ဝက်တွေနဲ့ ပတ်သတ်ပြီးတော့ သင်မသိနိုင်သေးတဲ့ အချက် ၁၀ ချက်

Facts Nature

ဝက်အချို့ဟာ အသိဉာဏ်အရှိဆုံးနဲ့ လူမှုဆက်ဆံရေး အကောင်းဆုံး တိရစ္ဆာန်စတဲ့ ပုံပြင်တွေနဲ့ ကလေးများအကြိုက်ဖြစ်ရတဲ့ အကြောင်းအရင်းတစ်ခု ရှိနိုင်ပါတယ်။

ဒါ့ကြောင့် ဝက်တွေနဲ့ ပတ်သက်လို့ သင်မသိနိုင်လောက်သေးမယ့် အချက် ၁၁ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လွန်ခဲ့သောနှစ်ပေါင်း ၉၀၀၀ ကျော်က ဝက်တွေကို အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးမြူခဲ့ပါတယ်

သိပ္ပံပညာရှင်တွေက ဝက်တွေကမ္ဘာပေါ်မှာ ရှိတာ အတော်ကြာကြာ ရှိပြီလို့ ခန့်မှန်းခဲ့ကြပါတယ်။

Eurasia တောဝက် Credit: optimumwildboars

ခွေးများ၊ ဆိတ်များအပြင် အစုံစားသတ္တဝါမျိုးစိတ်က ရှေးအကျဆုံး အိမ်မွေးတိရစ္ဆာန် အမျိုးအစားများထဲမှ တစ်ခုဖြစ်ပါတယ်။
သူတို့ရဲ့တောရိုင်း ဘိုးဘေးတွေဟာ Eurasian တောဝက် ဖြစ်နိုင်မယ်လို့ ယူဆကြပါတယ်။

၂။ ဝက်များတွင် ချွေးဂလင်းများ အနည်းငယ်သာရှိပါတယ်

ဝက်တစ်ကောင်ရဲ့ ထူးခြားတဲ့ ပုံရိပ်ကို စဉ်းစားကြည့်တဲ့ အခါမှာ သူတို့ဟာ ရွှံ့ထဲတွင် လူးလိမ့်နေတာကို မြင်ယောင်မိမှာပါ။

ပူအိုက်သောနေ့များတွင် ဝက်တွေ ရွှံ့ထဲမှာ လူးလိမ့်နေတာက သူတို့က ညစ်ပတ်တာကြောင့် မဟုတ်ဘဲ အေးသွားစေရန်ဖြစ်ပါတယ်။

ဝက်များသည် ခန္ဓာကိုယ် အပူထုတ်လွှတ်ပေးမယ့် ချွေးဂလင်းမရှိသလောက်နည်းပါးပြီးတော့ သူတို့ရဲ့ လိုအပ်တဲ့ ခန္ဓာကိုယ်အဆီတွေကို နေရောင်တွင် မလောင်ကျွမ်းစေရန် နည်းလမ်းရှာပေးပါတယ်။

Illustration

ရွှံ့က သူတို့ကို စိမ်ပြေနပြေ ရွှံ့လူးနေရင်းနဲ့ သင့်တော်တဲ့ကိုယ်အပူချိန်ကို ထိန်းထားရန် ခွင့်ပြုပေးပါတယ်။

၃။ ဝက်တွေကို အန္တာတိကတိုက်မှ လွဲ၍ ကျန်တဲ့တိုက်တိုင်းတွင် တွေ့နိုင်ပါတယ်

၀က်တွေဟာ ပတ်၀န်းကျင်ဘယ်လောက်များများမှာရှိနေ​မလဲဆိုတာကို စဉ်းစားကြည့်ရင် ဝက်မျိုးစိတ်တွေက ကမ္ဘာအနှံ့ပျံ့နှံ့ရောက်ရှိနေပါတယ်။

ဝက်၊ ဝက်သိုး၊ ဝက်ထီးတွေက အန္တာတိကတိုက်မှလွဲ၍ ကျန်တဲ့တိုက်တိုင်းမှာရှိပါတယ်။

၄။ တောဝက်တွေက အမေရိကန်တွင် နှစ်စဉ်ဒေါ်လာ ၁ ဘီလီယံကျော် ထိခိုက်ပျက်စီးစေပါတယ်

ပုံမှန်ဝက်ကလေးက ဘာအန္တရာယ်မှမရှိပေမယ့် တောရိုင်းဝက်တွေ၊ ပိုမိုများပြားလာတဲ့ ကျူးကျော်ဝက်တွေ ကတော့ မတူညီပါဘူး။

တောဝက်များသည် အမေရိကန်တွင် နှစ်စဉ်ဒေါ်လာ ၁.၅ ဘီလီယံခန့်ပျက်စီးစေပါတယ်။

သူတို့ရဲ့အစာအတွက်ရှာဖွေမှုဟာ လယ်ယာမြေများကိုဖြိုဖျက်နိုင်ပြီး ကောက်ပဲသီးနှံများနဲ့ အပန်းဖြေစရာနေရာများကို ဖျက်ဆီးနိုင်ပြီး အခြားတောရိုင်းတိရစ္ဆာန်များကိုလည်း မောင်းထုတ်နိုင်ပါတယ်။

Illustration

ထို့အပြင် သူတို့ကခွေးတွေနဲ့ အခြားအိမ်မွေးတိရိစ္ဆာန်များကို ပိုမိုခြိမ်းခြောက်နေသော ရောဂါအန္တရာယ်များကို သယ်ဆောင်လာနိုင်ပါတယ်။

ဝက်တွေက ဂေါ်ဇီလာတွေလို မြို့အဆောက်အအုံများကို မဖျက်ဆီးနိုင်သော်လည်းပဲ စိုက်ပျိုးရေးမြေတွေအပေါ် ၎င်းတို့ရဲ့ ဖျက်ဆီးနိုင်မှုက ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်နိုင်ပါတယ်။

၅။ ဒိန်းမတ်နိုင်ငံတွင် ဝက်တွေက လူတွေထက် ပိုများပါတယ်။

ဒိန်းမတ်နိုင်ငံတွင် လူတွေထက် ဝက်အရေအတွက်က ပိုများပါတယ်။

အကျိုးအမြတ်ရရှိတဲ့ အသား ထုတ်လုပ်ရေး လုပ်ငန်းနဲ့အတူ ဝက်ကောင်ရေ ၂၈ သန်းခန့် ထုတ်လုပ် လျက်ရှိတဲ့ ဝက်မွေးမြူရေး ခြံပေါင်း ၅၀၀၀ ကျော်ရှိပြီး နှစ်စဉ်သန်း ၂၀ ခန့် စားသုံးဖို့ အသုံးပြု ခံနေရပါတယ်။

မတူတာကတော့ ဒိန်းမတ်နိုင်ငံရဲ့ လူဦးရေဟာ ၅ သန်းမှ ၆ သန်းအထိသာ ရှိပါတယ်။ ဝက်အရေအတွက်ဟာ အလွန်အဖိုးတန်ပါတယ်။

Frank Cilius/AP

မကြာသေးမီက အိမ်နီးချင်းဂျာမနီတွင် ဒိန်းမတ်ရှိ ကျူးကျော်ဝက်ခြံများမှ တောနှင့် အိမ်မွေးဝက်တို့မှ အလွန်ကူးစက်နိုင်သော်လည်း လူကိုမသေစေနိုင်တဲ့ အာဖရိကဝက်ဖျားရောဂါရန်မှ ကာကွယ်ရန် ဒေါ်လာ ၁၂ သန်းတန် ခြံစည်းရိုးကို တည်ဆောက်ခဲ့ပါတယ်။

၆။ ဝက်တွေက ဗီဒီယိုဂိမ်း ကျွမ်းကျင်သူများ ဖြစ်ပါတယ်

၁၉၉၀ ခုနှစ်များတွင် Penn ပြည်နယ်၌ မကြာခဏလေ့လာခဲ့တဲ့ သုတေသနက ဝက်တွေဟာ ဗီဒီယိုဂိမ်းများအတွက် ထူးခြားတဲ့ အရည် အချင်းရှိတာကို ထင်ရှားစေခဲ့ပါတယ်။

လေ့လာမှုအရ ဝက်တွေဟာ အလွန်ထက်မြက်တာကြောင့် ချင်ပန်ဇီများနှင့် ဉာဏ်ရည်ထက်မြက်မှုနဲ့ လေ့ကျင့်သင်ကြားမှုကြောင့် ရုပ်ရှင်များတွင် သုံးလေ့ရှိတဲ့ တယ်ရီယာခွေး Jack Russell ထက် ခလုတ်ပါတဲ့ ဂိမ်းကို ဘယ်လိုဆော့ရမလဲဆိုတာကို ကောင်းကောင်းသင်ယူနိုင်ခဲ့တာကို ပြသခဲ့ပါတယ်။

၇။ Charlotte’s web တွင် Wilbur ရဲ့အခန်းကဏ္ဍကို ပြသရန် ဝက်လေးဆယ့်ခြောက်ကောင်ကို အသုံးပြုခဲ့ပါတယ်

E.B White ရေးသားတဲ့ ပုံပြင်ဖြစ်တဲ့ Charlotte’s Web တွင် အဓိကဇာတ်ကောင် Wilbur က စာပေလောကရဲ့ ချစ်စရာအကောင်းဆုံးဝက်ဖြစ်နိုင်ဖွယ် ရှိပါတယ်။

၂၀၀၆ ခုနှစ်က ရုပ်ရှင် ရိုက်ကူးရာတွင် ဖန်သားပြင်ပေါ်မှာ ဇာတ်ကောင်ကို တိကျစွာ ဖော်ကျူးရန် ဝက်ကလေး ၄၆ ကောင်ကို အသုံးပြုခဲ့ပါတယ်။

Credit: pluggedin

ဝက်ကလေးတစ်ကောင်ချင်းစီကို ဟောလိဝုဒ် မင်းသားတွေလို ဆက်ဆံခဲ့ပါတယ်။

ရိုက်ကူးရေး ပြီးတဲ့နောက် ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ သြစတေးလျ အိမ်အသစ်မှာ သူတို့ကို ကြည့်ရှု စောင့်ရှောက်ခဲ့ပါတယ်။

ပြီးတော့ ရုပ်ရှင်ထဲက နောက်ထပ် ဝက်တစ်ကောင် ကလည်း ပျော်ရွှင်စွာအဆုံးသတ်ခဲ့ပြီး နောက်ပိုင်းမှာ Alice လို့ခေါ်တဲ့ Wilbur ရဲ့အမေအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ၀က်မလေးကလည်း ဝက်ကလေး နှစ်ကောင်နဲ့အတူ တိရစ္ဆာန်ဥယျာဉ် တစ်ခုတွင် နေထိုင်သွားခဲ့ပါတယ်။

၈။ Winston Churchill က ဝက်တွေကို သဘောကျခဲ့ပါတယ်

Winston Churchill ကို ဒုတိယ ကမ္ဘာစစ်အတွင်း ဗြိတိန် ဝန်ကြီးချုပ်အဖြစ် သူရဲ့ခေါင်းဆောင်မှု အတွက် ကောင်းကောင်း မှတ်မိကြပါတယ်။

Churchill က “ငါဝက်တွေကိုကြိုက်တယ်။ ခွေးတွေက ငါတို့ကို မော့ကြည့်တယ်။ ကြောင်တွေက ငါတို့ကို အထင်သေးတယ်။ ဝက်တွေကတော့ ငါတို့ကို တန်းတူ ဆက်ဆံတယ်” လို့ တစ်ခါက ပြောခဲ့ပါတယ်။

တစ်နည်းအားဖြင့် ခွေးတွေက ကျွန်တော်တို့ရဲ့ ထောက်ခံချက်ကို တောင်းခံပြီး၊ ကြောင်တွေကတော့ ဂရုမစိုက်ပါဘူး၊ အသိဥာဏ်နဲ့ပေါင်းသင်း ဆက်ဆံတတ်တဲ့ ဝက်တွေက လူသားတွေနဲ့ ပိုမိုတန်းတူဖြစ်ပါတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

၉။ အချို့ဝက်တွေက ဘယ်လိုလှိုင်းစီးလေ့ကျင့်ရမလဲဆိုတာကို သိပါတယ်

ကျွန်တော်တို့က ဝက်တွေက ထက်မြက်တယ်လို့ပြောပါတယ်။

သူတို့က ခြံထဲမှာဘိုးလင်း၊ ဘတ်စကတ်ဘောကစားတာ၊ ပဟေဠိ မကစားနေတဲ့အခါမှာ လှိုင်းစီးတာကနေ သူတို့ရဲ့စိတ်လှုပ်ရှားမှုကို ရနိုင်ပါတယ်။

Kaw the Surfing Pig လို့ လူသိများတဲ့ ဟာဝိုင်အီ နာမည်ကြီးဝက် Kamapua’a က လှိုင်းစီးဖို့ သူရဲ့ပိုင်ရှင် Kai Holt နှင့်အတူ မကြာခဏဆိုသလို လိုက်ပါသွားလေ့ရှိပါတယ်။

Illustration

Kama က GoPro ကနေတဆင့် လှိုင်းစီးဖို့ ကားနဲ့ ခေါ်သွားနိုင်လောက်အောင် ကောင်းမွန်စွာ လှိုင်းစီးနိုင်ပါတယ်။

၁၀။ Pygg အိုးများမှ စတင်ခဲ့တဲ့ ဝက်ရုပ်စုဘူးများ

ကလေးတစ်ယောက်အနေနဲ့ အပိုငွေလေးတွေကို အထူးသဖြင့် လုံခြုံတဲ့စုဘူးတစ်ခုဖြစ်တဲ့ ဝက်ရုပ် စုဘူးလေးတွေ ထဲမှာ စုဆောင်းကြပါတယ်။

Illustration

သို့သော် ကမ္ဘာပေါ်ရှိ တိရစ္ဆာန်တွေအားလုံး အနက်မှ ဝက်က ဘာလို့ကျော်ကြားတာလဲ။

၁၃ ရာစုကနေ ၁၅ ရာစုအတွင်း လူတွေက ငွေစုဆောင်းရန် အသုံးများဆုံး နေရာများထဲမှ တစ်ခုမှာ Pygg လို့ခေါ်တဲ့ လိမ္မော်ရောင် ရွှံ့စေးဖြင့် ပြုလုပ်ထားတဲ့ အိုးတွေဖြစ်ကြပါတယ်။

မတော်တဆဖြစ်စေ၊ ဒီဇိုင်းကြောင့်ဖြစ်စေ ၁၉ ရာစုတစ်ဝိုက်တွင် ထုတ်လုပ်သူတွေက ဝက်ပုံသဏ္ဍာန်အိုးငယ်များကို ပုံသွင်းခြင်းဖြင့် စတင်ခဲ့ပြီး နောက်ဆုံးတွင် ဝက်ရုပ်စုဘူးများဖြစ်လာခဲ့ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

First Published 11/9/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *