စာဖတ်ခြင်းဟာ အံ့သြဖွယ်ကောင်းတဲ့ ကောင်းကျိုး အချို့ကို ရရှိနိုင်ပါတယ်။ စာဖတ်ခြင်းဟာ ကျွနိုပ်တို့ကို မမြင်နိုင်တဲ့ ကမ္ဘာတွေဆီ ပို့ဆောင် ပေးပါတယ်။
ကျွနိုပ်တို့ တစ်ခါမှ မတွေ့ဘူးတဲ့ လူတွေနဲ့ မိတ်ဆက်ပေးတယ် ၊ ပြီးတော့ ကျွနိုပ်တို့ တစ်ခါမှမခံစားဖူးတဲ့ စိတ်ခံစားချက်များကို ဖန်တီးပေးနိုင်ပါတယ်။
ဒါအပြင် စာဖတ်ခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်း ပေးတာတွေ့ရပါတယ်။ ဒီနေရာမှာ သင်ဟာ စာအုပ်များ ပိုမိုစုဆောင်းသင့်တဲ့ သိပ္ပံနည်းကျအကြောင်းပြချက် (၆) ချက် ကို လေ့လာနိုင်ပါတယ်။
(၁) စာဖတ်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်
၂၀၀၉ ခုနှစ် ဗြိတိန်နိုင်ငံ Sussex တက္ကသိုလ်မှသိပ္ပံပညာရှင်များက မတူညီသောလုပ်ဆောင်ချက်တွေဟာ နှလုံးခုန်နှုန်း နှင့်ကြွက်သားတောင့်တင်းကို တိုင်းတာခြင်းဖြင့် စိတ်ဖိစီးမှုလျော့ကျစေပုံကို အကဲဖြတ်လေ့လာခဲ့ပါတယ်။
စာအုပ်တစ်အုပ် သို့မဟုတ် သတင်းစာကို ခြောက်မိနစ်လောက် ဖတ်ခြင်းက လူတွေရဲ့စိတ်ဖိစီးမှုတွေကို ၆၈ ရာခိုင်နှုန်းအထိ လျော့ကျစေပါတယ်၊ ဒါဟာ လမ်းလျှောက်ခြင်းကြောင့် (၄၂ ရာခိုင်နှုန်း)၊ လက်ဖက်ရည်တစ်ခွက်က (၅၄ ရာခိုင်နှုန်း)၊ သီချင်းနားထောင်ခြင်းက (၆၁ ရာခိုင်နှုန်း) စသည် တို့ထက် ပိုမိုအားကောင်းတဲ့အကျိုးသက်ရောက်မှု ရှိတာတွေ့ရပါတယ်။
စာရေးဆရာများရဲ့ အဆိုအရ စိတ်အနှောက်အယှက်ဖြစ်ခြင်းနှင့် စိတ်အာရုံပျံ့လွှင့်ခြင်း တို့အတွက် စာဖတ်ဟာခြင်းဟာ အကောင်းဆုံး စိတ်ဖိစီးမှုကို လျော့ချပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။
(၂) စာဖတ်ခြင်းဟာ သင့်ကိုအသက်ရှည်စေပါတယ်
နေ့စဥ်စာဖတ်ခြင်းဟာ ကျွနိုပ်တို့ သက်တမ်းကို ရှည်စေနိုင်ပါတယ်။ Yale တက္ကသိုလ်မှ အဖွဲ့တစ်ဖွဲ့ဟာ အသက်၅၀ ကျော်လူကြီး ၃၆၀၀ ကျော်ကို ၁၂နှစိကြာ လိုက်လံ လေ့လာခဲ့ကြပါတယ်။
သူတို့က တစ်နေ့ကို မိနစ်၃၀ကြာ စာအုပ်ဖတ်တဲ့သူတွေဟာ သတင်းစာတွေ ၊ မဂ္ဂဇင်းတွေ ဖတ်တဲ့သူတွေထက် ၂ နှစ်နီးပါး အသက်ပိုရှည်ကို တွေ့ရှိခဲ့ပါတယ်။

တစ်ပတ်ကို မိနစ် ၂၁၀ ထက်ပိုပြီး စာဖတ်တဲ့သူတွေဟာ သေဆုံးနိုင်ချေ ၂၃ ရာခိုင်နှုန်း လျော့နည်းပြီး မိနစ် ၂၁၀ ထက် လျော့ပြီးစာဖတ်တဲ့လူတွေက သေဆုံးနိုင်ချေ ၁၇ရာခိုင်နှုန်းဘဲရှိတာကို တွေ့ရပါတယ်။
ဒါကြောင့် စာရေးဆရာတွေက စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေထဲမှာ စာဖတ်ခြင်းဟာ အသက်ရှည်စေနိုင်တယ်ဆိုတာ ပါနေခြင်းဖြစ်တယ် ဟု ရေးသားခဲ့ခြင်းဖြစ်တယ်။
(၃) စာဖတ်ခြင်းဟာ ကျွနိုပ်တို့ ဘာသာစကားကျွမ်းကျင်မှု နှင့် ကမ္ဘာ ဗဟုသုတတွေကိုလည်း တိုးပွားစေပါတယ်
၁၉၉၀ပြည့်လွန်နှစ်များမှာ စာဖတ်ခြင်းရဲ့ရှေ့ဆောင် Keith Stanovich နှင့် သူ့ လုပ်ဖော်ကိုင်ဖက်တွေဟာ သိမြင်မှုစွမ်းရည်၊ ဝေါဟာရ၊ ဖြစ်ရပ်မှန်အသိပညာ နှင့်အချို့သော ရသစာပေများ နှင့် စိတ်ကူးယဉ်စာရေးဆရာများအကြား ဆက်နွယ်မှုကို အကဲဖြတ်လေ့လာရန် စာဖတ်လေ့လာမှုများစွာ ပြုလုပ်ခဲ့ကြပါတယ်။
သူတို့ဟာ စာဖတ်စွမ်းရည်ကို တိုင်းတာဖို့ အားကောင်းတဲ့ ကြိုတင်ခန့်မှန်းပေးတဲ့ Author Recognition Test (ART) ကိုအသုံးပြုခဲ့ပါတယ်။ Stanovich က ဒီလေ့လာမှုတွေရဲ့ပျမ်းမျှရလဒ်က စာဖတ်ဝါသနာပါသူ ဖြစ်တယ်လို့ Mental Floss ကိုပြောခဲ့ပါတယ်။
ဒီစာဖတ်ဝါသနာပါတဲ့သူတွေကို ART နဲ့ တိုင်းတာကြည့်တဲ့အခါ ၅၀ ရာခိုင်နှုန်းပိုသိတဲ့ ဝေါဟာရတွေ နှင့် ၅၀ ရာခိုင်နှုန်း ပိုပြီး အချက်အလက်တွေကို အခြေခံထားတဲ့ ဗဟုသုတ ရှိတာကို တွေ့ရပါတယ်။
Maryland တက္ကသိုလ် မှ ”ဦးနှောက် က စာဖတ်တာကို ဘယ်လိုသင်ယူသလဲ ” ဆိုတာကို သုတေသနပြုခဲ့တဲ့ လူသားဖွံ့ဖြိုးမှု ပါမောက္ခ Donald Bolger က စာဖတ်ခြင်းဟာ ကြိုတင်ခန့်မှန်းခြင်းနှင့်ကြိုတင်ခန့်မှန်းမှုကို ထောက်ပံ့ပေးနိုင်တဲ့ စွမ်းရည် ရှိတယ်ဟု ပြောခဲ့ပါတယ်။
ကျွန်တော်တို့ဟာ စကားလုံးတွေကိုများများလေ့လာလေလေ ကျွန်တော်တို့ရဲ့ စာဖတ်အားနှင့် နားလည်နိုင်စွမ်းလဲ အားကောင်းလေလေ ဖြစ်ပါတယ် ။ အထူးသဖြင့်ကျွနိတော်တို့မသိသေးတဲ့ ပြင်ပမှ အကြောင်းအရာတွေကို နားလည်သဘောပေါက်စေမှာဘဲ ဖြစ်ပါတယ်။
(၄)စာဖတ်ခြင်းဟာ စာနာစိတ်ကို မြှင့်တင်ပေးပါတယ်
၂၀၁၃ ခုနှစ်ဟားဗက်လေ့လာမှု တစ်ခုတွင် စေတနာ ဝန်ထမ်းတွေကို ရသစာပေတစ်ပုဒ်ဖြစ်တဲ့ Alice Munro ရဲ့ “Corrie” ၊ လူကြိုက်များသောဝတ္ထု တစ်ပုဒ်ဖြစ်တဲ့ Robert Heinlein ၏ Space Jockey ၊ စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Charles Mann ရဲ့”How the Potato Changed the World” စတဲ့ စာပေတွေကို ဖတ်ရှုစေခဲ့ပါတယ်။

စာပေရသစာပေကို ဖတ်ရှုသူများဟာ ဇာတ်ကောင်များ မည်သို့ပြုမူမည်ကို ခန့်မှန်းခြင်း နှင့် မျက်နှာအမူအရာကိုဖော်ပြခြင်း စတဲ့ စိတ်ခံစားမှုကိုဖော်ပြတဲ့ အလုပ်များကို ပိုမိုလုပ်ဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။
ဒါကို သိပ္ပံပညာရှင်များက Theory of Mind ဟုခေါ်တဲ့ အခြားသူတွေရဲ့ စိတ်အခြေအနေများကိုနားလည်နိုင်စွမ်းရှိ ခြင်း ဟု ပြောဆိုခဲ့ပါတယ်။
လေ့လာမှုဦးဆောင်စာရေးဆရာ David Kidd Harvard Graduate School of Education မှ ပါရဂူဘွဲ့ရတစ်ဦးဖြစ်တဲ့ Mental Floss က ကျွန်တော်တို့ဟာ သာမာန် ၊ ခန့်မှန်းရခက်တဲ့၊ နားလည်ရခက်တဲ့ ဇာတ်ကောင်တွေကို ကြည့်ရတာဟာ တကယ်လောကမှာ လူတွေနဲ့ ဆက်ဆံရာမှာ လိုအပ်တဲ့ စိတ်ဝင်စားမှု တွေ နှိမ့်ချမှုတွေနဲ့ လူတွေကို ချဥ်းကပ် ဆက်ဆံနိုင်လိမ့်မည်ဟု ထင်တယ်လို့ ပြောကြားခဲ့ပါတယ်။
(၅) စာဖတ်ခြင်းက တီထွင်ဖန်တီးနိုင်စွမ်း နဲ့ လိုက်လျောညီထွေရှိခြင်းကို မြှင့်တင်ပေးပါတယ်
Toronto တက္ကသိုလ်မှစိတ်ပညာရှင် Maja Djikic က ကျွန်တော်တို့ဟာ လက်တွေ့ဘဝမှာ မကြာခဏဆိုသလိုဘဲ ဆုံးဖြတ်ချက်တွေ ချရပါတယ်။
ဒါကြောင့် ကျွန်တော်တို့ကို ကူညီနိုင်မဲ့ သတင်းအချက်တွေနဲ့ စိတ်ကို နီးနီးကပ်ကပ်ဖြစ်အောင် နေဖို့လိုတယ်ဟု ပြောပါတယ်။
ကျွန်တော်တို့အနေနဲ့ ရသစာပေတွေကို ဖတ်တဲ့အခါ စိတ်ကို လွတ်လွတ်လပ်လပ် ဖွင့်ထားဖို့လေ့ကျင့်ရန် လိုပါတယ်။
ဒါမှသာ မသေချာမရေရာတဲ့ အခြေအနေတွေကို ခံနိုင်စွမ်းရှိမှာဘဲ ဖြစ်ပါတယ်။
Maja Djikic သည် ရသပုံပြင်တစ်ပုဒ် (သို့) စိတ်ကူးယဉ် ၀တ္ထု အက်ဆေးကို ဖတ်ဖို့ လူ ၁၀၀ ကို တာဝန်ပေး လေ့လာမှုတစ်ခုပြုလုပ်ပြီးနောက် ကောက်ချက်ချခဲ့ပါတယ်။

ရသစာပေ ဖတ်တဲ့သူတွေဟာ အက်ဆေးဖတ်တဲ့သူတွေထက် လိုက်လျော ညီထွေရှိပြီး ဖန်တီးနိုင်စွမ်းပိုမိုရှိတာကို တွေ့ရပါတယ်။
ဒါဟာ ပုံမှန်စာဖတ်လေ့ဖတ်ထရှိတဲ့ သူတွေအတွက် ပြင်းပြင်းထန်ထန် အကျိုးသက်ရောက်မှုဘဲ ဖြစ်ပါတယ်။
(၆) စာဖတ်ခြင်းဟာ သင့်ကို တခြားလူတစ်ဦးအသွင်ပြောင်းလဲစေရန် ကူညီပေးပါတယ်
ကျွနိုပ်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးပြောင်းလဲလာမှုတွေ ၊ ဆင့်ကဲပြောင်းလဲလာတဲ့အခိုက်အတန့်တွေကို မကြာခဏ ခွဲခြားသတ်မှတ်လို့ မရပါဘူး၊ ဒါပေမဲ့ ရသစာပေဖတ်ခြင်းဟာ ကျွနိုပ်တို့ကို ပြောင်းလဲဖို့ ကူညီပေးနိုင်ပါတယ်။
Toronto တက္ကသိုလ်မှ သုတေသနအဖွဲ့ဟာ လူ ၁၆၆ ဦး အား သူတို့၏စိတ်ခံစားမှုများ ၊ အဓိကကိုယ်ရည်ကိုယ်သွေးစရိုက်များ နှင့် ပတ် သက် ၍ မေးခွန်းပုံစံများကို လူကြိုက်များတဲ့ Big Five Inventory ကို အခြေခံပြီး ဖြည့်ခိုင်းခဲ့ပါတယ်။
ထို့နောက်အဖွဲ့တစ်ဝက်ကို Anton Chekhov ရဲ့ ဝတ္တုတိုတစ်ပုဒ်ဖြစ်တဲ့ “The Lady with the Toy Dog ” ကိုဖတ်စေခဲ့ပါတယ်။
ဝတ္တုထဲမှာ အပန်းဖြေစခန်းတစ်ခုကို သွား၍ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးနဲ့ ရင်းနှီးတဲ့ အမျိုးသားတစ်ယောက်အကြောင်း ရေးသားထားပါတယ်။ ကျန်တစ်ဝက်ကို ကွာရှင်းပြတ်ဆဲခြင်းနဲ့ဆိုင်တဲ့ စိတ်ကူးယဥ် ဝတ္တုတွေ ကို ဖတ်ခိုင်းစေခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အကုန်လုံးကိုသူတို့အရင်ကဖြေခဲ့တဲ့ တူညီတဲ့ ကိုယ်ရည်ကိုသွေးစရိုက်များနဲ့ပတ်သတ်တဲ့ မေးခွန်းများကိုပြန်ဖြေခိုင်းခဲ့ရာမှာတော့ ရသစာပေဖတ်သူတွေရဲ့ တုံ့ပြန်မှုဟာ သိသိသာသာပြောင်းလဲသွားစေတာကို တွေ့ရပါတယ်။
ရသစာပေဖတ်တဲ့သူတွေဟာ သူတစ်ပါးရဲ့ စိတ်ကူးအတွေ့အကြုံ တွေဖတ်ပြီးတဲ့နောက် သူတို့ကိုယ် သူတို့ ကွဲပြားစွာ မြင်ကြတာကိုတွေ့ရပါတယ်။ စိတ်ကူးယဥ် ဝတ္တုဖတ်တဲ့သူတွေဟာ ထိုသို့ ပြောင်းလဲမှုကို မခံစားရတာကိုတွေ့ရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။