ဘဲလေးတွေဟာ ကျွန်တော်တို့ တွေ့ရသော ငှက်များထက် ပိုတွေ့ရလေ့ရှိပြီး ပန်းခြံမှာ ဘဲမိသားစုကို တွေ့ရတာ အဆန်းမဟုတ်ပါဘူး။
ဘဲလေးတွေဟာ တခြားတိရစ္ဆာန်များ(သို့မဟုတ် )ငှက်များကဲ့သို့ ထူးခြားဆန်းပြားမှုမရှိသော်လည်း သူတို့တွင် ဇီဝဗေဒဆိုင်ရာ စွဲမက်ဖွယ်ကောင်းသော အချက် ရှိသေးတာကိုတွေ့ရပါတယ်။
ဘဲလေးတွေမှာ သင်တွေးတောင် မတွေးဖူးတဲ့ ထူးခြားတဲ့အရည်အသွေးအများအပြားရှိပါတယ်။
ဘဲလေးတွေအကြောင်း လေ့လာစရာ ဘာတွေရှိလဲ ဆိုတာ အောက်တွင် ဖတ်ရှုနိုင်ပါတယ်။
(၁)ဘဲလေးတွေရဲ့ ခြေထောက်က အအေးဓာတ်ကို မခံစားရပါဘူး
ဆောင်းရာသီနေ့တွေမှာ ဘဲလေးတွေကို နှင်းတွေထဲမှာ နှင်းလျောစီးနေတာဖြစ်ဖြစ် ၊ ရေအေးအေးထဲမှာ ရေကူးနေတာဘဲ ဖြစ်ဖြစ် သင်မြင်တွေ့ဖူးမယ်ဆိုလျှင် သူတို့လေးတွေအတွက် စိတ်မပူပါနဲ့။

ဘဲမွှေးတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်၊ သူတို့ခြေထောက်လေးတွေ နွေးထွေးစေဖို့တော့ ဘာကိုမှ မလိုအပ်ပါဘူး။
ဘဲလေးတွေခြေထောက်များဟာ အာရုံကြောနဲ့ သွေးကြောတွေမရှိတာကြောင့် သူတို့ခြေထောက်တွေဟာ အအေးဓာတ်ကို မခံစားရပါဘူး။
(၂) ဘဲလေးတွေဟာ ကျောက်ခဲ တွေကိုလည်း စားသုံးပါတယ်
ဒါဟာ အခြားအစားအစာ အရင်းအမြစ် မရှိခြင်းကြောင့်မဟုတ်ပါဘူး ။ဘဲလေးတွေဟာ ကျောက်စရစ်များ ၊ ကျောက်တုံးသေးသေးလေးတွေ သို့မဟုတ် သဲ များကို စားသုံးတာကိုလည်း တွေ့ရပါတယ်။
သူတို့ရဲ့ gizzards (အမြစ် )ထဲမှာ ကျောက်တွေကိုသိုလှောင်ပြီး အစာကို ဖြိုခွဲဖို့ ကြမ်းတမ်းတဲ့ မျက်နှာပြင် တွေကို အသုံးပြုတာတွေ့ရပါတယ်။
ဒီနည်းလမ်းကိုသုံးပြီး အစာ ချေဖျက်ခြင်း ဖြစ်ပါတယ်။
(၃) ဘဲလေးတွေမှာ မျက်ခွံသုံးခု ရှိပါတယ်
ဘဲလေးတွေမှာ အထင်ကြီးစရာကောင်းတဲ့ မျက်လုံးအသွင်အပြင် အခင်းအကျင်းပုံစံများစွာရှိပါတယ်။
သူတို့မှာ အလွန်ကောင်းမွန်တဲ့ အမြင်အာရုံရှိပါတယ် ၊ သူတို့ရဲ့မျက်လုံးတွေက ခေါင်းရဲ့ တစ်ဖက်တစ်ချက်တွင် ရှိတဲ့အတွက်ကြောင့် ၃၄၀ ဒီဂရီ နီးပါး အမြင်အာရုံကို ရရှိတာကို တွေ့ရပါတယ်။
ဘဲလေးတွေဟာ သူတို့ရဲ့ မျက်လုံးပုံစံကြောင့် အနီးနှင့်အဝေး အရာဝတ္တုများကို တစ်ပြိုင်နက် မြင်နိုင်ပါတယ်။ နောက်ဆုံးမှသာ အရောင်ဖြင့် မြင်နိုင်တာကို တွေ့ရပါတယ်။
(၄) ဘဲတွေကို အင်္ဂလိပ်လို အမျိုးမျိုး ခေါ်တွင် ကြပါတယ်
အထီးများကိုတော့ Drakes ဟု ခေါ်ပါတယ် ၊ အမများကိုတော့ Hens လို့ခေါ်ပြီးတော့ ဘဲပေါက်လေးတွေကိုတော့ Duckling လို့ချစ်စနိုးခေါ်ကြပါတယ် ။

အဆုံးမှာတော့ ဘယ်လိုခေါ်ခေါ်အရေးမကြီးပါဘူး။ အဘယ်ကြောင့်ဆိုသော် ဘဲ အားလုံးဟာ ချစ်ဖို့ကောင်းနေလို့ ဖြစ်ပါတယ်။
(၅) အမြန်ဆုံး ဘဲ အမျိုးအစားကတော့ Red-breasted Merganser လို့ခေါ်တဲ့ ဘဲ အမျိုးအစား ဖြစ်ပါတယ်
အထူးသဖြင့် Red-breasted Merganser ဘဲ တစ်ကောင်ဟာ အမြန်ဆုံးဘဲ ရဲ့ မူရင်း စံချိန်ကို ချိုးထားတာဘဲ ဖြစ်ပါတယ်။
ပထမဆုံး မှတ်တမ်းကို မူလက တစ်နာရီ ၇၂ မိုင်နှုန်းဖြင့် ပျံသန်းနိုင်တဲ့ Canvasback ဘဲမျိုးစိတ် တစ်ကောင်ဖြင့် စတင်ခဲ့ပြီး
Red-breasted Merganser ဒိုင်ပင် ဘဲ မျိုးစိတ်ဟာ လေယာဥ်နဲ့ လိုက်နေတဲ့ အချိန်မှာ တစ်နာရီကို မိုင် ၁၀၀ နှုန်းနဲ့ ပျံသန်းနေတာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
(၆) တစ်ချို့သော ဘဲ အမျိုးအစားတွေက လေယာဥ်များကဲ့သို့ အမြင့်ကိုပျံသန်းနိုင်တာ တွေ့ရပါတယ်
ဘဲများဟာ ပုံမှန်အားဖြင့်လေထဲတွင်ပေ ၂၀၀ မှ ၄,၀၀၀ အကြား ပျံသန်းတာကို တွေ့ရတယ်။ သို့သော်လည်း သူတို့ဟာ ပိုမြင့်တဲ့ အမြင့်ရောက်အောင် ပျံသန်းနိုင်တာကို တွေ့ရပါတယ်။

နီဗားဒါးကို ကျော်လွန်ပြီး ပျံသန်းတဲ့ ဂျက်လေယာဉ်တစ်စင်းဟာ အမြင့်ပေ ၂၁,၀၀၀ တွင် Mallard အမျိုးအစား ဘဲ တစ်ကောင် ကိုတိုက်မိပါတယ်။
ဒီလို အထင်ကြီးဖွယ် အမြင့်ဟာ လောလောဆယ် ဘဲတစ်ကောင်၏ အမြင့်ဆုံး စံချိန်တင် ပျံသန်းမှု ဘဲ ဖြစ်ပါတယ်။
(၇) ဘဲတွေဟာ ခိုးကြည့်ရန် အလွန်ခက်ခဲပါတယ်
ဘဲတွေဟာ နိုးနိုးကြားကြားရှိတဲ့ သတ္တဝါများဖြစ်ကြပါတယ်၊ Mallaed ဘဲ အမျိုးအစားဟာ အိပ်ပျော်နေစဥ်တောင်မှ သတိ ရှိ နေတာကို တွေ့ရပါတယ်။
သူတို့ဟာ အုပ်စုလိုက် အိပ်နေတဲ့ အချိန်မှာ အုပ်စုအပြင်ဘက်မှာ အစောင့် ဘဲ တစ်ကောင်ဟာ အိပ်ပျော်နေတဲ့ အချိန်မှာတောင် မျက်လုံး တစ်ဖက်ကို ဖွင့်ထားတာတွေ့ရပါတယ်။
ဒီလိုလုပ်ပေးခြင်းဖြင့် သူတို့ရဲ့ ဘယ်ဘက် ဦးနှောက်ကို နိုးကြား နေအောင် ထိန်းချုပ်ထားတာကို တွေ့ရပါတယ်။
(၈) ဘဲပေါက်စလေးတွေဟာ လျင်မြန်စွာ အရွယ်ရောက်ကြပါတယ်
ဘဲပေါက်လေးတွေဟာ သားပေါက်ပြီးနောက် ချက်ချင်းလိုလို လွတ်လပ်တဲ့ အရသာကို ခံစားကြရပါတယ်။
ဘဲပေါက်လေးတွေဟာ မွေးဖွား ကတည်းက မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားတက်ပြီး သူတို့ကို နွေးထွေးစေတဲ့ အမွှေးအတောင်များလည်း ရှိနေပြီ ဖြစ်ပါတယ်။

ဘဲပေါက်စလေးတွေဟာ သူတို့နှစ်လသားအရွယ်မတိုင်ခင် ဘယ်လိုပျံသန်းရမလဲဆိုတာ သင်ယူလေ့ရှိပါတယ်။
(၉) အမွှေးအတောင်များ သ ခြင်းဟာ ဘဲများကို ခြောက်သွေ့နေစေရန် ကူညီပေးပါတယ်
အမွှေးအတောင်များ သ ခြင်းဆိုတာဟာ ဘဲလေးတွေဟာ သူတို့ကိုယ် သူတို့ ဘယ်လိုထိန်းကျောင်း သလဲ ဆိုတာ ဖြစ်ပါတယ်။
နည်းပညာပိုင်းအရ ဘဲလေးတွေဟာ အချိန်တိုင်း ရေထဲသွားပြီး ရေကူးနေကြသော်လည်း အမွှေးအတောင် သ ခြင်း သည်သာလျှင် ဖုန်မုန့် ၊ အညစ်အကြေး နှင့် ကပ်ပါးကောင်များကို ဖယ်ရှားပေးတာ တွေ့ရပါတယ်။
သူတို့ အမွှေးအတောင် သ နေစဥ်တွင် သူတို့ရဲ့ ဖယောင်းကဲ့သို့ ရေစိုခံတဲ့ အမွှေးအတောင်တွေကို ဖြန့်ထားပါလိမ့်မယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။