သုတေသန လုပ်ထားသည့် အကြောင်းအရာများ

Knowledge Science

လူအများ သိရှိထားသည့် အကြောင်းအရာများကို အတည်ပြုနိုင်ရန် သုတေသီများဟာ သုတေသန လေ့လာမှုများ ပြုလုပ်ခဲ့ကြပြီး အဲဒီ့အထဲမှ အတည်ပြုပြီးဖြစ်သည့် အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကြောင်တွေဟာ လူတွေကို တမင်ဂရုမစိုက်တာဖြစ်

ကြောင်တွေဟာ သူတို့ကို ခေါ်ရင် သိပေမယ့် အဲဒါကို ဂရုစိုက်လေ့မရှိကြောင်းကို တိုကျို တက္ကသိုလ်မှ လေ့လာမှု တခုက အတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒါ့ကြောင့် ကြောင်တွေဟာ တကယ်ကိုချေတဲ့ အိမ်မွေး တိရစ္ဆာန်တွေ ဆိုတာ သေချာပါတယ်။

၂။ အိမ်စာလုပ်သည့် ကျောင်းသားများဟာ အဆင့်ကောင်းများ ရလေ့ရှိ

စီပွားရေး ပညာရှင် Nick Rupp ဟာ ၎င်း၏ ကျောင်းသားများကို အိမ်စာလုပ်သည့် ကျောင်းသားနှင့် အိမ်စာမလုပ်သည့် ကျောင်းသား အုပ်စု ၂ စုခွဲပြီး လေ့လာခဲ့ပါတယ်။

အံ့အားသင့်စရာမဟုတ်ပေမယ့် အိမ်စာလုပ်သည့် ကျောင်းသားများဟာ ပိုမို အမှတ်ကောင်းလေ့ရှိတဲ့အတွက် “အိမ်စာလုပ်စရာ မလိုပါဘူးကွာ” ဆိုတဲ့ အယူအဆက မမှန်ဘူးဆိုတာ သေချာစေပါတယ်။

၃။ ဒေါက်မြင့် ဖိနပ်များဟာ ခြေထောက်များကို နာကျင်စေ

ဒေါက်မြင့် ဖိနပ်များဟာ လမ်းလျှောက်ရာမှာ စမတ်ကျစေပေမယ့် အမြဲတမ်း စီးခြင်းဟာ ကျန်းမာရေးအရ မကောင်းမွန်ဘူးလို့ ကျွမ်းကျင်သူများကဆိုပါတယ်။

အသက်အရွယ် ကြီးရင့်မှု ဆိုင်ရာ သုတေသန အဖွဲ့အစည်း တခုမှ လေ့လာမှုအရ ပုံမှန် ဖိနပ် မဟုတ်သည့် ဒေါက်မြင့် ကဲ့သို့ ဖိနပ် မျိုး ဝတ်ဆင်တတ်သည့် သက်ကြီးပိုင်း အမျိုးသမီးများ၏ ၆၄ ရာခိုင်နှုန်းဟာ တချိန်ချိန်မှာ ခြေထောက်နာခြင်းကို ခံစားရကြောင်း တွေ့ရှိခဲ့ရပါတယ်။

၄။ ဝက်များဟာ ရွှံ့လူးရတာကို ကြိုက်နှစ်သက်ကြ

ဝက်များဟာ ချွေးဂလင်းများ အများကြီး မရှိတဲ့အတွက် ၎င်းတို့အနေဖြင့် ခန္ဓာကိုယ် အပူချိန်ကို ထိန်းသိမ်းဖို့ရာ အခက်အခဲတွေ ရှိပါတယ်။

ဒါ့ကြောင့် ရွှံ့များကို ဝက်တွေကို အေးစေတဲ့ အတွက် ဝက်တွေက ကြိုက်နှစ်သက်တာ ဖြစ်တယ်လို့ သိပ္ပံ ပညာရှင်များ ကာ လ ကြာရှည်စွာ ယုံကြည်ခဲ့ကြတာပါ။

ဒါဟာမှန်ပေမယ့် အသုံးချ တိရိစ္ဆာန် အပြုအမူဆိုင်ရာသိပ္ပံ လေ့လာမှု တခုတွင် ဝက်များဟာ ရွှံ့တွေကို ခန္ဓာကိုယ် အပူချိန် ထိန်းဖို့ထက် ကြိုက်လို့ကို လူးတာဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

၅။ အစည်းအဝေးများဟာ အာရုံနောက်စေ

၂၀၀၅ ခုနှစ်က လေ့လာမှု တခုတွင် အစည်းအဝေးများဟာ ကောင်းမွန်ခြင်း ရှိမရှိအား သိစေရန် သုတေသန ပြုလုပ်ခဲ့ပါတယ်။

လေ့လာမှုတွင် တက္ကသိုလ်မှ ဝန်ထမ်း ၃၇ ယောက် ပါဝင်စေခဲ့ပြီး ရလဒ်အနေဖြင့် အစည်းအဝေးများဟာ အလွန် တက်ကြွသည့် ဝန်ထမ်းများကိုတောင် စိတ်ဖိစီးမှု နှင့် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

၆။ ဈေးသက်သာသည့် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို တွေ့ပါက ပိုမိုဝယ်ယူလေ့ရှိ

၂၀၁၃ ခုနှစ်က အမေရိကန် ဆေးဘက်ဆိုင်ရာ ဓာတ်စာနှင့် သက်ဆိုင်သည့် ဂျာနယ်တခုတွင် ဖော်ပြခဲ့သည့် လေ့လာမှုတွင် လူများ၏ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ အပေါ် စိတ်ဝင်စားမှုကို လေ့လာခဲ့ပါတယ်။

Dutch စူပါမားကတ်များတွင် လေ့လာမှုတွင် ပါဝင်သူများကို ၅၀ ရာခိုင်နှုန်း လျှော့ဈေး ရနိုင်သည့် ကူပွန်များကို ပေးပြီး စမ်းသပ်ခဲ့ရာ ၎င်းတို့ဟာ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ပိုမို ဝယ်ယူတာကို တွေ့ရှိခဲ့ရပါတယ်။

၇။ အင်တာနက်ဟာ ကုန်ထုတ်စွမ်းအားကို လျော့ကျစေ

အင်တာနက်ဟာ လေ့လာမှုတွေ ပြုလုပ်ဖို့၊ အပန်းဖြေဖို့၊ အချင်းချင်း ဆက်သွယ်ဖို့ စတဲ့ အကျိုးရှိသည့် အရာများကို လုပ် ဆောင်နိုင်ပါတယ်။

ဒါပေမယ့် အလုပ်ခွင်မှာတော့ ကုန်ထုတ် စွမ်းအားကို လျော့ကျစေပြီး အသက် ၁၈ နှစ်မှ ၂၉ နှစ်အတွင်း လူငယ်များ၏ ၅၃ ရာခိုင်နှုန်းလောက်ဟာ အင်တာနက်ကို အချိန်ဖြုန်းဖို့ အတွက်သာ အသုံးပြုနေကြတယ်လို့ လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.