆက်တာ ဖြစ်ပြီး ချီးမွမ်းစကားအဖြစ်မှတ်ယူနိုင်ပါတယ် ” ဟု ဆိုပါတယ်။

ဒါလေးတွေက ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေ ဖြစ်ကြပါတယ်။

သို့ပေမယ့် ခွေးလေးတွေ ဒီအမူအကျင့်လေးတွေ လုပ်ဆောင်တဲ့ အကြောင်းအရင်းတွေက ပိုချစ်စရာကောင်းပေမဲ့ နည်းနည်း စိတ်မချမ်း သာ စရာလဲ ဖြစ်စေပါတယ်။

” များသောအားဖြင့် ခွေးလေးတွေက သူတို့ရဲ့အမေကိုလျှာဖြင့်လျက်ပြီး သူတို့ကို အစာကျွေးဖို့လဲ တိုက်တွန်းပါတယ်။ အဲ့ဒီအခါ ခွေးမေကြီးက ခွေးလေးတွေစားဖို့ အစာကို ပြန်အန်ထုတ်ပေးလေ့ရှိပါတယ် ” ဟု Emily Blackwell က ဆိုပါတယ်။

ဒါဟာအမြဲတမ်းတော့ မဆိုလိုပါဘူး။ တကယ်တော့ ခွေးလေးတွေ လူတွေကို လျှာဖြင့်လျက်တာ နမ်းတာဟာ ချစ်ခင်တဲ့ သူတွေကို နှုတ် ဆက် တဲ့ အပြုအမူတွေဘဲ ဖြစ်ကြပါတယ်။

စိတ်ဝင်စားစရာကောင်းတာက အရွယ်ရောက်တဲ့ခွေးတွေက တခြားခွေးတွေကို လျှာနဲ့လျက်တာကို တွေ့ရခဲတယ်ဟု ဆိုပါတယ် ။ ဒါပေမဲ့ လူတွေကိုတော့ ဘာကြောင့် လျာနဲ့လျက်ကြတာလဲ။

တကယ်တော့ ပေါက်စလေးထဲက မွေးမြူထားတဲ့အတွက် ခွေးလေးတွေရဲ့ ဘဝတစ်လျောက်လုံး မူလစောင့်ရှောက် အုပ်ထိမ်းသူအနေနဲ့ သူတို့စိတ်ထဲ စွဲထင်နေတာကြောင့် ဖြစ်ပါတယ်။

အိမ်မွေးခွေးလေးတွေကို သေချာကြည့်မယ်ဆိုရင် သူတို့ရဲ့ အပြုအမူလေးတွေကို မြင်တွေ့နိုင်ပါတယ်။

ဥပမာအနေနဲ့ အရွယ်ရောက်တဲ့ အိမ်မွေးခွေးလေးတွေရဲ့ အသံဟာ အိမ်မွေးခွေးမဟုတ်တဲ့ တခြားအရွယ်ရောက်တဲ့ခွေးလေးတွေထက် ခွေးပေါက်လေးတွေနဲ့ ပိုတူပါတယ်။

အရွယ်မရောက်သေးတဲ့အချိန်မှာ အရွယ်ရောက်တဲ့အပြုအမူတွေကို ထိန်းသိမ်းသင့်ပါတယ်။ ဒီလိုအပြုအမူတွေကို ခွေးလေးတွေမှာတင် တွေ့ရတာမဟုတ်ပါဘူး၊ တခြားအိမ်မွေး တိရစ္ဆာန်လေးတွေမှာလဲ တွေ့ရပါတယ်။

ကျွန်ုပ်တို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို အရွယ်ရောက်တဲ့ အပြုအမူ စရိုက်တွေကို အားပေးခြင်းဟာ ကောင်းတဲ့ အချက်မဟုတ်ပါဘူး။

သို့သော် Blackwellရဲ့အဆိုအရ ခွေးလေးတွေအပေါ် ကျွန်ုပ်တို့လူသား​တွေရဲ့အပြုအမူတွေက ဘယ်လောက်လွှမ်းမိုးနိုင်သလဲဆိုတာကို အနားမှာမရှိတဲ့အချိန်မှာတောင် သတိထားမိနိုင်တယ် ဟုဆိုပါတယ်။

ခွေးလေးတွေ ကျွန်ုပ်တို့မျက်နှာကို လျှာဖြင့်လျက်တာကို ဘယ်လိုရပ်တန့်မလဲ

ကျွန်ုပ်တို့ မျက်နှာမှာ ဒဏ်ရာမရှိသေးသမျှတော့ ခွေးလေးတွေ လျက်တာဟာ အန္တရာယ်သိပ်မရှိတာကိုတွေ့ရပါတယ်။ ​ခွေးပိုင်ရှင်တွေဟာ ခွေးလေးတွေ သွားရည်နဲ့ ပတ်သတ်ပြီး စိတ်သိပ် မလှုပ်ရှား ကြပါဘူး။

တစ်ချို့လူတွေက ခွေးလေးတွေက သူတို့ကို လျက်တဲ့အခါ ဆိုးဆိုးရွားရွားတုံ့ပြန်ပြီး အော်ငေါက်လေ့ရှိပါတယ်။

ဒါဟာ သူတို့က သင့်ကို နှုတ်ဆက်တဲ့အမူအရာ ဖြစ်ပြီး ဆိုးဆိုးရွားရွား မဆက်ဆံသင့်ဘူး ဟု Blackwell ကဆိုပါတယ်။

တကယ်လို့ သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို နှုတ်ဆက်တဲ့အခါ မသိချင်ယောင်ဆောင်မယ်ဆိုရင် သင့်အနေနဲ့ အတော်လေး ခံစားရစေမှာပါ။

ဒါကြောင့် ခွေးလေးတွေကို တခြားနှုတ်ဆက်တဲ့ အပြုအမူတွေကို သင်ကြားပေးသင့်ပါတယ်။ ဒါဟာ အားလုံးအတွက်ကောင်းမွန်တဲ့ အချက်ဖြစ်ကြောင်း Blackwell ကရှင်းပြပါတယ်။

ခွေးလေးတွေ သင့်မျက်နှာကိုလျက်တဲ့အခါ လက်နဲ့ကာထားမယ်ဆိုရင် မျက်နှာအစား လက်ကိုလျက်ပါလိမ့်မယ်။

ဒီအပြုအမူကို အစာကျွေးပြီး ဆုချမယ်ဆိုရင် ခွေးလေးတွေဟာ နောက်တစ်ခါ နှုတ်ဆက်တဲ့အခါ သင့်လက်ကိုဘဲ ပစ်မှတ်ထားပါလိမ့်မယ်။

ဒါဆိုရင် သင့်ခွေးလေးတွေက သင်လက်ကို လျက်တိုင်း ခဏခဏ ဆုချပေးမယ်ဆိုရင် နောက်ဆုံးမှာ သင့်လက်ကိုလျက်ပြီး နှုတ်ဆက်စကားအနေနဲ့ လက်ဆောင်ပေးပါလိမ့်မယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.