လေဆင်နှာမောင်းများ၏ စိတ်ဝင်စားစရာ အချက်များ

Facts Knowledge

နှစ်စဉ် အမေရိကန်တွင်မြေပြင်ပေါ်သို့လေဆင်နှာမောင်း တစ်ထောင်ခန့် တိုက်ခတ်လျက်ရှိပြီး ကမ္ဘာပေါ်ရှိ အခြား မည်သည့် နိုင်ငံများထက် မဆို ပျမ်းမျှအားဖြင့် ၈၀၀ကျော် ပိုပါတယ်။

အမေရိက တောင်ပိုင်း ပြည်နယ်များတွင် လေဆင်နှာမောင်း တိုက်ခတ်မှု အမြင့်ဆုံး ရာသီဟာ မတ်လနှင့် မေလကြားတွင် ဖြစ်လေ့ရှိပြီး မြောက်ပိုင်းပြည်နယ် အများစု၌ အမြင့်ဆုံး ရာသီဟာ ဇွန်လနှောင်းပိုင်းမှ ဩဂုတ်လအထိဖြစ်ပါတယ်။

လေဆင်နှာမောင်းဆိုတာ

Twister လို့ခေါ်တဲ့ လေဆင်နှာမောင်းဟာ ကြီးမားသော မိုးကြိုးမုန်တိုင်းတစ်ခုမှ‌ မြေပြင်ပေါ်သို့ တိုက်ခတ်တဲ့ လည်နေတဲ့ ကတော့ပုံစံရှိတဲ့ တိမ်တိုက်တစ်ခုပဲဖြစ်ပါတယ်။

၎င်းတို့ဟာ ကမ္ဘာပေါ်တွင်အလျင်မြန်ဆုံး လေတိုက်မှု နှုန်းများဖြစ်ပြီး တစ်နာရီလျှင်မိုင် ၃၀၀ နှုန်းအထိတိုက်ခတ်နိုင်ပါတယ်။

Mesocyclones သို့မဟုတ် supercells လို့ခေါ်တဲ့ ဒီလှည့်လည်နေတဲ့ မိုးကြိုးမုန်တိုင်းတွေဟာ supercell ရဲ့အောက်ဘက်မှ အေးပြီးစိုထိုင်းတဲ့ လေစီးကြောင်းတွေဟာ အပေါ်ဘက်မှ နွေးတဲ့လေနဲ့ ဆုံတဲ့အခါမှာ လေဆင်နှာမောင်းများ ဖြစ်လာပါတယ်။

အဲ့တာဟာ လှည့်လည်နေတဲ့ တိမ်တိုက်နံရံကိုဖြစ်ပေါ်စေပြီး အောက်ခြေမြေပြင်တွင် တိုက်ခတ်ပါတယ်။

၎င်းတို့ကို မဖြစ်ပွားခင် စစ်ဆေးတွေ့ရှိနိုင်ပါသလား

ဒီ mesocyclones တွေကို Doppler ရေဒါမှတဆင့် ကောင်းစွာသတ်မှတ်ပြီးလွယ်ကူစွာရှာဖွေနိုင်ပြီး မိုးလေဝသပညာရှင်တစ်ဦးဟာ လေ ဆင် နှာမောင်းကို ခန့်မှန်းနိုင်ပါတယ်။

လေဆင်နှာမောင်းများကို ပြင်းထန်သော လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှက်တပြတ်ရေကြီးခြင်း၊ ဂရိတ်ဖရုသီးလောက်ရှိတဲ့ မိုးသီးများကြွေကျခြင်း တို့အပါအဝင် ကနဦးတိုက်ခတ်မှုများမတိုင်မီဖြစ်ပွားတဲ့ မိုးလေဝသ လက္ခဏာများ အရလည်း သတ်မှတ်နိုင်ပါတယ်။

ကျွန်တော်တို့ သူတို့ကို ဘယ်လိုတိုင်းတာမလဲ

လေဆင်နှာမောင်းတစ်ခုရဲ့ အရွယ်အစားနဲ့ စွမ်းအားကို Fujita-Scale လို့ခေါ်တဲ့ အတိုင်းအတာနဲ့ တိုင်းတာပြီး အကြီးဆုံးလေဆင်နှာမောင်းကို F-5၊ အသေးဆုံးကိုတော့ F-1စသဖြင့် အဆင့်သတ်မှတ်ပါတယ်။

(Oklahoma တွင် နောက်ဆုံးဖြစ်ပွားခဲ့သော လေဆင်နှာမောင်းမှာ F-4 အဆင့်ဖြစ်ပါတယ်)

လေဆင်နှာမောင်းများစွာဟာ ၁၀မိနစ်ထက်မပိုပဲ တချို့မှာ စက္ကန့်အနည်းငယ်မျှသာ ကြာသော်လည်း တစ်နာရီထက် ပိုကြာသော လေဆင် နှာမောင်းများ ရဲ့ မှတ်တမ်းတင် ဖြစ်ရပ်များစွာလည်းရှိပါတယ်။

သူတို့ကို ဘယ်နေရာတွင် အများဆုံးတွေ့ရတာလဲ

အမေရိကလေဆင်နှာမောင်းအများစုဟာ Tornado Alley လို့ခေါ်တဲ့နေရာမှာ တိုက်ခတ်ပါတယ်။

၎င်းသည် အနောက် တက္ကဆက်ပြည်နယ်နှင့် ဖွဲ့စည်းထားသော မြေပြန့်နေရာဖြစ်ပြီး Oklahoma, Kansas နှင့် Nebraska ကိုဖြတ်၍ South Dakota သို့ Rocky တောင်များနှင့် Appalachian တောင်များသည် ၎င်း၏တစ်ဖက်တစ်ချက်စီတွင်ရှိပါတယ်။

လေဆင်နှာမောင်းအများစုဟာ မြောက်ဘက်တွင် ကနေဒါမှ အေးမြသော ဝင်ရိုးစွန်း လေ‌တွေက မက္ကဆီကိုပင်လယ်ကွေ့မှနွေးထွေးစိုစွတ်သောလေနှင့်မကြာခဏတွေ့ဆုံသောကြောင့် ဤနေရာတွင်ဖြစ်ပွားပါတယ်။

အမေရိကရဲ့အကြီးဆုံး‌ လေဆင်နှာ‌မောင်း အချို့ဟာ Tornado Alley မှာ တိုက်ခတ်ပါတယ်။

Oklahoma ပြည်နယ်ရှိ လေဆင်နှာမောင်းဟာ တချိန်က မိုတယ်တစ်ခုလုံးကို မြေပြင်ပေါ် မှဆွဲတင်ခဲ့ပြီး နောက်ပိုင်းမှာ အဲဒီဆိုင်းဘုတ်ကို Arkansas ပြည်နယ်မှာ ပြန်တွေ့ခဲ့ပါတယ်။

သို့သော် ၁၉၃၁ တွင် Mississippi ကိုဝင်တိုက်သော twister သည် ၈၃ တန်ရှိ‌သည့် ရထားကို လေထဲသို့ ပေ ၈၀ လောက်အထိ ရထား လမ်း မှ ပြုတ်ကျစေခဲ့ပါတယ်။

လေဆင်နှာမောင်းတွေက ကြောက်စရာကောင်းတဲ့အရာတွေပါ

လေဆင်နှာမောင်းတိုက်ခတ်သောအခါ ၎င်းသည် အများအားဖြင့် မြင်သာသော အရောင်အဖြစ် စတင် တိုက်ခတ်‌ လေ့ရှိပါတယ်။

ဒါပေမယ့်လေဆင်နှာမောင်းရဲ့အရောင်က သူစုပ်ယူလိုက်တဲ့အပျက်အစီးတွေကြောင့် မြေကြီးပေါ်မှာရှိနေသ၍ ပိုနက်‌မှောင် လာပါတယ်။

လေဆင်နှာမောင်း တိုက်ခတ်လိုက်တဲ့ အပျက်အစီးပမာဏက ၎င်းဟာဘယ်လောက် ကျယ်ကျယ် တိုက်ခတ်နိုင်တယ် ဆိုတာကို ဆုံးဖြတ်ပါတယ်။

ဥပမာအားဖြင့် လေဆင်နှာမောင်းဟာ ကြီးကြီးမားမား သို့မဟုတ်အစိုင်အခဲမရှိပဲ အများအားဖြင့်ဖုန်နှင့်အညစ်အကြေး‌တွေသာ ပါတယ်ဆိုရင် အဆောက်အဦးများ၊ ကားများနဲ့ အခြားအရာများ ပြည့်လျှံနေသော လေဆင်နှာမောင်းထက် ပိုပြီးတော့ ငြိမ်သက်ဖို့များပါတယ်။

လေဆင်နှာမောင်းဟာ သူဖြစ်ပေါ်လာတဲ့အချိန် ထွက်ခွာလာတဲ့ ဖျက်စီးမှုလမ်းကြောင်းဟာ ၁ မိုင်အထက် ကျော်လွန်နိုင်ပြီး မိုင် ၅၀ကျော်အထိ ခရီးဆန့်နိုင်ပါတယ်။

လေဆင်နှာမောင်းဟာ မြေပြင်ဧရိယာများကို ကျော်ဖြတ်တတ်တယ်လို့ သိရပြီး တစ်ခါတစ်ရံ အိမ်နှစ်လုံးကို ဖျက်ဆီးပြီး အိမ်တစ်လုံး၏ ဘေးတစ်ဖက် တစ်ချက်မှာ မပျက်မစီးဘဲ ကျန်ရစ်နေတတ်ပါတယ်။

လေဆင်နှာမောင်းအများစုဟာ အနောက်တောင်မှ အနောက်မြောက်ဘက်သို့ ရွေ့လျားလေ့ရှိသော်လည်း မုန်တိုင်းဗဟိုမှ ပြင်းထန်‌သော လေတိုက်ခတ်လျှင် ၎င်းတို့ကိုယ်တိုင် နောက်ကြောင်း ပြန်လှည့်တယ်လို့ သိရပါတယ်။

၎င်းတို့ဟာ အမှန်ပင် အံ့မခန်း ဖြစ်ရပ်တစ်ခု ဖြစ်သော်လည်း မယုံနိုင်လောက်အောင် ပျက်စီးစေပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.