စက္ကူ ရှ ခြင်းနှင့် သိမှတ်ဖွယ်ရာများ

Facts Knowledge

စက္ကူရှတာက သေးသေးလေးဆိုပေမဲ့ ခံစားလိုက်ရတဲ့ ကြီးကြီးမားမား ထိုးနှက်သလို ခံစားရစေပါတယ်။ စက္ကူရှတဲ့နေရာက အဓိကဆိုးဝါးတဲ့ နေရာတွေဆိုရင်တော့ ခံစားမှုက တွေးတောင်မတွေးဝံ့စရာပါဘဲ။

ဒီ စက္ကူရှတာလေးက ဘာကြောင့် ဆိုးရွားစွာ ခံစားရတာလဲ ဆိုတာကို ကျွန်တော်တို့ မကြာခဏ တွေးမိကြပါလိမ့်မယ်။

ပြီးတော့ ဒီ ​ကြောက်စရာကောင်းတဲ့ ခံစားမှုကို ပျောက်ကင်းအောင် ကုသဖို့ ကျွနိုပ်တို့ မျှော်လင့်ကြပါတယ်။ စိတ်မဖိစီးပါနဲ့၊ ဒါတွေကို ကုသဖို့ နည်းလမ်းရှိပါတယ်။

သင့်ရဲ့ လက်ချောင်း ထိပ်ဖျားလေးတွေမှာ အာရုံကြောအဆုံးလေးတွေ အများကြီးရှိပါတယ်

ကျွနိုပ်တို့ရဲ့ လက်ချောင်းလေးတွေ စက္ကူရှတဲ့အခါ ဆိုးဆိုးရွားရွား ဖြစ်စေတာဟာ ကျွနိုပ်တို့လက်မှာ အာရုံခံစားမှုကိုတိုးစေတဲ့ အာရုံကြောအဆုံးလေးတွေ အများကြီးရှိနေခြင်းကြောင့်ဖြစ်ပါတယ်။

ကျွနိုပ်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဘယ်နေရာမှာမဆိုထက် လက်ချောင်းထပ်ဖျားလေးမှာ ပိုပြီးတော့ အာရုံကြောအဆုံးတွေရှိပြီး ပိုပြီး​တော့လည်း ခံစားရစေတက်ပါတယ်။

ဒါ့အပြင် အာရုံကြောလေးတွေဟာ နီးကပ်စွာရှိနေတဲ့အတွက်ကြောင့် သေးငယ်တဲ့ ထိရှနာလေးတွေ တောင်မှ သိသိသာသာ တုံ့ပြန်မှုကို ပေးနိုင်တာဘဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွနိုပ်တို့ မတော်တဆ လက်ချောင်းတစ်ချောင်းကို ရှမိတဲ့အခါ receptors တွေက အချက်ပြတဲ့အနေဖြင့် လင်းလာပီး ဦးနှောက်ဆီ နာကျင်စေတဲ့ အချက်ပြမှုတွေကို ပေးပို့ခြင်းဖြစ်ပါတယ်။

သင့်ရဲ့ဦးနှောက်က သင်ထင်ထားတာထက် သင့်ကို ဆိုးဆိုးရွားရွား ခံစားရစေတက်ပါတယ်

ကျွနိုပ်တို့ လက်ချောင်းလေးတွေရှိ အာရုံကြောအဆုံးပမာဏမြင့်မားမှုကြောင့် လက်ချောင်းများထိခိုက်တာနဲ့ပတ်သတ်ပြီး ဦးနှောက်ဟာ ထိတ်လန့်သွားနိုင်ပါတယ်။

ဦးနှောက်ဟာ လူတစ်ဦး ရဲ့ လက်ရဲ့အရေးပါပုံကို သ​ဘောပေါက်ပြီး ၎င်းတို့ရဲ့ အာရုံခံအချက်ပြမှုတွေကို အနီးကပ်အာရုံစိုက်ပေးပါတယ်။

ကြီးကြီးမားမားဖြစ်ဖြစ်၊ ​ သေးငယ်တဲ့စက္ကူရှတာဘဲဖြစ်ဖြစ် ဦးနှောက်ကို ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ပေးပို့ပါတယ်။

ဒါ့အပြင် ဦးနှောက်ရဲ့ သီးခြားနေရာတွေက ကျွနိုပ်တို့ခန္ဓာကိုယ်ရဲ့ ကွဲပြားတဲ့ အစိတ်အပိုင်းတွေနဲ့ပတ်သတ်၍လည်း ကိုင်တွယ်ဖြေရှင်းပေးပါတယ်။

ဦးနှောက်ရဲ့ လက်ချောင်းများအတွက် တာဝန်ယူထားတဲ့အပိုင်းဟာ ခြေထောက်နဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းများအတွက် နေရာထက် ပိုနေရာယူထားတာကိုတွေ့ရပါတယ်။

စက္ကူအနားတွေဟာ လွှသွားပုံရှိပြီး ချောမွေ့မှု မရှိပါဘူး

စက္ကူကို သစ်သားအမှုန့်များကို ဖိသိပ်ပြီးပြုလုပ်ထားတဲ့အတွက် အနားစွန်းတွေက ကြမ်းတမ်းနေတာ တွေ့ရပါတယ်။

စက္ကူမျက်နှာပြင်ဟာ ချောမွေ့တယ်ထင်ရပေမဲ့ အဏုကြည့်မှန်ပြောင်းအောက်မှာဆိုရင် အနားစွန်းတွေက ပေါင်မုန့်လှီးဓားကို လွှသွားပုံ ဖြစ်နေတာကိုတွေ့ရပါတယ်။

မင်းစက္ကူရှတဲ့အခါ ခွဲစိတ်ခန်းသုံးကိရိယာတွေလို တိကနဲ မဟုတ်တာကို တွေ့ရပါတယ်။

စက္ကူကြောင့် ပွန်းပဲ့မှု လျင်လျင်​မြန်မြန် ဖြစ်ရင်တောင်မှ သင့်အရေပြားကို စုတ်ပြဲပြီး စုတ်ပြတ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အာရုံကြောအဆုံးတွေကို ပိုမိုတုံ့ပြန်မှု​များ ဖြစ်ပေါ်စေ​ခြင်းဘဲ ဖြစ်ပါတယ်။

စက္ကူရှ တဲ့အခါ ချက်ချင်း သွေးခဲမှု မဖြစ်စေနိုင်ပါဘူး

စက္ကူရှတဲ့ ဒဏ်ရာက အနက်ကြီးမဟုတ်ပါဘူး။ သို့သော်လည်း တိမ်တိမ်လေးဆိုပြီး ဆိမ့်နေအောင် ခံစားရတာပါ။

များစွာသောအာရုံကြောအဆုံးများသည် အရေပြားရဲ့ အပေါ်ဆုံးအလွှာရဲ့အောက်တွင် တည်ရှိပြီး စက္ကူရှတဲ့အခါ အာရုံကြောအဆုံးရဲ့ သိပ်သည်းဆများတဲ့ နေရာတွေကို ဖြတ်တောက်မိနိုင်ပါတယ်။

ဒီအပေါ်ယံ ဟက်တက်ကွဲ ခြင်းဟာ ကြာရှည်စွာပွင့်နေပြီး ခန္ဓာကိုယ်ဟာ တိမ်တဲ့ဒဏ်ရာတွေအတွက် အနာဖေးတက်ခြင်းနဲ့ သွေးခဲမှုတွေကို ချက်ချင်းအနာကျက်စေတာကို တွေ့ရပါတယ်။

အဆုံးစွန်ဆုံး စက္ကူရှတဲ့အခါ ဒဏ်ရာကို လေနဲ့ကြာရှည်စွာ ထိတွေ့ရပြီး နာကျင်မှုကိုလဲ ကျန်ရစ်စေတာကို တွေ့ရပါတယ်။

တစ်ချို့ စက္ကူတွေက အခြားအရာတွေထက်ပိုပြီး ခံစားရစေပါတယ်

သင့်ကိုရှစေတဲ့ စက္ကူအမျိုးအစားကလည်း နာကျင်မှုအဆင့်ကို သက်ရောက်မှုရှိနိုင်တာကို တွေ့ရပါတယ်။

သတင်းစာစက္ကူနှင့် ဒေါ်လာငွေစက္ကူများ ကဲ့သို့ အပျော့စားစက္ကူများကြောင့် ထိရှနိုင်ချေဟာ အလွန်နည်းပါးပါတယ်။

ဒါကြောင့် ပိုက်ဆံ ရုန်းကန်ရှာဖွေရင်း ပိုက်ဆံကြောင့်ရှမှာ မစိုးရိမ်ပါနဲ့၊ ထို့အတူ ဆောက်လုပ်ရေးသုံး စက္ကူအထူတွေကလည်း သင့်ကို ထိရှ နိုင်ချေ အလွန်နည်းပါးပါတယ်။

စာအိတ်များကဲ့သို့ အခြားစက္ကူအမျိုးအစားများတွင် ကော်တွင် သုံးသောအရာများ ပါဝင်နိုင်တာကို တွေ့ရပါတယ်။

ဒီလို စက္ကူထုတ်ကုန်အမျိုးအစားတွေ ထိရှမိတဲ့အခါ သေးငယ်တဲ့အမှုန်များ၊ ဓာတုပစ္စည်းများ နှင့် ပိုးမွှားတွေ ဝင်စေနိုင်တာကြောင့် စိတ်အနှောက်အယှက်ဖြစ်စေတာကို တွေ့ရပါတယ်။

လက်ချောင်းလေးတွေ စက္ကူရှတဲ့အခါ ပျောက်ကင်းဖို့ အချိန်ကြာမြင့်နိုင်ပါတယ်

လူသားတို့ဟာ လက်ကို အမြဲအသုံးပြု နေရတဲ့အတွက် စက္ကူရှတဲ့ ကိစ္စမျိုးဟာ လက်ပေါ်မှာဘဲ အများဆုံးဖြစ်ပေါ်တက်ပါတယ်။ လက်ဆေးခြင်း သည်ပင် ပျက်စီးနေသော အသားအရေကို ထိခိုက်စေနိုင်ပါတယ်။

သို့သော်လည်း ခန္ဓာကိုယ်ရဲ့ တစ်ခြားနေရာတွေမှာ ထိရှနာများကြုံရတဲ့အခါ သွေးခဲရန် အခွင့်အလမ်းပိုများပြီး သွေးမြန်မြန် တိတ်စေနိုင်တာကို တွေ့ရပါတယ်။

သင်ဟာ စက္ကူရှတာကို တွေးနေတာက ခံစားနေရတာကို ပိုဆိုးရွားစေနိုင်ပါတယ်

လူသားတွေဟာ စက္ကူကြောင့် နာကျင်ရတာနဲ့ ပတ်သတ်ပြီး ခံစားရတာဟာ မကောင်းပါဘူး။

ဒါကြောင့် စက္ကူရှတဲ့အခါ ဦးနှောက်ရဲ့ တုံ့ပြန်မှုမကောင်းတာဘဲ ဖြစ်ပါတယ်။ အကြိမ်ကြိမ် ဒီကိစ္စကို မြင်ယောင်လာတဲ့အခါ ပိုမို ပြင်းပြင်း ထန်ထန် ခံစားရစေတာကို တွေ့ရပါတယ်။

သေးငယ်တဲ့ ထိရှနာတွေက စူးခနဲ ခံစား ရပြီးတော့ အဲ့ဒါဟာ အမှန်အကန်ကို ခံစားရစေပါတယ်။ ဒဏ်ရာကို ပတ်တီးဖြင့် စည်းထားခြင်းဟာ အမြင်အာရုံကို ကွယ်စေပြီး ခံစားရမှုကို ကိုင်တွယ်​တဲ့အခါ ကူညီပေးပါတယ်။

စက္ကူ ရှ ခြင်းဟာ တော်တော်များများ ကြိုတင်ကာကွယ်လို့ရတဲ့အရာ မဟုတ်ပါဘူး

ကံမကောင်းစွာဖြင့် စက္ကူရှတာကို ကြိုတင်ကာကွယ်တဲ့နည်းလမ်းများစွာ မရှိပါဘူး။ စာအိတ်များ၊ ပုံနှိပ်စက်များ၊ စာရွက်စာတမ်းများ၊ အိမ်စာများနှင့်စာအုပ်များ ရှိနေသရွေ့ လူတို့ဟာ စက္ကူရှတဲ့ ကိစ္စကို ကြုံတွေ့နေရမှာဘဲ ဖြစ်ပါတယ်။

လေ့လာမှုတစ်ခုအရ ဗြိတိန်နိုင်ငံသားတစ်ဦးဟာ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် စက္ကူရှတဲ့ အကြိမ်ရေ သုံးကြိမ်အထိ ရှိခဲ့တာကို တွေ့ရပါတယ်။

စက္ကူရှတဲ့အခါ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ သင့်ရဲ့လက်များထက် ပိုမို ခံစားရနိုင်တာကို တွေ့နိုင်ပါတယ်

အခြားလူ့ခန္ဓာကိုယ် အစိတ်အပိုင်းများဟာလည်း လက်ချောင်းများထက် ပိုမိုထိခိုက်လွယ်တာ တွေ့ရပါတယ်။ ယေဘုယျအားဖြင့် မျက်နှာနဲ့ လိင်အင်္ဂါအချို့မှာ လက်များထက် အာရုံကြောအဆုံး များစွာပါရှိတာကိုလည်း တွေ့ရပါတယ်။

လက်ချောင်းထိပ်ရဲ့ ၁ စတုရန်း စင်တီမီတာ ကို အာရုံကြောအဆုံးသတ် ပေါင်း ၂၅၀၀ ပါရှိပါတယ်။ လူတစ်ဦးရဲ့ ကိုယ်ပိုင်အာရုံကြောဧရိယာ ၄၀၀၀ နှင့်အထက်ရှိပါတယ်၊ အမျိုးသမီးတွေရဲ့ အဓိက erogenous ဇုန်ဟာ ၈၀၀၀ ဝန်းကျင်ထိရှိတာကို တွေ့ရပါတယ်။

ဒီလိုနေရာမျိုးတွေကို စာရွက်ရှ ပါက လက်ချောင်းတစ်ချောင်းထက် သိသိသာသာ ပိုဆိုးစေမှာဘဲ ဖြစ်ပါတယ်။

အိမ်သုံးကုထုံးများကလည်း နာကျင်မှုကို သက်သာစေနိုင်ပါတယ်

စက္ကူရှတာကို ကုသဖို့အတွက် နည်းလမ်းက ရိုးရိုးလေးပါဘဲ၊ အနာကို သန့်စင်ပေးပြီး ပိုးမွှားများရန်မှ ကာကွယ်ရန်အတွက် ဒဏ်ရာကို ဖုံးအုပ်ပေးဖို့ လိုပါတယ်။

ခံစားရမှုကို ချက်ချင်း သက်သာစေရန်အတွက် အိမ်သုံးပစ္စည်းများကအကူအညီပေးနိုင်တာ တွေ့ရပါတယ်။

ဒဏ်ရာပေါ်ကို သုံးပြီးသား လက်ဘက်​ခြောက်အိတ်ကို အုံကြည့်ပါ၊ သို့မဟုတ် အအေးခံပြီးသား လက်ဘက်ခြောက်ရည်ထဲ နှစ်ကြည့်ပါ။

ရှားဇောင်းလက်ပတ်ဂျယ်လီ ဟာ အပျက်အစီးများကို ပြန်လည်ပြုပြင်နိုင်ပါတယ်။ ထို့အပြင် ရေနံဂျယ်လီတုံးကို သုတ်လိမ်းပေးခြင်းကလည်း ဒဏ်ရာမှလေကို ထွက်စေပါတယ်။

အလွန်ရှားပါးတဲ့ အခြေအနေများတွင် စက္ကူရှ​တာဟာ သင့်ကို မပြန်လမ်းအထိ တွန်းပို့နိုင်ပါတယ်

ရှားပါးဖြစ်စဥ် အနေနဲ့ စက္ကူရှတာဟာ အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်။

ထိခိုက်စေသောဘက်တီးရီးယားများ နှင့် ယားယံခြင်းများဟာ ဒဏ်ရာထဲသို့ ၀င်နိုင်ပြီး သွေးကြောထဲသို့ အဆိပ်သင့်စေနိုင်တာကို တွေ့ရပါတယ်။

၂၀၁၆ ခုနှစ်တွင် နယူးဂျာစီက အမျိုးသားတစ် ဦးဟာ စက္ကူရှ ရာမှ ကူးစက်ခံရပြီးနောက် ဆုံးပါး လုနီးပါးအထိ ဖြစ်ခဲ့ပါတယ်။

ခန္ဓာကိုယ်မှ ရောဂါပိုးကို အလွန်အမင်း ပြင်းပြင်းထန်ထန်တုံ့ပြန်မှုဟာ ခန္ဓာကိုယ်ကို တိုက်ခိုက်စေပြီး ကိုယ်တွင်း အင်္ဂါများ ပျက်စီးစေသည့်အတွက် မပြန်လမ်းကို လှမ်းရတဲ့အထိ ဖြစ်စေနိုင်တာ တွေ့ရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *