သင့်အနေနဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပန်းခြံတွေ၊ လယ်ကွင်းတွေ နဲ့ တိရိစ္ဆာန်ရုံတွေမှာ ဒေါင်းတွေကို မြင်ဖူးပေမယ့် ဥဒေါင်းနဲ့ ပတ်သတ်ပြီး ဒါတွေကိုတော့သိမှာမဟုတ်ပါဘူး။
အပြာရောင် နှင့် အစိမ်းရောင်ရောယှက်နေတဲ့ ဒေါင်းများဟာ တောက်ပသောအမွှေးအမျှင်များရှိသော ဒဏ္ဍရီလာသတ္တဝါများဖြစ်ကြပြီး အာရှတိုက်တွင်သာ ရှိပါတယ်။
သူတို့ရဲ့ ထူးခြားတဲ့အလှတရားတွေက သူတို့ကို ကမ္ဘာတစ်ဝှမ်းလုံးကို လွှမ်းမိုးပေးနိုင်ခဲ့ပါတယ်။
သူတို့ရဲ့ဆွဲဆောင်မှုရှိတဲ့ အမြှီးအမွှေးတွေ ထက် peafowl မျိုးစိတ် တွေမှာ နောက်ထပ်ဆွဲဆောင်စိတ်ဝင်စားစရာတွေ ရှိပါသေးတယ်။
အောက်ဖော်ပြပါ အချက် (၁၂ ) ချက်တွင် ဥဒေါင်းတွေရဲ့ အနုစိတ်သဘာဝကို စူးစမ်းလေ့လာနိုင်ပါတယ်။
(၁) ဒေါင်းအထီးတွေမှာသာ ရှည်လျားလှပတဲ့ အမွှေးအတောင်တွေ ရှိတာပါ
အခြားငှက်မျိုးစိတ်များ ကဲ့သို့ပင် ၎င်းဟာ စွဲမက်ဖွယ်အရောင် နှင့် ချစ်စရာကောင်းသော အလှဆင် အမြှီးအမွှေးအတောင် ရှိတဲ့ peafowl မျိုးစိတ်၏ အထီး ဖြစ်ပါတယ်။

အထီးတွေကို peacocks ဟုခေါ်ပြီး အမတွေကိုတော့ peahens ဟု ခေါ်ပါတယ်။
အထီးအမနှစ်မျိုးလုံးကို ခြုံပြီးတော့ peacocks ဟု ခေါ်ကြပါတယ်။ သူတို့တွေဟာ peafowl မျိုးစိတ်ဖြစ်ကြပီး ကြွားဝါခြင်း သို့မဟုတ် လူစုလူဝေးဖြစ်အောင် အလှပြစုဆောင်းသူ ဟုခေါ်ပါတယ်။
(၂) ဒေါင်းတွေရဲ့ အမြှီးအမွှေးများ ပေါက်ရန် သုံးနှစ်ကြာပါတယ်
သူတို့ဟာ ပေါက်လာပြီး လပေါင်းများစွာကြာတဲ့အခါ အထီး နှင့် အမ ဟာ မက်မွန်သီးလေးတွေနဲ့ တူကြပါတယ်။
အထီးတွေဟာ သုံးလသားအရွယ်အထိ အမွှေးအမျှင်တွေက စတင်မဖွံဖြိုးကြသေးပါဘူး။ သုံးနှစ်သားအရွယ်ရောက်မှ အမွှေးအတောင် အစုံအလင်ပေါက်လာကြတာပါ။
(၃) အိန္ဒိယတွင် ဒေါင်း ဟာ နိုင်ငံရဲ့ အမျိုးသားငှက် ဖြစ်ပါတယ်
၁၉၆၃ ခုနှစ်တွင် အပြာရောင် အိန္ဒိယဥဒေါင်းငှက် (Pavo cristatus)ကို အိန္ဒိယရဲ့အမျိုးသားငှက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
IUCN ၏ အဆိုအရ ၎င်းမျိုးစိတ်ဟာ အိန္ဒိယတိုက်ငယ်တစ်ခုလုံးပါး လွှမ်းခြုံထားပြီး အစိုးရိမ်ရဆုံးမျိုးစိတ်တစ်ခုလည်းဖြစ်တယ်ဟု ဆိုပါတယ်။
အိန္ဒိယ ဒေါင်းတွေဟာ ဘုရားများ၊ နတ်ဘုရားများ ၊ မင်းမျိုးမင်းနွယ်နဲ့ ဆက်စပ်မှုများအပါအဝင် အိန္ဒိယအနုပညာ နှင့် ဟိန္ဒူဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုတွေမှာ သရုပ်ဖော်တဲ့ အစဉ်အလာရှိပါတယ်။
(၄)ဥဒေါင်းအမွှေးအတောင်တွေဟာ ပုံမှန်လဲလေ့ရှိသလား
ဒေါင်းများဟာ မိတ်လိုက်ရာသီ ပြီးသောအခါ နှစ်စဉ် အမွှေးများကို သဘာဝအတိုင်း လဲစေပါတယ်။ ထိုတောက်ပတဲ့ပုံစံရှိတဲ့ အမွှေးအတောင်တွေကို စုဆောင်း၍ သိမ်းထားလိုသူတွေ များကြပါတယ်။
(၅) ဒီထူးခြားတဲ့ အမွှေးအတောင်တွေဟာ အထီးတွေ အမတွေကို ဆွဲဆောင်ဖို့အတွက်ဘဲ ဖြစ်ပါတယ်
ဒေါင်းတွေဟာ သူတို့ရဲ့ အမွှေးအတောင်တွေကို ဖြန့်လိုက်တဲ့အခါ ကျွန်ုပ်တို့ လူသားတွေရဲ့ မျက်လုံးထဲမှာ နှစ်သက်ဖွယ် ဆွဲဆောင်မှုရှိပြီး သဘောကျစရာကောင်းနေပါတယ်။
အထီးတွေဟာ ဖိုသံဆက်တိုက်ပေးပြီး အနောက်ကဆွဲမက်ဖွယ်ကောင်းတဲ့ အစက်အပြောက်တွေပါတဲ့ အမြှီး ကို ဖြန့်ကျက်ကြပါတယ်။

(peahens)ဥဒေါင်း အမတွေဟာ သူတို့အနီးအနားမှာရှိတဲ့ ဒေါင်းဖိုရဲ့ ကြံ့ခိုင်မှုကို ဤအမြင် ပြသမှုဖြင့် ဆုံးဖြတ်ကြပါတယ်။
သိပ္ပံပညာရှင်တစ်ချို့ရဲ့ သီအိုရီအရ အထီးတွေရဲ့ အမွှေးအတောင်တွေဟာ ဘလူးဘယ်ရီသီးနဲ့ တူနေတာကြောင့် အမတွေအတွက် ဆွဲဆောင်မှုရှိတယ် ဟု ဆိုပါတယ်၊
တစ်ချို့ကလည်း အရောင်အသွေးစုံတဲ့ ဖြန့်ကျက်ထားတဲ့ အမှီးဟာ သားကောင်တွေရန်မှ ကာကွယ်ပေးတယ် လို့လည်း ဆိုကြပါတယ်။
တကယ်တော့ အထီးတွေ ရဲ့ ဖိုသံပေးခြင်း၊အမြှီးတွေကို ခါပြခြင်း ၊ လှုပ်ပြခြင်းတွေဟာ အမတွေမိတ်လိုက်ဖော် ရွေးချယ်ခြင်းအတွက် အလွန်အရေးကြီးတာ တွေ့ရပါတယ်။
(၆) ဒေါင်းတွေရဲ့ ခေါင်းပေါ်မှာရှိတဲ့ အမောက်ဟာ အလွန်အရေးပါတဲ့ အာရုံခံပစ္စည်းများ ဖြစ်ကြပါတယ်
ဒေါင်းတွေရဲ့ စွဲမက်ဖွယ်ကောင်းသော အမွှေးအတောင်များ နှင့်အတူ သရဖူလေးဆောင်းထားတာနဲ့ တူတဲ့ သူတို့ရဲ့ အမောက်တွေကိုတော့ လျစ်လျူရှုထားကြပါတယ်။
Peafowl မျိုးစိတ်တွေအတွက် အမောက်များဟာ မိတ်လိုက်ရာတွင် အရေးပါသော ရည်ရွယ်ချက်တစ်ခုအဖြစ် ဆောင်ရွက်ပါတယ်။
အထူးသဖြင့် ဒေါင်းအထီးကော အမကော ရှည်လျားတဲ့ အမောက်တွေပါကြတယ်၊ ဒါပေမဲ့ အမတွေဟာ အမောက်တွေကို အလှပြဖို့ထက် အာရုံခံအနေနဲ့ သုံးပါတယ်။
အထီးတွေဟာ သူတို့ရဲ့ အမြှီးတွေကို လှုပ်ခါပြီး (သိပ္ပံပညာရှင်များရဲ့ တိုင်းတာချက်အရ တစ်စက္ကန့်လျှင် ၂၅ ကြိမ်ခန့် ရှိတယ် ဟုဆိုတယ်) အမတွေကို ဆွဲဆောင်ပါတယ်။
အမတွေဟာ အထီးတွေရဲ့ အပြုအမူကို မြင်ရပြီး ခေါင်းအထက်မှာ ရှိတဲ့ သရဖူပုံစံ အမောက် အာရုံခံ မှတဆင့် အာရုံခံစားမိကြပါတယ်။
(၇) ဒေါင်းတွေဟာ လူ့ယဉ်ကျေးမှုများစွာ၌ ရှည်လျားပြီး လေးစားစရာကောင်းတဲ့ သမိုင်းတွေရှိပါတယ်
အိန္ဒိယနိုင်ငံရဲ့ အမျိုးသားငှက် အဖြစ် ၎င်းတို့၏ အဆင့်အတန်း ပြယုဒ်တွေအပြင် ဒေါင်းများဟာ ဂရိဒဏ္ဍရီတစ်ခုတွင်လည်း ပါ၀င်ပတ်သတ်ပါတယ်။
ဒေါင်းတွေဟာ မသေခြင်း၏ သင်္ကေတဖြစ်တယ်ဟု ဆိုပါတယ်။ Ashkenazi ဂျူးလူမျိုးများဟာ ရွှေဒေါင်းများကို တီထွင်ဖန်တီးမှု၏ သင်္ကေတများအဖြစ် ထည့်သွင်းထားကြပါတယ်။

အစောပိုင်းခရစ်ယာန် mosaics များ နှင့် ပန်းချီကားများတွင် ဥဒေါင်းများကို သရုပ်ဖော်လေ့ရှိပါတယ်။
သူတို့ရဲ့ အမြှီးအမွှေးအတောင်ပေါ်ရှိ “မျက်လုံးများ” ဟာ အလုံးစုံမြင်သောဘုရားသခင် သို့မဟုတ် ဘုရားကျောင်းတော်ကို ကိုယ်စားပြုတယ်ဟု ယူဆခဲ့ကြပါတယ်။
ရှေးခေတ်ပါရှားနိုင်ငံတွင် ဒေါင်းများဟာ သက်ရှိသစ်ပင် နှင့် ဆက်စပ်ခဲ့တယ်ဟု ပြောကြပါတယ်။
(၈) ဒေါင်းတွေကို စားဖွယ်အဖြစ် အသုံးပြုကြခြင်း
အလယ်ခေတ်တုန်းက ချမ်းသာကြွယ်ဝသူတွေဟာ သူတို့ရဲ့ ချမ်းသာကြွယ်ဝတဲ့ လက္ခဏာတစ်ခုအနေနဲ့ ထူးခြားဆန်းပြားတဲ့ တိရိစ္ဆာန်တွေကို စားဖွယ်အဖြစ် အသုံးပြုကြပါတယ်။
သူတို့ဟာ သာမာန် တောင်သူလယ်သမားတွေ စားတဲ့ အစားအစာမျိုးတွေကို မစားကြပါဘူး။
ထိုအချိန်က ချက်ပြုတ်နည်းများတွင် ဒေါင်းများကို ပွဲတော်တစ်ခုအတွက် မည်သို့ပြင်ဆင်ပုံကို ဖော်ပြထားပါတယ်။
အရေခွံကို အမွှေးအတောင်တွေနဲ့ တွဲလျက် ဖယ်ပြီး ချက်ပြုတ်ပြီး အနံအရသာနဲ့ပြည့်စုံတဲ့အခါ အစားမစားခင် ထူးဆန်းတဲ့အမြင်အာရုံကိုရရှိဖို့ အရေခွံကို ပြန်ချိတ်ထားပါတယ်။
သို့သော် ဒေါင်းများဟာ ကြက်သားလောက် အရသာရှိပုံ မပေါ်ပါဘူး။ မှတ်တမ်းများအရလူအများစုက ဒေါင်းသားဟာ ကြမ်းတမ်းပြီး အရသာသိပ်မရှိဘူး ဟုဆိုပါတယ်။
(၉) ဒေါင်းတွေရဲ့ ဆွဲဆောင်မှုရှိတဲ့အမြှီးများဟာ အလိုအလျောက် ရွေးချယ်ထားတဲ့ မျိုးစိတ်တွေများလား
အချို့သက်ကြီးရွယ်အို ဒေါင်းအမများဟာ အမွှေးများ ပေါက်လာပြီး အထီးများဟု ခေါ်ဆိုနိုင်ပါတယ်။
peafowl မျိုးစိတ်ရဲ့ လိင်ပြောင်းပြန်လှန်ခြင်း သုတေသနအရ ဒေါင်းမများ အသက်အရွယ်ရလာသောအခါ ပျက်စီးသွားသော သားဥအိမ်များဟာ အီစထရိုဂျင် များများမထုတ်လုပ်တော့ဘဲ ရပ်တန့်သွားစေပါတယ်။
အဲဒါဟာ ဒေါင်းမတွေအတွက် မူလဖွံဖြိုးမှုကြောင့် အထီးတွေနဲ့ စတင်တူလာပြီး အထီးတွေလို အသံထွက်လာကြပါတယ်။
ဒေါင်းအမများဟာ အမွှေးအမျှင်များကို ဟန့်တားသော ဟော်မုန်းများကြောင့် ပိုမိုကြည့်ကောင်းပါတယ်။
(၁၀) တစ်ကိုယ်လုံးဖြူစွတ်နေတဲ့ ဒေါင်းများဟာ albino ခေါ် ပုံမှန်မဟုတ်တဲ့ ဖြူခြင်း မဟုတ်ပါဘူး
နှင်းဖြူ ဥဒေါင်းများကို ယခင်ကထက် အနည်းငယ် ပိုတွေ့လာရပါတယ်။

ဘာလို့လဲဆိုတော့ သူတို့ရဲ့ အမူအကျင့်ကိုရယူပြီး ရွေးချယ် သားပေါက်နိုင်သောကြောင့် ဖြစ်ပါတယ်။
albinism (အနောက်တိုင်း လူဝင်စားအယူအဆကဲ့သို့ တကိုယ်လုံး ဖြူစွတ်နေခြင်း) ဟာ အများအားဖြင့် အသားအရောင်၊ အမွှေးများ နှင့် မျက်လုံးများမှ အရောင်ခြယ်မှုဆုံးရှုံးခြင်း (အနီရောင်ရှိသော မျက်လုံးများကို ဖြစ်ပေါ်စေခြင်း) တို့ ပါဝင်ပါတယ်။
albinism နဲ့မတူတာက leucism ဟာ ဥဒေါင်းများတွင် အမွှေးမှ အရောင်ခြယ်ခြင်းကိုသာ ဖြစ်စေသောမျိုးရိုးဗီဇအခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။
(၁၁) ဥဒေါင်းတွေဟာ ပျံနိုင်ပါတယ်
ဥဒေါင်းတွေရဲ့ ပန်ကာပုံစံ အမြှီးအမွှေးတွေက ခေါက်သိမ်းလိုက်သောအခါ ရှည်လျားပြီးလေးလံနေပေမဲ့ သားကောင်တွေ ရန်က ကာကွယ်ဖို့ ဒါမှမဟုတ် ညမှာ အသိုက်လုပ်ဖို့ သစ်ပင်အကိုင်းတွေဆီကို ထွက်ပြေးဖို့ ပုံမှန်အားဖြင့် တိုတောင်းတဲ့ အကွာအဝေးကို ပျံသန်းနိုင်ကြပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဥဒေါင်းတွေဟာ သဘာဝအတိုင်း အမွှေးအတောင်တွေ မလဲခင် နှင့် လဲ အပြီး ပျံသန်းတဲ့ အကွာအဝေးကို နှိုင်းယှဥ်ကြည့်ပေမဲ့ ကွာခြားချက်ကို သိပ်မတွေ့ခဲ့ပါဘူး။
(၁၂) Congo Peafowlမျိုးစိတ်ရဲ့ အမြှီးများဟာ ပိုမိုသိမ်မွေ့တာ တွေ့ရပါတယ်
ကွန်ဂို (Afropavo congensis) ဥဒေါင်းတွေဟာ လူသိနည်းသောpeafowls မျိုးစိတ် ဖြစ်ပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ဇာတိဖြစ်သော ဒီ ဒေါင်းငှက်ကို IUCN မှ မျိုးတုံး ထိခိုက်လွယ်တယ်ဟု ယူဆကြပါတယ်။
ကွန်ဂို ဥဒေါင်းတွေမှာ တောက်ပတဲ့ အမွှေးအတောင်တွေ ရှိကြပြီး အစိမ်းရောင်နဲ့ ခရမ်းရောင် ရောစပ်နေပြီး နက်ပြာရောင်ရှိတဲ့ ဒေါင်းဟာ အထီးဖြစ်ပြီး အညိုရောင်နဲ့ အစိမ်းရောင် စပ်နေပြီး ဝမ်းဗိုက် အညိုရောင်ရှိတဲ့ ဒေါင်းဟာ အမ ဖြစ်ပါတယ်။
တခြား peafowl မျိုးစိတ်တွေနဲ့ မတူတာက ကွန်ဂို ဥဒေါင်းတွေဟာ အကောင်သေးပြီး အမြှီး အမွှေးအတောင်တွေကလည်း တိုကြပါတယ်။
ဒါပေမဲ့ မိတ်လိုက်တဲ့ အခါမှာတော့ အထီးတွေက အမြှီးကို ဖြန့်ကျက်ပြီး ဆွဲဆောင်တာတွေကတော့ တူကြပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။