ကမ္ဘာကြီး လည်နေတာကို မခံစားရတဲ့ အကြောင်းနှင့် လူတွေကို ကမ္ဘာ့အပြင်လွင့်သွားဖို့ လိုအပ်မည့် လည်အား

Knowledge Science

လူသားတွေကို အာကာသထဲ လွှင့်ထွက်သွားအောင် ပစ်ချဖို့ ကမ္ဘာကြီးက ဘယ်လောက် မြန်မြန် လည်ဖို့ လိုမလဲ။

သာမာန်အားဖြင့် လူသားတွေ ရွေ့လျားနေတဲ့ ကမ္ဘာမြေပေါ်မှ လွင့်ထွက် မသွားတာဟာ ကမ္ဘာ့ ဆွဲငင်အားက ကျွန်ုပ်တို့ကို ထိန်းထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

သို့သော် ကျွန်ုပ်တို့ဟာ ကမ္ဘာကြီးနဲ့အတူ လည်ပတ်နေပြီး centrifugal force (ဗဟိုခွာအား)ဟာ ကျွန်ုပ်တို့လူသားတွေကို ကမ္ဘာဂြိုလ်ရဲ့ ဗဟိုကနေ အပြင်ကို တွန်းပို့ပါတယ်။

တကယ်လို့ centrifugal force ဟာ ဆွဲငင်အားထက် များနေမယ်ဆိုရင် ကျွန်ုပ်တို့ဟာ အာကာသထဲကို ပစ်ချခံရမှာပဲ ဖြစ်ပါတယ်။

centrifugal force ဟာ ကျွန်ုပ်တို့ရောက်နေတဲ့ နေရာပေါ်မှာလည်း မူတည်ပါတယ်။

၎င်းရဲ့ အားဟာ အီကွေတာမှာဆိုရင် အများဆုံးဖြစ်ပြီး ကမ္ဘာ့ဝန်ရိုးစွန်း တွေမှာဆိုရင် လုံးဝမရှိပါဘူး။

ဆွဲငင်အားနဲ့ မျှခြေ ​​ဖြစ်ဖို့ ကမ္ဘာကြီး ဘယ်​လောက်မြန်အောင် လှည့်ရမည်ဆိုတာကို ကျွန်ုပ်တို့ တွက်ချက်နိုင်ပါတယ်။ ( ဒါကို escape velocity လို့ သိ​ကြပါတယ်)

ဒါဟာ တစ်နာရီ ၂၈၄၃၇ ကီလိုမီတာ (၁၇၆၇၀ မိုင်) နှုန်း လောက်နဲ့ အလုပ်လုပ်ပါတယ်။ ကမ္ဘာကြီးဟာ အီကွေတာမှာဆိုရင် အဆိုပါ အရှိန်ရဖို့ ၈၄ မိနစ်လျှင် တစ်ကြိမ် သို့မဟုတ် ၎င်းဟာ အမှန်တကယ် လည်ပတ်တာထက် ၁၇ ဆခန့် ပိုမြန်ပါတယ်။

အကယ်လို့ ကျွန်ုပ်တို့ဟာ အီကွေတာမှ ဝေးရာကို သွားမယ်ဆိုရင် အဆိုပါ အရှိန်နဲ့ အာကာသထဲကို လွှင့်ထွက်သွားဖို့က centrifugal force က ပိုတောင်နည်းပါသေးတယ်။

ဥပမာ Swindon ရဲ့ လတ္တီတွဒ်မှာ နေထိုင်နေတဲ့ လူသားများကို အာကာသထဲသို့ လွှတ်ချဖို့ ကမ္ဘာကြီးဟာ ၅၂ မိနစ်လျှင် တစ်ကြိမ် လှည့်ဖို့ လိုအပ်ပါတယ်။

ကမ္ဘာကြီးလည်နေတာကို ကျွန်ုပ်တို့ခံစားရဖို့ ဘယ်လောက်ထိ သေးဖို့လိုမလဲ။

ကျွန်ုပ်တို့ဟာ ကမ္ဘာကြီးနဲ့အတူ လည်ပတ်နေတာကြောင့် သူ့ရဲ့ တိုက်ရိုက်လည်ပတ်မှုကို မခံစားရပါဘူး။

တကယ်လို့ ကမ္ဘာကြီးက သေးမယ်ဆိုရင် သူ့ရဲ့ အရှိန် အဟုန်ကို ထိန်းဖို့ မြန်မြန် လည်ပတ်ရမှာပါ။ ဒါဟာ ကျွန်ုပ်တို့အပေါ် သက်ရောက် နေတဲ့ centrifugal force (ဗဟိုခွာအား) ကို တိုးလာစေမှာ ဖြစ်ပါတယ်။

centrifugal force ဟာ အပြင်ဘက်သို့ အလိုလို တွန်းကန် လည်ပတ်နေတဲ့အတွက်ကြောင့် ဆွဲငင်အားရဲ့ တစ်စိတ်တစ်ပိုင်းကို ချေဖျက်နိုင်မှာဖြစ်ကာ ကျွန်ုပ်တို့ရဲ့ အလေးချိန်ကလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာကြီးရဲ့ အချင်းကို ထက်ဝက်ခန့် လျှော့ချခြင်းဟာ ကျွန်ုပ်တို့ရဲ့ အလေးချိန်ကို ၁.၂ ကီလိုဂရမ်ခန့်လောက် လျှော့ချနိုင်ပါတယ်၊ ဒါပေမယ့် ကမ္ဘာကြီးလည်နေတာကို သတိထားဖို့ကတော့ မလုံလောက်ပါဘူး။

ကမ္ဘာကြီးဟာ လက်ရှိရဲ့ လေးပုံတစ်ပုံ အရွယ်လောက်ရှိမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့အလေးချိန် စုစုပေါင်းက ၁၅ ကီလိုဂရမ်လောက် ကျသွားမှာဖြစ်လို့ ပိုပေါ့ပါးလာမှာ ဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာကြီး လည်နေတယ်ဆိုတာ ခံစားရတယ်လို့ ယူဆသလားဆိုတာ အငြင်းပွားစရာ ဖြစ်နေပါသေးတယ်။

သင်ဟာ ချားရဟတ် စီးတဲ့အခါမှာ ၎င်း၏ အချင်းဝက်က အလွန်သေးငယ်တဲ့အတွက်ကြောင့် လှည့်ပတ်ခြင်းကို ခံစားရပြီး ဒါဟာ ကျွန်ုပ်တို့ ခန္ဓာကိုယ်တစ်လျှောက် centrifugal force (ဗဟိုခွာအား) ဟာ သိသိသာသာ ကွဲပြားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဒီလိုဖြစ်ဖို့အတွက် ကျွန်ုပ်တို့၏ အရပ်အတိုင်းအတာ နှင့် ဂြိုဟ်ရဲ့အချင်းဝက်တို့ သိသိသာသာ အချိုးကျတဲ့ အချိုးအစား တစ်ခု ဖြစ်လာဖို့ ကမ္ဘာရဲ့ အရွယ်အစားကို အလွန်သေးငယ်အောင် လျှော့ချပစ်ရမှာ ဖြစ်ပါတယ်။

အဲဒီလိုဆိုရင် ကမ္ဘာကြီးဟာ အဆိုပါ အရွယ်အစားသို့ မရောက်ခင်မှာတောင် သူ့ရဲ့ ကိုယ်ပိုင် centrifugal force (ဗဟိုခွာအား) ကြောင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 9/12/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *