Dog and human

ခွေးလေးတွေက လူတွေအပေါ် သစ္စာရှိရတဲ့ အကြောင်း

Article Nature

ခွေးလေးတွေကို တချို့က သစ္စာရှိတဲ့ အဖော်၊ အိမ်မွေးတိရစ္ဆာန် ၊ သူငယ်ချင်း အဖြစ် အမွှန်းတင်ကြပါတယ်။

အမှန်အတိုင်းပြောရရင် ခွေးလေးတွေ နဲ့ ရင်းရင်းနှီးနှီးဆက်ဆံဖူးသူတိုင်း သူတို့ရဲ့သစ္စာရှိမှု နဲ့ ချစ်ခြင်းမေတ္တာကို သက်သေပြနိုင်ပါတယ်။ ​

သူတို့လေးတွေရဲ့ လေးနက်တဲ့ သစ္စာရှိမှု မပြဘဲနဲ့ လူသား​​တွေရဲ့အကောင်းဆုံး သူငယ်ချင်းဆိုတဲ့ နာမည်ကို ရကြမှာ မဟုတ်ပါဘူး။

လူရွှင်တော်တွေက သင်အိမ်ပြန်လာတဲ့အခါ သင့်ကို အမြဲချစ်ပြီး သင့်ကိုတွေ့ရတာနဲ့ ပျော်ရွှင်စေမယ့် ခွေး​လေးတွေက ဘယ်လောက်လိုအပ်လဲဆိုတဲ့အကြောင်း ဟာသတွေတောင် ပြောခဲ့ပါ​သေးတယ်။

ခွေးပိုင်ရှင်အားလုံးကတော့ ခွေးလေးတွေဟာ သစ္စာရှိကြောင်း သိကြပါတယ်။ ခွေးလေးတွေဟာ သူတို့ရဲ့ လူသားပိုင်ရှင်တွေအပေါ် သစ္စာရှိ​စေတဲ့အရာက ဘာလဲ ။

ခွေးလေးတွေဟာ ကျန်ုပ်တို့အပေါ် သူတို့ရဲ့ အချိန်တိုင်းကို လိုလိုလားလား အသုံးချဖို့ ဆန္ဒရှိ​နေတာ ဘာကြောင့်လဲ။

ဒါကြောင့် အောက်တွင်ဖော်ပြထားတဲ့ လူသားများအပေါ် ခွေးကလေးတွေရဲ့ ​သစ္စာတရား နှင့် ပတ်သက်ပြီး သိပ္ပံပညာကပြောတဲ့ အရာတွေကို အနီးကပ်ကြည့်နိုင်ပါတယ်။

ခွေးလေးတွေက တကယ်သစ္စာရှိကြသလား။

ခွေးလေးတွေ ဘာကြောင့် သစ္စာရှိတာနဲ့ ပတ်သတ်ပြီး မဆွေးနွေးခင် သင်မှာ ချစ်စရာကောင်းတဲ့ ခွေးလေးတွေရှိတာ သေချာရဲ့လား။

ခွေးလေးတွေရဲ့ သစ္စာရှိမှာ လူသားတွေရဲ့ အကျင့်စရိုက် အပြုအမူ တွေနဲ့လည်း ဆက်စပ်နေပါတယ်။

ScienceDirect မှ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့​ကြပြီး ခွေးလေးတွေကို ပိုင်ရှင်အနံ့ ၊ တစ်ခုက သူစိမ်းအနံ့ နှင့် နောက်ဆုံးတစ်ခုက အစာအနံ့ စသည့် အနံ့သုံးမျိုးဖြင့် စမ်းသပ်လေ့လာကြပါတယ် ။

ခွေးလေးတွေဟာ သူတို့ရဲ့ ပိုင်ရှင်ရနံ့ကို အခြားအနံ့များထက် ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုများ ပြသခဲ့သည်သာမက ခွေးလေးတွေရဲ့ ဦး နှောက်အစိတ်အပိုင်းအချို့ကလည်း အပြုသဘောဆောင်တဲ့ ခံစားချက်တွေ နဲ့ ပျော်ရွှင်မှုအတွက် တာဝန်ရှိတဲ့အပိုင်းတွေဟာ တောက်ပလာကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ခွေးလေးတွေဟာ ပိုင်ရှင် နဲ့ သူစိမ်း နှစ်ယောက်လုံးနဲ့ ထိတွေ့ခွင့်ရခဲ့သလို ခွေးလေးတွေဟာ သူစိမ်းကို ပြောင်ပြောင် တင်းတင်း ဂရုမစိုက် ကြောင်း ပြသခဲ့ပါတယ်။

ခွေးလေးတွေရဲ့ သစ္စာရှိမှုအတွက် သိပ္ပံနည်းကျ အထောက်အထားဖြစ်တဲ့ အဆိုပါ လေ့လာမှုတွေအပြင် တခြားအထောက်အထား တချို့ပေးနိုင်တဲ့ ​ဖြစ်ရပ်မှန် ဇာတ်လမ်းများစွာရှိပါတယ်။

ဥပမာအနေနဲ့ Hachiko ရဲ့ဇာတ်လမ်းကို လူသိများ​ကြပါတယ်။

ဇာတ်လမ်းထဲမှာ ခွေးလေးဟာ ဘူတာရုံမှာ နေ့တိုင်း အလုပ်ကပြန်လာတဲ့ ပိုင်ရှင်ကို စောင့်ခဲ့ဖူးပါတယ် ။ ဒါပေမယ့်တစ်နေ့မှာ သူ့ပိုင်ရှင်ဟာ အလုပ်မှာဆုံးသွားပြီး ပြန်မလာခဲ့ပါဘူး။

ဆယ်နှစ်ကျော် Hachiko ဟာ ရထားဘူတာရုံသို့ ပြန်မလာတော့တဲ့ သူ့ပိုင်ရှင်ကိုစောင့်နေခဲ့တာပါ။ Hachiko ဟာ သေခါနီးအချိန်မှာတောင် ဘူတာရုံကို စောင့်ဖို့ သွားချင်နေတာပါ။

ကျွန်ုပ်တို့ခွေးလေးတွေ ကျွန်ုပ်တို့အပေါ်သစ္စာရှိတဲ့ အကြောင်းအရင်း ၈ ချက်

အခုဆိုရင် ခွေးလေးတွေဟာ အမှန်တကယ် သစ္စာရှိတဲ့ သတ္တဝါတွေ ဖြစ်ကြပြီး ခွေးပိုင်ရှင်တွေဟာ အသိဆုံးဘဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သိပ္ပံပညာရဲ့ပြောကြားချက်တွေ လေ့လာကြည့်၍ ရပါတယ်။

အောက်ဖော်ပြပါ အကြောင်းအရာ ရှစ်ချက်ဟာ ခွေးလေးတွေတိုင်း သူတို့ရဲ့ ပိုင်ရှင်တွေအပေါ် သစ္စာရှိတဲ့ နောက်ကွယ်မှ အကြောင်းအရာတွေဘဲ ဖြစ်ပါတယ်။

(၁) ခွေးလေးတွေဟာ ကျွန်ုပ်တို့ရဲ့ မိသားစုသဖွယ် တစ်စိတ်တစ်ပိုင်းဖြစ်ခြင်း

ခွေးလေးတွေဟာ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀၀ မှ ၄၀၀၀၀ တုန်းက ခွဲထွက်လာတဲ့ ဝန်သားရဲတွေဖြစ်တဲ့ ဝံပုလွေတွေရဲ့ ဝမ်းကွဲတွေဟု ပြောကြပါတယ်။

သူတို့တစ်ကောင်ခြင်းဆီကို လူသားမိသားစုများ ကဲ့သို့ အရေးပါသောမိသားစု၀င်တစ်ဦးအဖြစ် မြင်ကြပါတယ်။

ဒါကြောင့် ခွေးလေးတွေဟာ လူသားမိသားစုနဲ့ အလွန်လိုက်သော အိမ်မွေး တိရစ္ဆာန်များ ဖြစ်ကြပါတယ်။

ကျွန်ုပ်တို့ မိဘတွေ ၊ မောင်နှမတွေ အပေါ်မှာ သစ္စာစောင့်သိသလိုဘဲ ကျွန်ုပ်ခွေးလေးတွေဟာ ကျွန်ုပ်တို့အပေါ်သစ္စာစောင့်သိမှုတွေကို ခံစားရစေမှာပါ။

(၂) ကျွန်ုပ်တို့နဲ့ အတူတူရှိနေခြင်းဟာ ခွေးလေးတွေကို ပိုမိုပျော်ရွှင်စေပါတယ်

ခွေးပိုင်ရှင်တွေအတွက် ၎င်းတို့ရဲ့ခွေးလေးတွေဟာ အဆင်မပြေမှုတွေ ကြုံရတဲ့အခါ စိတ်သက်သာရာ ရအောင် လုံလောက်တဲ့ အကူအညီပေးပါတယ်။

ဒါဟာ အပြန်အလှန် ခံစားချက်ဘဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဘေးမှာ ခွေးလေးတွေရှိလို့ ပိုကောင်းတဲ့ ခံစားမှု ရရှိသလိုဘဲ ခွေးလေးအတွက်လည်း ပိုကောင်းတဲ့ ပျော်ရွှင်မှုကို ခံစားရစေပါတယ်။

ဒါဟာ ခန့်မှန်းပြောဆိုတာ မဟုတ်ပါဘူး။ တကယ့် လက်တွေ့ဘဲ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် တွင် ထုတ်ဝေခဲ့သော လေ့လာမှုတစ်ခုတွင် စာရေးသူဟာ ခွေးပိုင်ရှင်ရဲ့ အကျိုးသက်ရောက်မှုကို ခွေးရဲ့ oxytocin ပမာဏပေါ်တွင် လေ့လာခဲ့ကြပါတယ်။

ပိုင်ရှင် နှင့် အပြန်အလှန်စကားပြောပြီးမကြာခင်မှာဘဲ ခွေးလေးတွေမှာ Oxytocin ပမာဏ မြင့်တက်လာတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါဟာ ကျွန်ုပ်တို့ခွေးလေးတွေ ကျွန်ုပ်တို့ကို မြင်တဲ့အခါ ပိုပျော်ရွှင်ကြောင်း သက်သေပြ​နေပါတယ်။

(၃) ကျွန်ုပ်တို့ဟာ ခွေးလေးတွေရဲ့ ပံ့ပိုးဖြည့်ဆည်းသူတွေပါ

အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ အရာအားလုံးအတွက် သူတို့၏ ပိုင်ရှင်များအပေါ် အမြဲမှီခိုအားထားကြပါတယ်။

အချို့အိမ်မွေးတိရိစ္ဆာန်များနှင့်မတူဘဲ ခွေးလေးတွေဟာ ဒါကိုသတိပြုမိကြပါတယ်။

ကျွန်ုပ်တို့က ရေ ၊ အစားအစာနဲ့ တ​ခြားလိုအပ်ချက်တွေ ကျွန်ုပ်တို့ပေးနေတာကို ကျွန်ုပ်တို့ ခွေးလေးတွေက သိကြပါတယ်။

ဒီအရာတွေ အားလုံးဟာ ကျွန်ုပ်တို့ ခွေးလေးတွေအတွက် ပိုမိုကောင်းမွန်စေပြီး ကျွန်ုပ်တို့ရဲ့ခွေးလေးတွေက ကျွန်ုပ်တို့အပေါ်ထားရှိတဲ့ သစ္စာရှိမှုက ကျွန်ုပ်တို့ကိုပြန်ပေးဆပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။

(၄) ကိုယ်ချင်းစာစိတ်

သင့်အ​နေနဲ့ ခွေးတစ်ကောင်မှ မပိုင်ဆိုင်ဖူးဘူးဆိုရင် ခွေးတွေက စာနာမှုပြနိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။

သို့သော်ခွေးတစ်ကောင်နှင့်အနီးကပ်ဆက်ဆံဖူးသူတိုင်းဟာ သူတို့စာနာစိတ်ပြနိုင်တယ်ဆိုတာ သိကြပါတယ်။

သင်ဝမ်းနည်းတဲ့အခါ သင့်ကိုနှစ်သိမ့်ဖို့ခွေးလေးတွေက သင့်ဆီလာဖို့ ကြိုးစားဖူးသလား။ ဒါဟာ ခွေးပိုင်ရှင်တွေကြားမှာတော်တော်လေးအဖြစ်များပါတယ်။

၂၀၁၂ ခုနှစ်လေ့လာမှုတစ်ခုအရ ခွေးလေးတွေဟာ လူတွေရဲ့စိတ်နေစိတ်ထားပေါ်မူတည်ပြီး သူတို့ရဲ့အမူအကျင့်တွေကို ပြောင်းလဲစေခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ ပိုင်ရှင်တွေတင်မကပါဘူး။

ခွေးလေးတွေဟာ သူစိမ်းတစ်ယောက်ကိုတွေ့တဲ့အခါ သူတို့ရဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီး သူတို့ရဲ့အမူအကျင့်ကိုတောင် ပြောင်းလဲသွားတာတွေရပါလိမ့်မည်။

(၅) နက်ရှိုင်းတဲ့ နှောင်ကြိုး

ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ ခွေးလေးတွေရဲ့ ကြာလကြာရှည် ဖြတ်သန်းပြီးတဲ့နောက်မှာ မိသားစုတစ်ခုထက်ပိုတဲ့ နက်ရှိုင်းတဲ့ နှောင်ကြိုးတစ်ခု ရှိတယ်ဆိုတာ သတိထားမိပါလိမ့်မယ်။

ခွေးတိုင်းကတော့ သူတို့ပိုင်ရှင်တိုင်းနဲ့ တူညီတဲ့အတိုင်းအတာ နှောင်ကြိုးမရှိကြပါဘူး၊ ပင်ကိုယ်စရိုက်နဲ့လည်း လိုက်ဖက်ညီရပါမယ်။

ဒါပေမဲ့ ခွေးလေးတွေနဲ့ ကျွန်ုပ်တို့ကြားမှာ အလွန်နက်ရှိုင်းတဲ့ နှောင်ကြိုးရှိမယ်ဆိုရင် ကျွန်ုပ်တို့ကို အဆုံးစွန်ထိ သစ္စာရှိတာကို သိနိုင်ပါတယ်။

(၆) ကျွန်ုပ်တို့ ခွေးလေးတွေဟာ ကျွန်ုပ်တို့ကို လိုအပ်ပါတယ်

ခွေးလေးတွေဟာ အိမ်မွေးတိရစ္ဆာန်များဖြစ်နေတာ ကြာပြီဖြစ်သောကြောင့် သူတို့ကို ပံ့ပိုးတဲ့ လူသားတွေကို အားကိုးကြပါတယ်။

ဒါကြောင့် ပြသာနာ တစ်ခုခုကြုံတဲ့အခါ ကျွန်ုပ်တို့ဆီကို လှည့်လာကြပါတယ်။

ဥပမာအနေနဲ့ သူတို့ခြေထောက်တွေဆူးစူးတာဖြစ်ဖြစ် ၊ အန္တရာယ်တစ်ခုခုကြုံတိုင်း ကျွန်ုပ်တို့ဆီ တိုက်ရိုက်လာကြပါတယ်။ ဒ

ါကို ၂၀၀၈ ခုနှစ်တွင် ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုတွင် သက်သေပြခဲ့ပါတယ်။ ခွေးလေးတွေဟာ တခြားမျိုးစိတ်တွေထက် လူသားများနဲ့ ပိုတူကြောင်းလည်း ပြသခဲ့ပါတယ်။

(၇) မွေးမြူရေး နဲ့ မျိုးရိုးဗီဇ

နှစ်ပေါင်းများစွာ အိမ်မွေးတိရစ္ဆာန် ဖြစ်ပြီးနောက်မှာတော့ ခွေးတွေရဲ့ မျိုးဗီဇ​တွေဟာ အမြဲတမ်းပြောင်းလဲမှုများကို တွေ့ကြုံခဲ့ရပါတယ်။

၂၀၀၉ ခုနှစ်လေ့လာမှုတစ်ခုတွင် အိမ်မွေးမြေခွေးတွေရဲ့ အပြုအမူပြောင်းလဲခြင်းကို တောခွေးမြေခွေးများနှင့်နှိုင်းယှဉ်ခဲ့ပါတယ်။

သုတေသီတွေဟာမြေခွေးတွေကို အိမ်မွေးခွေးအဖြစ် ဆင့်ကဲပြောင်းလဲခြင်းဟာ လူတို့နှင့် ပိုမိုလိုက်လျောညီထွေဖြစ်စေတယ်ဟု ကောက်ချက်ချခဲ့ကြပါတယ်။

ထို့ပြင် တောမြေခွေးတွေဟာ များစွာ​ပြန်လည် မွေးထုတ်ကြသဖြင့် ၎င်းတို့ကို အဆိုပါ ဆင့်ကဲ့ဖြစ်စဥ်ကို ဖြတ်သန်းဖို့ အချိန်များစွာပိုကြာစေပါတယ်။

(၈) အမျိုးအစား ရွေးချယ် မွေးမြူခြင်း

ကျွန်ုပ်တို့ ခွေးလေးတွေကို ပထမဆုံးမွေးမြူကတည်းက သူတို့ဆီက အလိုချင်ဆုံး လက္ခဏာတွေကို ပြသဖို့ သူတို့ကိုမွေးမြူကြပါတယ်။

အရွယ်အစား၊ ရန်လိုမှု၊ စိတ်နေစိတ်ထား နှင့်အခြားအရာတွေကတော့ ရွေးချယ် မွေးမြူခြင်း ဖြင့် ပြောင်းလဲနိုင်ပါတယ်။

နှစ်ပေါင်းထောင်ချီအောင် သစ္စာရှိတဲ့ ခွေးတွေ မွေးမြူပြီးတဲ့ နောက်မှာတော့ သစ္စာရှိမှုဟာ မျိုးစိတ်အများစုရဲ့ သဘာဝ ဖြစ်လာပါတယ်။

တစ်ချို့​ခွေးမျိုးစိတ်တွေဟာ တခြားခွေးမျိုးတွေထက် ပိုသစ္စာရှိသလား

ခွေးပိုင်ရှင်တွေဟာ သူတို့ရဲ့ခွေးလေးတွေကို သူတို့ရဲ့သားသမီးတွေလိုဘဲ ထင်ကြပြီး ခွေးလေးတွေဟာ ဉာဏ်ကောင်းဆုံး ၊ အကျင့်ကောင်းဆုံး နဲ့ သစ္စာအရှိဆုံး လို့ အမြဲထင်ကြပါတယ်။

လူအများစုက​တော့ သူတို့အချစ်ဆုံးမျိုးစိတ်က အခြားမျိုးတွေထက် ပိုသစ္စာရှိတယ်လို့ဘဲ ငြင်းပါလိမ့်မည်။ Labrador Retrievers နှင့် German Shepherds စတဲ့ မျိုးစိတ်တွေကတော့ သစ္စာရှိမှုတွေကြောင့် လူသိများကြပါတယ်။

ဒီခွေးတွေဟာ သစ္စာရှိမှုကို ပြနိုင်တယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ဒါပေမယ့် သူတို့က အခြားမျိုးစိတ်တွေထက် တကယ်သစ္စာရှိရဲ့လား။

တကယ်တော့ မည်သည့်ခွေးမဆို သစ္စာစောင့်သိခြင်းဟာ ၎င်းရဲ့မျိုးရိုးထက် သာလွန်သောအချက်များစွာပေါ်တွင် မူတည်ပါတယ်။

တော်တော်များများက ပိုင်ရှင် နဲ့ ခွေး​လေးတွေအကြားက နှောင်ကြိုးပေါ် မူတည်ပါတယ်။

သူတို့လေးတွေနဲ့ ပိုင်ရှင်အကြား အလွန်ကြီးမားတဲ့ နှောင်ကြိုးနဲ့ အတူတကွအတူတူရှိနေရင် မည်သည့်ခွေးအမျိုးအစားမဆို ၎င်းတို့ရဲ့ သစ္စာရှိမှုကို ပြသနေမှာဘဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First published 4/10/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *