တနင်္လာနေ့က အဆိုးဆုံး ဖြစ်ကြောင်း သိပ္ပံနည်းကျ အကြောင်းအရင်း (၆)ချက်

Facts Lifestyle

(၁) အိပ်စက်ခြင်းပုံစံ

ကျွန်ုပ်တို့လူသား​တွေဟာ အချိန်ရဲ့ ကျွေးကျွန်တွေ ဖြစ်ကြပါတယ်။

နွေဦးပေါက်လို့ နှစ်တိုင်း အချိန်အပြောင်းအလဲတွေက ကျွန်ုပ်တို့ကို စိတ်ရှုပ်စေတက်ပါတယ်။ သို့ပေမယ့် လူတိုင်းနီးပါး အပတ်တိုင်း ဒီအရာတွေကိုလုပ်လေ့ရှိပါတယ်။

လူအများစုဟာ ရက်သတ္တပတ်အတွင်း လုံလုံလောက်လောက် အိပ်ရေးမဝတဲ့အတွက်ကြောင့် စနေ တနင်္ဂနွေနေ့ တွေမှာ ပိုအိပ်လေ့ရှိပါတယ်။ ဒါပေမဲ့လည်း တစ်နာရီ နှစ်နာရီလောက် ပိုအိပ်စက်တာဟာ ကျွန်ုပ်တို့ ခန္ဓာကိုယ်ကို ပိုစိတ်ရှုပ်ထွေးစေပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ အပိုအိပ်စက်ခြင်းက ရက်သတ္တပတ်ရဲ့အစမှာ ကျွန်ုပ်တို့ကို ပိုပင်ပန်းစေတယ်လို့ ဆိုပါတယ်။

ဒါဟာ တနင်္လာနေ့နံနက်ခင်းမှာ အိပ်ရာထပြီးနောက် ကောင်းစွာအနားယူမည်ဟု ထင်ထားသော်လည်း မဖြစ်မနေ အလုပ်တာဝန်တွေကြောင့် တနင်္လာနေ့နံနက်မှာ အိပ်ယာထဖို့ ပိုမိုခက်ခဲစေပါတယ်။

(၂) ပေါင်းသင်းဆက်ဆံရေး
တနင်္လာနေ့မနက်ခင်းတွေမှာ ထူးထူးခြားခြား ခံစားရနိုင်တဲ့ အကြောင်းရင်းတစ်ခုကတော့ ပိတ်ရက်တွေပြီးတဲ့နောက် အပြင်ထွက်ရတဲ့နေ့ရက်တွေဖြစ်တဲ့အတွက် ခံစားမှုပိုကောင်းစေမှာပါ။

လူသားများသည် လူမှုဆက်ဆံရေးကောင်းတဲ့ မျိုးနွယ်စုများ ဖြစ်ကြပြီး ပျော်ရွှင်စွာခံစားနိုင်ဖို့ “မျိုးနွယ်စုတစ်ခု” မှာဆိုရင် ကျွန်ုပ်တို့ရဲ့နေရာကို သက်တောင့်သက်သာခံစားရဖို့လည်း လိုအပ်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ နှစ်ရက်ကြာပြီးနောက်မှာပင် ကျွန်ုပ်တို့ရဲ့အလုပ်ပတ်ဝန်းကျင် ကျွန်ုပ်တို့နေရာဟာ လုံလုံခြုံခြုံ နဲ့ သက်တောင်သက်သာရှိစေဖို့ လိုအပ်တယ် ဟုဆိုပါတယ်။

လုပ်ဖော်ကိုင်ဖက်များနှင့် အတင်းအဖျင်းပြောခြင်းဟာ အလုပ်ရက်သတ္တပတ်အတွက် ပြင်ဆင်ခြင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဒါမျိုးတွေမရှိပါက ကျွန်ုပ်တို့အနေနဲ့ အထီးကျန်နေမှာပဲ ဖြစ်ပါတယ်။

(၃) ရုတ်တရက်အပြောင်းအလဲများ

လူတွေရဲ့ စိတ်ခံစားချက်တွေကို ပုံမှန်အချိန်အပိုင်းအခြားမှာ မှတ်တမ်းတင်ခိုင်းကြည့်တဲ့အခါမှာ တနင်္လာနေ့တွေဟာ အင်္ဂါ၊ ဗုဒ္ဓဟူး ဒါမှမဟုတ် ကြာသပတေးနေ့တွေထက် ပိုစိတ်ဖိစီးစရာ ဒါမှမဟုတ် စိတ်ဓာတ်ကျစရာဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

လူတွေဟာ ရက်သတ္တပတ်အဆုံးဖြစ်တဲ့ သောကြာနေ့ကိုပဲ ကြိုမျှော်နေကြတာပါ။ ဒါဟာ အလုပ်ရက်တိုင်းမှာ ကြောက်စရာ စိတ်ညစ်စရာကောင်းသလို ခံစားနေစေမှာပါ။

ဒါပေမယ့်လည်း ဘယ်နေ့က အဆိုးဆုံးလဲဆိုတာ လူတွေကို မေးရင် တနင်္လာနေ့လို့ အမြဲပြောပါလိမ့်မယ်။

ဒါတွေဟာ တနင်္ဂနွေ (ပျော်ရွှင်စရာ ပိတ်ရက်တစ်ရက်) မှ တနင်္လာနေ့ (အလုပ်ရက်)ကြား ပိုမိုကြီးမားတဲ့ စိတ်ခံစားမှုပြောင်းရွေ့မှု ရှိလာရခြင်းရဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာပဲပြောပြော တနင်္လာနေ့ဟာ တစ်ပတ်တာရဲ့ အဆိုးဆုံးနေ့ တစ်နေ့လို့ အမြဲထင်နေမှာပဲ ဖြစ်ပါတယ်။

(၄) ကျွန်ုပ်တို့ကိုယ်တိုင် ဆိုးရွားတဲ့နေ့လို့ ခံစားနေရခြင်း

ကျွန်ုပ်တို့ရဲ့ ပျမ်းမျှ အားလပ်ရက်တွေမှာဆိုရင် ပုံမှန်ထက်ပို၍ အစာစားခြင်း၊ အရက်သောက်ခြင်း သို့မဟုတ် ဆေးလိပ်သောက်ခြင်းတို့ ပြု လုပ်လေ့ရှိပါတယ်။

ဒါတွေအပြင် လေ့လာမှုတစ်ခုအရ ဒီအရာတွေ အားလုံးဟာ ကျွန်ုပ်တို့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေတာကြောင့် အသက်အရွယ်နှင့် နေရာဒေသအားလုံးရှိ အမေရိကန်အမျိုးသမီးများဟာ တနင်္လာနေ့တွေမှာဆို ဆွဲဆောင်မှု အနည်းဆုံး ခံစားရကြောင်း တွေ့ရှိခဲ့ကြပါတယ်။

လူတွေကတော့ တနင်္လာနေ့ကို သူတို့ကိုယ်သူတို့ ပြောင်းလဲဖို့ အကောင်းဆုံးနေ့အဖြစ် ​တွေးမြင်ကြပါတယ်။ ကျွန်ုပ်တို့ဟာ တစ်ပတ်တာရဲ့ ပထမနေ့မှာဆိုရင် အစားအသောက်ကို ပုံမှန်စားပြီး ဆေးလိပ်ဖြတ်ဖို့ တွေးမိပါလိမ့်မယ်။

ဒါတွေဟာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲများဖြစ်သော်လည်း ဒါတွေကို အမှန်တကယ်လုပ်ဆောင်ဖို့က ပျော်စရာတော့ မကောင်းပါဘူး။

ဒါတွေဟာ ကျွန်ုပ်တို့ကိုယ်တိုင် နဲ့ ကျွန်ုပ်တို့ကျန်းမာရေးအတွက် မကောင်းတဲ့ခံစားချက်ဖြစ်စေတာကြောင့် တနင်္လာနေ့ကို အဆိုးရွားဆုံးနေ့အဖြစ် တွေးထင်ကြတာပဲ ဖြစ်ပါတယ်။

(၅) ကျွန်ုပ်တို့ ကျန်းမာရေးအားနည်းခြင်း

တနင်္လာနေ့ဟာ ကျွန်ုပ်တို့ ကျန်းမာကြံ့ခိုင်မှု နည်းပါးတယ်ဟု ခံစားရရုံမျှမက အမှန်တကယ်လည်း ကျန်းမာမှု အားနည်းကြောင်း တွေ့ရပါတယ်။

ယေဘုယျအားဖြင့် ကျွန်ုပ်တို့လို ကိုယ်အလေးချိန်ကို ထိန်းထားသူတွေဟာ ရက်သတ္တပတ်ရဲ့ အစမှာ ဆိုရင် ကိုယ်အလေးချိန် အများဆုံးဖြစ်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပါတယ်။

တနင်္လာနေ့တွေဟာ နှလုံးဖောက်ပြန်ခြင်း နှင့် လေဖြတ်ခြင်းတို့ကို ခံစားရသူများအတွက် အဖြစ်များဆုံးနေ့တစ်နေ့လည်း ဖြစ်ပါတယ်။

ဆေးရုံမတက်ရရင်တောင်မှ ယေဘူယျအားဖြင့် ဖျားနာနိုင်ခြေက တနင်္လာနေ့မှာပိုများပြီး သွေးပေါင်ကလည်း ပိုမြင့်ကြောင်း တွေ့ခဲ့ရပါတယ်။

(၆) ကျွန်ုပ်တို့ လုပ်ကိုင်နေတဲ့ အလုပ်ကို မနှစ်သက်ခြင်း

Gallup စစ်တမ်း​ကောက်ယူမှုတစ်ခုအရ လူ ၇၀ ရာခိုင်နှုန်းခန့်ဟာ မုန်းတီးခြင်းတွေ သို့မဟုတ် အကောင်းဆုံးလုပ်ဆောင်ခြင်းတွေဟာ ၎င်းတို့ရဲ့အလုပ်တွေကနေ လုံးလုံးလျားလျား သတ်မှတ်ခံရတယ် ဟုဆိုပါတယ်။

ဒါဟာ စိတ်ရောဂါအထူးကုများ နှင့် အသက်မွေးဝမ်းကျောင်း နည်းပြများ “Monday Blues” ဟုခေါ်တဲ့အရာကို အထောက်အကူ ဖြစ်စေပါတယ်။

စိတ်ဓာတ်ကျခြင်းတွေ နှင့် စိုးရိမ် သောက ခံစားချက်တွေဟာ တနင်္ဂနွေညမှာ စတင်နိုင်ပြီး တနင်္လာနေ့သို့ ဦးတည်သွားနိုင်ပါတယ်။

ဒါ့ကြောင့် အလုပ်လျှောက်လွှာများရဲ့ ၃၇ ရာခိုင်နှုန်းဟာ အခြားနေ့​တွေထက် အင်္ဂါနေ့​တွေမှာ တင်သွင်းရခြင်း ဖြစ်နိုင်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.