ပင်ဂွင်းလေးတွေဟာ ပျံသန်းနိုင်စွမ်း မရှိတဲ့ ငှက်တွေဖြစ်ကြသော်လည်း သူတို့ရဲ့ အတောင်ပံတွေဟာ လှုပ်ရှားသွားလာဖို့ အတွက်အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
ပင်ဂွင်းငှက်လေးတွေဟာ သူတို့ရဲ့အတောင်ပံကို လေဟုန်စီးမဲ့ အစား ရေထဲရောက်တဲ့အခါ ရေကူးရန် ၊ ပင်လယ်ထဲ သား ကောင်ရှာဖွေရှာရန် စသည်တို့အတွက် အတောင်ပံတွေကို အသုံးပြုပါတယ်။
သူတို့လေးတွေဟာ သွက်လက်သော ရေကူးသမားများ ဖြစ်ကြပေမဲ့ သူတို့ဘဝရဲ့ ၂၅% ခန့်ကို ကုန်းပေါ်မှာ ယက်ကန် ယက် ကန်ဖြင့် လမ်းလျှောက်ရင်း ကုန်ဆုံးပါတယ်။ သူတို့ရဲ့ အမြှီးကိုတော့ ဟန်ချက်ညီဖို့ အတွက် အသုံးချပါတယ်။
ပင်ဂွင်းမျိုးစိတ် ၁၈ မျိုး သို့မဟုတ် ၂၀ မျိုး မှာ တူညီမှုများစွာရှိပါတယ်။ အစိတ်အပိုင်း အများစုက တော်တော်လေး ဆင်တူကြပေမဲ့ တစ်ချို့တွေမှာ ထူးခြားတဲ့ အမွှေးအတောင်တွေ ၊ အရောင်တွေ နှင့် အရွယ်အစားတွေကတော့ ကွဲပြားကြပါတယ်။
ပင်ဂွင်းငှက်များနှင့် ပတ်သက်၍ ထူးထူးခြားခြား မျှော်လင့်မထားသော အချက် အချို့ကို လေ့လာဖို့အတွက် အောက်တွင် ဖတ်ရှုနိုင်ပါတယ်။
(၁) ပင်ဂွင်းများဟာ တောင်ကမ္ဘာခြမ်းတွင်သာ နေထိုင်ပါတယ်
နည်းပညာပိုင်းအရ ပင်ဂွင်းမျိုးစိတ် တစ်ခုထဲသာအီကွေတာမြောက်ဘက်ရှိ Galapagos ကျွန်းစုများတွင် နေထိုင်ပါတယ်။
ထို့ကြောင့် Galapagos ပင်ဂွင်းအချို့ဟာ ရံဖန်ရံခါ ကမ္ဘ့ာ မြောက်ခြမ်းသို့ ဖြတ်ကူးနိုင်ကြတာပါ။
တခြားပင်ဂွင်းမျိုးစိတ်အားလုံးဟာ တောင်ကမ္ဘာခြမ်းတွင်သာ နေထိုင်ကြသော်လည်း Galapagos ပင်ဂွင်းအချို့ဟာ တစ်ခါတစ်ခါ လမ်းလွဲသွားတဲ့အခါ တောင်ကမ္ဘာခြမ်းတွင် အေးသောရေကိုရှာဖွေကြပါတယ်။
Galapagos ပင်ဂွင်းတွေဟာ သမုဒ္ဒရာရေအေးစီးကြောင်းဖြစ်တဲ့ Cromwell Currents မှာလည်း အသက်ရှင်နေထိုင်ကြပါတယ်။
ပင်ဂွင်းငှက်များဟာ အလွန်အေးသော ဒေသများတွင် နေထိုင်ကြပြီး အန္တာတိကတိုက်တွင် ကျွန်ုပ်တို့ တွေ့နိုင်ပါတယ်။
သို့သော်လည်း ပင်ဂွင်းမျိုးစိတ်များစွာဟာ သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ကဲ့သို့ အပူပိုင်းဇုန်များတွင် နေထိုင်ကြပြီး St. Kilda ရဲ့ ဆိပ်ခံတံတားပေါ်တွင် နတ်သမီးပင်ဂွင်း ၁၄၀၀ ကျော် နေထိုင်ကြပါတယ်။
ပင်ဂွင်းအုပ်စုလေးတွေဟာ အလွန်ချစ်ခင်စရာကောင်းတာကြောင့် စေတနာ ဝန်ထမ်းတွေက လူများအား အလွန်နီးနီးကပ်ကပ်မရှိစေရန် အမြဲစောင့်ကြည့်နေကြပါတယ်။

ပင်ဂွင်းငှက်များ
သြစတေးလျ နှင့် အိမ်နီးချင်းနယူးဇီလန် တို့အပြင် ပင်ဂွင်းငှက်များဟာ အာဂျင်တီးနား၊ ချီလီ၊ နမီးဘီးယား၊ တောင်အာဖရိက နှင့် ပြင်သစ်ပိုင် lle aux Cochons ကျွန်းစုတို့တွင်လည်း နေထိုင်ကြပါတယ်။
(၂) ပင်ဂွင်းမျိုးစိတ်ပေါင်း ၁၈ မျိုး သို့မဟုတ် အဲ့ထက်ပိုများနိုင်ပါတယ်
ပင်ဂွင်းမျိုးစိတ် မည်မျှရှိသည်နှင့် ပတ်သက်၍ သိပ္ပံပညာရှင်များအကြား သဘောထားကွဲလွဲမှုအချို့ ရှိနေပါတယ်။ IUCN Red List အရ ပင်ဂွင်းမျိုးစိတ် ၁၈ မျိုးရှိပါတယ်။
ယခင်က အသိအမှတ်ပြုထားတာ ၁၇ မျိုးဆိုပေမဲ့ မကြာသေးမီက နောက်ဆုံး ထွက်ရှိခဲ့သည့် လေ့လာမှု အရ တမျိုး တိုးလာ တာပါ။
rockhopper ပင်ဂွင်းကို မျိုးစိတ်တစ်ခုထဲ အဖြစ် သတ်မှတ် ထားသော်လည်း ၂၀၀၆ ခုနှစ်တွင် တောင်ပိုင်း rockhopper ပင်ဂွင်း နှင့် မြောက်ပိုင်း rockhopper ပင်ဂွင်း ဟူ၍ နှစ်မျိုးခွဲခြားခဲ့ပါတယ်။
ဒီမျိုးစိတ်နှစ်ခုကို သိပ္ပံပညာရှင် အများစုက လက်ခံထားပေမယ့် အားလုံးတော့ သဘောမတူပါဘူး။
တစ်ချို့လူတွေက ပင်ဂွင်းငှက် မျိုးစိတ် အနည်းငယ်ကို မျိုးစိတ် နှစ်မျိုး ခွဲသင့်တယ်ဟု ယူဆပါတယ်။ ဒါဟာ မကြာမီမှာ အရေအတွက်ကလည်း ၂၀ သို့မဟုတ် ၂၁ အထိ မြင့်တက်လာနိုင်ပါတယ်။
(၃) ပင်ဂွင်းငှက်လေးတွေမှာ အမွှေးအတောင်ပါရှိပေမဲ့ သားမွှေးတော့မဟုတ်ပါဘူး
ပင်ဂွင်းငှက်များဟာ အလွန်အေးသောပတ်ဝန်းကျင်တွင် ရှင်သန်နိုင်သည့်အကြောင်းရင်းတစ်ခုမှာ ၎င်းတို့မှာ သားမွှေးမဟုတ်တဲ့ အမွှေးတွေပါရှိခြင်းကြောင့်ဖြစ်ပါတယ်။
ပင်ဂွင်းငှက်မွှေးတွေဟာ သူတို့ကို ကာကွယ်ပေးရာမှာ အလွန်ကောင်းမွန်ပါတယ်။ အပူလွန်ကဲခြင်းဟာ သူတို့ကို နွေးထွေးတာထက် ပြသနာပိုရှိတာ တွေ့ရပါတယ်။
ပင်ဂွင်းအမွှေးများဟာ ၎င်းတို့၏အံ့သြဖွယ်ကောင်းသော ကာကွယ်နိုင်စွမ်းအပြင် အခြားထူးခြားသော ဂုဏ်သတ္တိများလည်း ရှိပါတယ်။ ၎င်းတို့ဟာ icephobic လည်းဖြစ်ပါတယ်။
ဆိုလိုတာက ၎င်းတို့ဟာ ရေခဲများကို အမှန်တကယ် တွန်းလှန် ကာကွယ်နိုင်ပါတယ်။

ပင်ဂွင်းငှက်များ
ထို့ကြောင့် ပင်ဂွင်းတွေဟာ အေးခဲနေတဲ့ရေထဲမှာ ငုတ်လျှိုးသွားလာနိုင်ပြီး သမုဒ္ဒရာလှိုင်းတွေကြာင့် စိုစွတ်သွားကာ ၎င်းတို့ရဲ့ အမွှေးတွေပေါ်မှာ ရေခဲအကွက်တွေ မထင်ကျန်စေတာ တွေ့ရပါတယ်။
ရေခဲကို တွန်းလှန်နိုင်သော အမွှေးများကို လေ့လာခဲ့တဲ့ သိပ္ပံပညာရှင်များက အမွှေးတွေရဲ့ အဏုဇီဝ ဖွဲ့စည်းတည်ဆောက်ပုံအပြင် သူတို့ရဲ့ခန္ဓာကိုယ်က ထုတ်လွှတ်ပေးတဲ့ ထူးခြားတဲ့ အဆီတစ်မျိုးက ၎င်းအမွှေးတွေဆီကို ထုတ်လွှတ်ပေးခြင်းဖြင့် သူတို့အပေါ် ရေခဲမသွားအောင် ကာကွယ်ပေးတယ် ဟု ဆိုပါတယ်။
ငှက်အားလုံးပြုလုပ်သည့်အတိုင်း ပင်ဂွင်းငှက်လေးကလည်း molt လုပ်လေ့ရှိပါတယ်။
molting ဆိုတာက ဟောင်းတဲ့ အမွှေးတွေကို လဲလှယ်ပြီး အမွှေးအတောင်အသစ် ပေါက်လာခြင်း ဖြစ်ပါတယ်။
ပင်ဂွင်းငှက်လေးတွေရဲ့ molt လုပ်တာဟာ ၂ ပတ်မှ ၅ ပတ်အတွင်းဖြစ်သဖြင့် အခြားငှက်များထက် ပိုမြန်ပါတယ်။
သိပ္ပံပညာရှင်တွေက သူတို့ရဲ့ ပြင်းထန်တဲ့ molt ကြောင့် ပင်ဂွင်းတွေကို ခြေရာခံကြည့်ရာမှာ ပင်ဂွင်းတွေဟာ သူတို့ရဲ့ အမွှေးတွေကို လျင်မြန်စွာ လဲလှယ်တဲ့အချိန်မှာ အစာရှောင်ရင်း ကမ်းစပ်မှာ နေကြပါတယ်။
ဒါဟာ သူတို့ရဲ့ အဆီတွေ နဲ့ ကြွက်သားတွေအပါအဝင် ခန္ဓာကိုယ်အလေးချိန်တစ်ဝက်နီးပါး ဆုံးရှုံးစေသဖြင့် သူတို့ရဲ့အမွှေးတွေ ကြီးထွားလာတဲ့အခါမှ ၎င်းတို့ကို ပြန်တည်ဆောက်ကြရပါတယ်။
(၄) ပင်ဂွင်းငှက်တွေမှာ သွားတွေမရှိကြပါဘူး
သူတို့ရဲ့ ဝမ်းကွဲငှက်တွေလိုပဲ ပင်ဂွင်းတွေမှာလည်း သွားတွေ မရှိပါဘူး။
သူတို့ရဲ့နှုတ်သီးတွေမှာ ကျောရိုးတွေ ရှိပါတယ်၊ အဲ့ဒါဟာ သွားနဲ့ တူတဲ့ပုံပေါ်ပါတယ်။ ဒါ့အပြင် လျှာပေါ်မှာလဲ ကျောရိုးတွေပါ ပါတယ်၊ ကျောရိုးနှစ်ခုလုံးဟာ နောက်ပြန်ညွှန်နေပါတယ်။
ဒါဟာ ပင်ဂွင်းတွေကို ပါးစပ်ထဲမှာ ငါးနဲ့ သားကောင်တွေကို ဖမ်းကိုက်ထားနိုင်ပြီး မျိုချဖို့ အတွက်လည်း အကူအညီဖြစ်ပါတယ်။
(၅)ပင်ဂွင်းတွေဟာ ပရိုတင်းကြွယ်ဝသောအစားအစာမျိုးစုံကို စားသုံးကြပါတယ်
ပင်ဂွင်းတွေဟာ ငါး နှင့် crustaceans အမျိုးမျိုးကို စားသုံးပါတယ်။ အထူးသဖြင့် အစားအစာရွေးချယ်ရာမှာ ပင်ဂွင်းတွေရဲ့ နေထိုင်သည့်နေရာ နှင့် အမျိုးအစားပေါ် မူတည်ကြပါတယ်။
ကြီးမားတဲ့ ပင်ဂွင်းငှက်တွေဟာ ရေထဲသို့ ပိုမိုနက်ရှိုင်းစွာငုတ်ဆင်းနိုင်ပြီး ငါးများ နှင့် ကင်းမွန်များကိုဖမ်းယူစားသုံးကြပြီး ၊ သေးငယ်တဲ့ ပင်ဂွင်းငှက်လေးတွေကတော့ ရေခဲ၏အောက်ခြေမှ krillလေးတွေကို ဖမ်းယူစားသုံးကြပါတယ်။
ပင်ဂွင်းငှက်လေးတွေဟာ ပျမ်းမျှအားဖြင့် ၆ ပေ မှ ၁၅၀ ပေအတွင်းသာ ငုပ်နိုင်ကြသော်လည်း king ပင်ဂွင်းများကတော့ ပေ ၃၀၀ မှ ၉၀၀ အကြားအထိ ငုပ်လျှိုးနိုင်ကြပါတယ်။
ပင်ဂွင်းတွေဟာ သူတို့ကြိုက်တဲ့ အစားအစာကို ရှာဖွေစားသောက်ဖို့ အခွင့်အလမ်းရှိပါတယ်။ အဝါရောင်မျက်ဝန်း နှင့် ပင်ဂွင်းငှက်များ အပါအ၀င် အမျိုးမျိုးသော ပင်ဂွင်းမျိုးစိတ်များဟာ ကင်းမွန် နှင့် crustaceans မျိုးစိတ် အမျိုးမျိုး နှင့် တခြားသေးငယ်တဲ့ ငါးတွေကိုလည်း စားသုံးကြပါတယ်။
ပင်ဂွင်းငှက်တွေဟာ အစားစားတဲ့အခါ ငါးတစ်ကောင်လုံးကို မျိုချကြပါတယ် ၊ ဒါဟာ သူတို့ကလေးတွေကို အစာပြန်ကျွေးတဲ့အခါ ပြန်အန်ထုတ်ဖို့ လွယ်ကူစေပါတယ် ။ သူတို့ကိုယ် သူတို့စားသုံးတဲ့အခါမှာ အမြစ်(gizzard )က ငါးတွေကို ချေဖျက်ပေးတာ တွေ့ရပါတယ်။
(၆) ပင်ဂွင်းငှက်တွေဟာ ရာသီတစ်ခုတွင် အိမ်ထောင်ဖက် အဖော်တစ်ကောင်သာ ရွေးချယ်ပါတယ်
မွေးမြူရေးရာသီတွင် ပင်ဂွင်းငှက်တွေဟာ ၎င်းတို့၏အိမ်ထောင်ဖက်ကို ရွေးချယ်ပြီးသည်နှင့် ၎င်းတို့နှင့် ကပ်လျက်နေကြပါတယ်။
ဒါပေမဲ့ သူတို့ဟာ နောက်နှစ်မှာထပ်ပြီး အဲ့ဒီအဖော်ကို ထပ်ရွေး မရွေး မသေချာပါဘူး။
ပင်ဂွင်းငှက်အချို့ဟာ တစ်ရာသီ ဥနှစ်လုံးစီပေါက်သော်လည်း emperor သို့မဟုတ် king ပင်ဂွင်းငှက်များ ကဲ့သို့အကြီးမားဆုံးမျိုးစိတ်တွေကတော့ တစ်လုံးသာဥပါတယ်။

ပင်ဂွင်းငှက်များ
လက်တွဲဖော် ပင်ဂွင်း စုံတွဲတွေဟာ သားပေါက်ဖို့အတွက် ဥတွေကို အပူပေးတဲ့နေရာမှာ အတူတူမျှဝေ လုပ်ကိုင်ကြပါတယ်။
emperor ပင်ဂွင်းငှက်များတွင် အထီးတွေကသာ မျိုးဥပေါက်ဖွားဖို့ အတွက် အပြည့်အဝ တာဝန်ယူကြရပါတယ်။ ပင်ဂွင်းငှက်အသေးလေးတွေကသာ တစ်ရာသီမှာ ဥတစ်လုံးထက် ပိုဥကြတာပါ။
(၇) ပင်ဂွင်းငှက်တွေဟာ ဆားငန်ရေကို သောက်နိုင်ကြသလား
ပင်ဂွင်းငှက်တွေဟာ သူတို့၏ supraorbital ဂလင်းကြောင့် ပင်လယ်ရေကို သောက်နိုင်ကြပါတယ်။
ဒါဟာ သူတို့၏ သွေးမှ ဆားများကို စစ်ထုတ်ပေးသော အထူးဂလင်းတစ်ခု ဖြစ်ပါတယ်။ ဒီစနစ်က ပင်ဂွင်းတွေရဲ့ နှာခေါင်း ပေါက်မှ တဆင့်ခန္ဓာကိုယ်ထဲက ဆားတွေကို ပြန်ထုတ်ပါတယ်။
(၈) တစ်ချိန်တုန်းက ဧရာမပင်ဂွင်းကြီးတွေ ရှိခဲ့ပါတယ်
အကြီးဆုံးပင်ဂွင်းဟာ emperor ပင်ဂွင်းဖြစ်ပြီး အမြင့်ပေ ၄ ပေခန့်အထိရှိကြပါတယ်။
သို့သော်လည်း နယူးဇီလန်တွင် ၂၀၁၇ ခုနှစ်က ရှာဖွေ တွေ့ရှိခဲ့သော ကျောက်ဖြစ်ရုပ်ကြွင်းရဲ့ အထောက်အထားများ အရ လူသားအရွယ်လောက်ရှိတဲ့ ပင်ဂွင်းများဟာ တစ်ချိန်ကမြေပြင်၌ ကျင်လည်ခဲ့တယ် ဟု ယူဆရပါတယ်။
သူတို့ဟာ လွန်ခဲ့သောနှစ်သန်းပေါင်း ၅၅ မှ ၆၀ အတွင်းနေထိုင်ခဲ့ကြပြီး ပေါင် ၂၂၀ ခန့် ရှိကာ အရပ် ၅ ပေ ၁၀ လက်မခန့် ရှိကြပါတယ်။
(၉) ဟုတ်ပါတယ်၊ ပင်ဂွင်းငှက်အားလုံးဟာ အဖြူ နဲ့ အမည်းတွေဘဲ ဖြစ်ကြပါတယ်
ကျွန်ုပ်တို့အနေနဲ့ သူတို့ကိုဘယ်နေရာမှာတွေ့တွေ့ ၊ ကြီးသည်ဖြစ်စေ ၊ သေးငယ်သည်ဖြစ်စေ၊ ပင်ဂွင်းငှက်များအားလုံးကို သိပ္ပံပညာရှင်များက ”countershading ” ဟုခေါ်ကြပါတယ်။
countershading ဆိုတာဟာ တိရိစ္ဆာန်အများစုမှာတွေ့ရတဲ့ အရောင်ဖြစ်ပြီး ဆိုလိုတာက တိရိစ္ဆာန်ရဲ့ ကျောဘက်တွင် မည်းနေပြီး အောက်ဘက်တွင် ဖြူနေတာကို ခေါ်ပါတယ်။
ပင်ဂွင်းတွေဟာ ကျောမည်းများရှိပြီး သူတို့၏ အတောင်ပံ အဖျားများဟာလည်း အနက်ရောင်ရှိကြပါတယ် ၊ သူတို့၏ လည် ပင်း၊ ရင်သား နှင့် ဝမ်းဗိုက်တို့ကတော့ အဖြူရောင်ရှိပါတယ်။

သူတို့၏အရောင်ပုံစံဟာ ရုပ်ဖျက်တဲ့နေရာမှာ အလွန်အသုံးဝင်ပါတယ်။ orcas နှင့် ဖျံ ကဲ့သို့ပင်ဂွင်းများဟာ အများအားဖြင့် ရေအောက်တွင်ကူးခတ်ကြပြီး သူတို့ကို ရေအောက်ထဲကနေ မော့ကြည့်တဲ့အခါ ပင်ဂွင်းငှက်တွေ ဝမ်းဗိုက် နဲ့ ရေမျက်နှာပြင်ဟာ ခွဲခြားဖို့ ခက်ပါတယ်။
အပေါ်ကကြည့်မယ်ဆိုရင်လဲ သူတို့ရဲ့အနက်ရောင်နောက်ကျောက ၎င်းတို့ပတ်လည်ရှိရေများ နှင့် ရောနှောနေသဖြင့် တွေ့ရှိနိုင်ချေ နည်းပါတယ်။
သို့သော်လည်း ပင်ဂွင်းငှက်အများစုက ရေခဲဖုံးလေ့ရှိသော ဝင်ရိုးစွန်းဒေသများတွင် နေထိုင်သောကြောင့် ၎င်းတို့ကိုကုန်းပေါ်တွင် ထင်းကနဲ မြင်တွေ့ရပါတယ်။
(၁၀) ပင်ဂွင်းငှက်တွေရဲ့ အရောင်က တခြားမည်သည့်တိရိစ္ဆာန်မှာမှ မတွေ့ဖူးတဲ့ပုံစံ ဖြစ်ပါတယ်
ပင်ဂွင်းငှက်အများစုဟာ အဖြူ နဲ့ အမည်း ဖြစ်ကြသော်လည်း အပြာ သို့မဟုတ် အဝါ ကဲ့သို့ တောက်ပတဲ့အရောင်များရှိတဲ့ တခြားပင်ဂွင်းတွေလည်း ရှိပါတယ်။
ရုပ်ကြွင်းမှတ်တမ်းများအရ ယခုအခါ မျိုးသုဉ်းပျောက်ကွယ်သွားသော ပင်ဂွင်းများဟာ ပို၍ပင်အရောင်အသွေး စုံလင်တယ် ဟု သိရပါတယ်။
စိတ်ဝင်စားစရာကောင်းတာက တခြားမည်သည့် တိရိစ္ဆာန်မှာမှ မတွေ့ရတဲ့ အရောင်အတွက် ထူးခြားတဲ့ microstructure တွေ ဖွံ့ဖြိုးခဲ့ကြပါတယ်။
အဘယ့်ကြောင့်ဆိုသော် သူတို့ဟာ အခြားငှက်များတွင် တွေ့ရသောအရောင်အမျိုးအစားများနှင့်မတူဘဲ အချိန်နှင့်အမျှ သီးခြားဖွံ့ဖြိုးလာခဲ့ကြသောကြောင့် ဖြစ်ပါတယ်။
သို့သော်လည်း တခြားငှက်တွေနဲ့ မတူတာက တခြားငှက်တွေဟာ သူတို့အမွှေးအတောင်တွေအရောင်ပြောင်းလဲဖို့ တခြားလိုအပ်တဲ့ အစားအစာတွေ စားသုံးပေးရပေမဲ့ ပင်ဂွင်းတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင်အမွှေးအတောင် တွေကနေ ကိုယ်ပိုင်အရောင်တွေ ဖွံ့ဖြိုးပြောင်းလဲတာကို တွေ့ရပါတယ်။
(၁၁) ပင်ဂွင်းလေးတွေရဲ့ နာမည်က ဘယ်ကနေလာသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး
ရေထဲတွင် ပင်ဂွင်းငှက်အုပ်စုကို ဖောင် ဟုခေါ် ပြီးကုန်းပေါ်တွင် waddle ဟုခေါ်ပါတယ် ၊ သို့သော်ယေဘူယျအားဖြင့် ငှက်မျိုးစိတ်များအ တွက် နာမည်ရဲ့ မူလအစသည် အနည်းငယ် ဆန်းကြယ်ပါတယ်။
ပင်ဂွင်းငှက်တွေဟာ ၁၅၀၀ ခုနှစ်တွေတုန်းက ပထမဆုံးနာမည်အဖြစ် Auk ဟု သတ်မှတ်ထားကြပါတယ်။
ပင်ဂွင်းငှက်တွေကို ပထမဆုံးတွေ့ဖူးသော ဥရောပသားများက သူတို့နှင့် မသက်ဆိုင်သော်လည်း မြောက်ပိုင်းကမ္ဘာခြမ်းငှက် နှင့် တူသည်ဟု ထင်ခဲ့ကြပါတယ်။

ထို့ကြောင့် Oxford English Dictionary နှင့် American Heritage Dictionary ကဲ့သို့သောအဘိဓာန်များတွင် ပင်ဂွင်း ဟူသော စကားလုံးဟာ ဝေးလ်စကားလုံး “head” (pen) နှင့် ”white” (gywn) တို့ ပေါင်းစပ်ဆင်းသက်လာခြင်းဖြစ်တယ်ဟု ဆိုပါတယ်။
နောက်ထပ် စကားလုံး၏ မူလဇစ်မြစ်ဖြစ်သော အခြားသီအိုရီမှာ လက်တင်စကားလုံး pinguis မှ ဆင်းသက်လာကြောင်း နှင့် fat or oil ဟု အဓိပ္ပာယ်ရကြောင်း ဆိုပါတယ်။
(၁၂) ယခုအခါ ပင်ဂွင်းတွေရဲ့ အရေအတွက်ဟာ နည်းပါးလာပါပြီ
IUCN ၏ အဆိုအရ ပင်ဂွင်းမျိုးစိတ် အများစုဟာ အရေအတွက် လျော့နည်းလာပြီး၊ African penguin ၊ Galapagos penguin ၊ yellow–eyed penguin ၊ northern rockhopper penguin နှင့် erect-crested penguin စတဲ့ မျိုးစိတ်ငါးမျိုး မျိုးသုဉ်းပျောက်ကွယ်သွားပြီ ဟု ကြေညာခဲ့ပါတယ်။
ပင်ဂွင်းငှက်များ မျိုးသုန်းမသွားအောင် လူသားများ ကူညီနိုင်သည့် နည်းလမ်း အများစုကတော့ သမုဒ္ဒရာကို သန့်ရှင်းအောင်ထားပြီး ပင်ဂွင်းလေးတွေရဲ့ နေရာ နှင့် အမဲလိုက်နယ်မြေများ ထိန်းသိမ်းခြင်းတို့ ပါဝင်ပါတယ်။
ပင်ဂွင်းငှက်လေးတွေ အစာစားသုံးရန် နေရာ အလုံအလောက်ရှိစေရန် နှင့် ရာသီဥတု ပြောင်းလဲမှုကို အနည်းဆုံးဖြစ်စေရန် သဘာဝပတ်ဝန်းကို ထိန်းသိမ်းကာကွယ်ရပါမည်။
ထို့အပြင် ရေခဲကိုမှီခိုနေသော ပင်ဂွင်းလေးများဟာ ထိုဒေသများတွင် ဆက်လက်အသက်ရှင်ရန် အလွန်အရေးကြီးပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။