ကြက်တူရွေးများအကြောင်း သိကောင်းစရာ ၅ ချက်

Facts Knowledge

ကြက်တူရွေးများဟာ စမတ်အလွန်ကျ

ကြက်တူရွေးများဟာ ကောင်းကောင်း သင်ယူနိုင်ကြပြီး တတ်မြောက်နိုင်စွမ်းလည်း မြင့်မား ကြပါတယ်။ ကြက်တူရွေးတွေဟာ ကမ္ဘာပေါ်မှာ မှတ်ဥာဏ် အကောင်းဆုံး ငှက်တွေဆိုတာ သင်သိပြီးသား ဖြစ်မှာပါ။

ကြက်တူရွေးတွေဟာ အရာဝတ္ထုတွေနှင့် တည်နေရာကိုလိုက်ပြီး စကားလုံးတွေ အသုံးပြု နိုင်ပါတယ်။ ပြီးတော့ ပြသနာတွေကို ဖြေရှင်းနိုင်ပြီး အဲလိုဖြေရှင်ဖို့ ပစ္စည်းတွေကို အသုံးချ တတ်ကြပါသေးတယ်။

အချို့ သိပ္ပံပညာရှင်များက ကြက်တူရွေးများရဲ့ ဦးနှောက်ဟာ ၄ နှစ်သား လူတစ်ယောက်ရဲ့ ဦးနှောက်နှင့် တူညီတယ်လို့ ဆိုကြပါတယ်။

အသံများကို တူပခြင်း

ကြက်တူရွေးတွေ လူသိများရတဲ့ အကြောင်းထဲက အဓိကအချက်ကတော့ လူတွေရဲ့ အသံကို တုပနိုင်လို့ပါ။ သူတို့ဟာ တိရိစ္ဆာန်တွေရဲ့ အသံတွေကို လေ့လာ တုပနိုင်ရုံသာမက ပတ်ဝန်းကျင်အသံတွေ လူတွေရဲ့ စကားတွေပါ တုပပြောဆိုနိုင်ပါတယ်။

အာဖရိက မီးခိုးရောင် ကြက်တူရွေး၊ parakeet၊ အမေဇုံ ကြက်တူရွေး နှင့် macaw ကြက်တူရွေးများဟာ အသံအကောင်းဆုံး တုပနိုင်တဲ့ ကြက်တူရွေးများ ဖြစ်ကြပါတယ်။

အာဖရိက မီးခိုးရောင် ကြက်တူရွေးများဟာ စကားလုံးအရေအတွက် ၁၀၀ ကျော်ကိုတောင် တုပနိုင်ရုံသာမက နားလည်ကြပါတယ်။

African Grey

ကြက်တူရွေးတိုင်း မပျံနိုင်ကြ

ကြက်တူရွေးတိုင်းဟာ မပျံနိုင်ကြပါဘူး။ ကမ္ဘာ့အကြီးဆုံး ကြက်တူရွေးမျိုးဖြစ်တဲ့ Kakapo များဟာ မပျံနိုင်ပါဘူး။

ဒါပေမယ့် အပင်များပေါ် ကူးလူးသွားလာရန်အတွက် ကောင်းကောင်း ခုန်နိုင်တဲ့အတွက် အစာရှာဖွေရာမှာ အဆင်ပြေပါတယ်။

စိတ်မကောင်းစရာက အရွယ်အစား ၂ ပေကျော်ပြီး ၉ ပေါင်လောက် အလေးချိန်ရှိတဲ့ ဒီကြက်တူရွေးဟာ ကမ္ဘာ့ပေါ်မှာ အရှားပါးဆုံး ငှက်မျိုးစာရင်းဝင် ဖြစ်သွားပါပြီ။

Kakapo

၎င်းတို့၏ လက်များကိုအသုံးပြုပြီး အစာစားနိုင်

ကြက်တူရွေးများဟာ လူများကဲ့သို့ ၎င်းတို့၏ လက်ကို အသုံးပြုကာ စားသောက်နိုင်ကြတဲ့ ငှက်များ ဖြစ်ကြပါတယ်။

ဘာလို့လဲဆိုတော့ ကြက်တူရွေးများတွင် zygodactyl ခြေထောက်လို့ခေါ်တို့ ခြေချောင်း ၄ ချောင်းပါရှိလို့ပဲ ဖြစ်ပါတယ်။

ကြက်တူရွေးများမှာ ရှေ့တွင်ခြေချောင်း ၂ ချောင်းနှင့် နောက်တွင် ခြေချောင်း ၂ ချောင်းပါဝင်လို့ ခြေထောက် တဖက်နှင့် ထောက်ကာ တခြားတဖက်နှင့် စားသောက်မှု ပြုလုပ်နိုင်ပါတယ်။

ဒါ့ကြောင့် လူတွေ လက်ကိုအသုံးပြုသလိုပဲ ပစ္စည်းများကောက်တာ၊ ပါးစပ်ထဲသို့ အစာတိုက်ရိုက်ထည့်ပြီး အစာစားတာကို လွယ်ကူစေပါတယ်။

ကြက်တူရွေးများဟာ အသက်ရှည်ကြ

ကြက်တူရွေးများရဲ့ သက်တမ်းဟာ ၎င်းတို့၏ မျိုးစိတ်များအပေါ်မူတည်ပြီး ကွဲပြားကြပါတယ်။ ဒါပေမယ့် အချို့ ကြက်တူရွေးများဟာ ၎င်းတို့၏ သခင်များထက်တောင် အသက်ရှည်ကြပါတယ်။

အရွယ်အစားအားဖြင့် ကြက်တူရွေးအသေးများဟာ ၁၅ နှစ်မှ နှစ် ၂၀ ကြား၊ အလတ်စားကြက်တူရွေးများဟာ ၂၅ နှစ်မှ နှစ် ၃၀ ကြား နှင့် အကြီးစား ကြက်တူရွေးများဟာ နှစ် ၁၀၀ လောက်အထိ အသက်ရှည်ပါတယ်။

Cockatoo

Cookie လို့ခေါ်တဲ့ Cockatoo ကတ္တဝါ တကောင်ဟာ အသက်အကြီးဆုံး နေနိုင်တဲ့ ကြက်တူရွေးအဖြစ် မှတ်တမ်းတင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ၎င်းသေဆုံးသည့် အချိန်တွင် အသက် ၈၂ နှစ် ရှိပြီ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published.