Comfort Zone ကနေထွက်သွားရသလို သင်မခံစားရတဲ့ အကြောင်းပြချက် ၁၀ ချက်

Facts Lifestyle

အပြုသဘောဆောင်တဲ့အပြောင်းအလဲတွေကို ဘယ်လိုလုပ်မလဲဆိုတာကို မစူးစမ်းခင် ပထမဆုံးအနေနဲ့ သင်ဟာ သာယာတဲ့နေရာကို ဘာကြောင့်ပိုကြိုက်ရတာလဲဆိုတာကို အရင်ကြည့်ရအောင်။

၁။ သင့်တော်တဲ့အချိန်ကို စောင့်နေခြင်း

သင်ဟာ Comfort Zone ထဲကထွက်ဖို့ အချိန်ကောင်းကို အမြဲစောင့်နေတယ်ဆိုရင် သင်ဘယ်တော့မှလုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။ သင် ရုန်းထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်သာ အချိန်မှန်ဖြစ်ပါတယ်။


သင့်အရည်အချင်းတွေကို ပြည့်စုံဖို့ ဒါမှမဟုတ် သင့်ရဲ့အကြောက်တရားကို ကျော်လွှားဖို့ အချိန်စောင့်စရာမလိုပါဘူး၊ သင်ဟာ အချိန်မရွေး ရှေ့ဆက်နိုင်ပါတယ်။


အချိန်မှန်သည်အထိစောင့်ခြင်းအားဖြင့် သင်ဟာ အခွင့်အရေးနဲ့ အတွေ့အကြုံများစွာကို လက်လွတ် သွားလိမ့်မှာဖြစ်ပါတယ်။


တခြားသူတွေက အသစ်အဆန်းတွေ ကြိုးစားပြီး ဘဝမှာ ထူးချွန်တာကို သင်ကြည့်နေရင်း သင့်ဘဝကို ကုန်ဆုံးလိမ့်မယ်။ အခြားလူတွေ လုပ်နေတာကို ထိုင်ကြည့်နေတဲ့ လူတစ်ယောက် မဖြစ်ပါစေနဲ့။

၂။ သင့်ကိုယ်သင် မသင်ယူ မမေးမြန်းခြင်း

သူတို့ရဲ့ Comfort Zone ကနေ ထွက်လာတဲ့သူတွေက ကိုယ့်ကိုယ်ကို မေးခွန်းတွေမေးရင်း သင်ယူနေရင်းနဲ့ အချိန်ကုန်ဆုံးကြပါတယ်။


သူတို့က အသိပညာကိုရရှိရန် အပြင်းအထန်ကြိုးစားနေပြီး သူတို့ပတ်ဝန်းကျင်ကို နားလည်ရန် အခြားရှုထောင့်တွေကို တစေ့တစောင်းကြည့်ကြပါတယ်။


သင်ဟာ ကျွမ်းကျင်နေတဲ့ သူတစ်ယောက်လို့ ခံစားနေရရင်တောင်မှ ပိုပြီး နက်နက်ရှိုင်းရှိုင်းသိမြင်မှုဟာ အမြဲအကျိုးရှိပါတယ်။


Comfort Zone ထဲကရုန်းထွက်ဖို့ ရုန်းကန်နေရတယ်ဆိုရင် သင့်ရဲ့အသိပညာကို ထပ်ဖြည့်နေသလားစဉ်းစားပါ။


သင်ဟာ သင်တန်းများတက်ခြင်း ဒါမှမဟုတ် အကြောင်းအရာတစ်ခုကို ရှာဖွေခြင်းဖြင့် အချိန်ပေးနိုင်သော်လည်း သင့်ကိုယ်သင် မေးခွန်းများမေးခြင်းဖြင့် သင်ယူနိုင်ပါတယ်။


မေးခွန်းများမေးခြင်းဟာ ပိုမိုနက်ရှိုင်းတဲ့နားလည်မှုကို စုစည်းဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

၃။ မသိတဲ့အရာတွေကို ကြောက်ရွံ့ခြင်း

လူတွေဟာ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာသိရတာကို ကြိုက်ပါတယ်။ သင်ဟာ ဘဝမှာ တူညီတဲ့နေရာမှာနေရုံမှတစ်ပါး အဲ့တာကို မလုပ်နိုင်ပါဘူး။


ဘာဖြစ်မယ်မှန်းမသိတဲ့အခါ သင်မခန့်မှန်းနိုင်တဲ့အရာတွေကို သင်စိုးရိမ်နိုင်ပါတယ်။


ဒီလိုစိတ်ထားက သင့်ကို နောက်ကိုဆွဲထားပြီး အသစ်အဆန်းတစ်ခုခုကိုကြိုးစားတာ ဒါမှမဟုတ် သင့်ဘဝကို တိုးတက်အောင်လုပ်ခြင်းမှ တားဆီးပါတယ်။

၄။ ထိန်းချုပ်ချင်နေခြင်း

သင်ထိန်းချုပ်မှုလိုအပ်ကြောင်း အမြဲခံစားရရင် အဲ့တာက သင့်ရဲ့ Comfort Zone ထဲကနေ ရုန်းထွက်ဖို့ ရုန်းကန်နေရတဲ့ အကြောင်းအရင်းဖြစ်နိုင်ပါတယ်။


သင်က ဘဝမှာ သက်တောင့်သက်သာဖြစ်လာတဲ့အခါ စည်းမျဉ်းတွေ၊ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကို ထိန်းချုပ်နေသလို ခံစားရနိုင်ပါတယ်။
သင်က ဘာကိုမျှော်လင့်ရမလဲ အမြဲသိနေတာကြောင့် လက်ရှိဘဝရဲ့ ငြီးငွေ့စရာကောင်းတဲ့အရာတွေမှာ သာယာနေလိမ့်မယ်။


အကယ်၍ သင်ဟာ ဒီလိုခံစားနေရတယ်ဆိုရင် အဲ့ဒီ့အရာတွေကို စွန့်ပစ်ဖို့ သင်ကြိုးစားရမယ်။


အလွန်အကျွံထိန်းချုပ်ခြင်းကို တပ်မက်ခြင်းဟာ သင့်ရဲ့ ပန်းတိုင်ဆီကို ရှေ့ဆက်ဖို့နဲ့ တိုးတက်အောင်လုပ်ဖို့ သင့်ရဲ့စွမ်းရည်ကို အဟန့်အတားဖြစ်စေပါတယ်။
မမျှော်လင့်ထားတဲ့အခြေအနေတွေနဲ့ သင့်ရဲ့ထိန်းချုပ်မှုမရှိတဲ့ အလိုအလျောက်အတွေ့အကြုံတွေကို ခံစားတတ်ဖို့ သင်ယူပါ။

၅။ အဆိုးမြင်မသိစိတ်ကိုတွေ့ကြုံခံစားပြီး ပြီးပြည့်စုံမှုအတွက် ကြိုးစားရုန်းကန်နေခြင်း

ဘယ်လိုပဲ ကြိုးစားကြိုးစား ဘယ်သူကမှ မပြီးပြည့်စုံပါဘူး။ သင်ဟာ ပြီးပြည့်စုံမှုကို ရှာဖွေနေပါက သင့်ကိုယ်သင် နောက်ပြန်ဆွဲထားနေပုံရပါတယ်။


သင်အဆင်မပြေတဲ့အခါ ပြီးပြည့်စုံမှုကိုမပြနိုင်ဘူးဆိုတာ သင်သိပါတယ်။ ဒီလို စိတ်နေစိတ်ထားက သင့်ကို Comfort Zone ထဲမှာရှိနေဖို့ တွန်းအားပေးပါတယ်။


Comfort Zone ကနေထွက်လိုက်တာဟာ ရှုံးနိမ့်တာ ဒါမှမဟုတ် သင့်ကို လုံလောက်အောင်မကောင်းသေးဘူးလို့ ခံစားရလိမ့်မယ်လို့ ထင်ကောင်းထင်လိမ့်ပါမယ်။


သင်က ပြီးပြည့်စုံမှုမှာ ဟန့်တားသတ်မှတ်လိုက်တဲ့အခါ သင်ဟာ သင်ကိုယ်တိုင်မရနိုင်တဲ့ ပန်းတိုင်တစ်ခုကို ဖန်တီးနေပါလိမ့်မယ်။

၆။ စိတ်ဆန္ဒမရှိခြင်း

သင်မကြိုက်ဘူးဆိုပြီး ဘာမှမလုပ်ရင် သင့်ရဲ့ Comfort Zone ထဲကနေ ထွက်ဖို့မဖြစ်နိုင်ပါဘူး။ သင့်မှာနောက်ထပ်လုပ်ဖို့ ဦးတည်ချက်မရှိတာကြောင့် သင်အတတ်နိုင်ဆုံးပဲ လုပ်လိမ့်မယ်။


ဒါက သင့်ရဲ့အခြေအနေနဲ့တူတယ်ဆိုရင် သင်ဒေါသထွက်နေရင်တောင်မှ ထိန်းချုပ်တတ်အောင်သင်ယူပါ။ သင်မကြိုက်ဘူး ဆိုရင်တောင် အသစ်တွေကိုလုပ်ဖို့ ကိုယ့်ကိုယ်ကိုတွန်းအားပေးပါ။


နှိုးစက်မြည်တဲ့အခါမှာ မှေးစက်ခြင်းထက် အိပ်ရာမှထခြင်းကဲ့သို့ ရိုးရှင်းတဲ့အရာတစ်ခုနဲ့ သင်စတင်နိုင်ပါတယ်။


သင်သွားနေတဲ့တစ်လျှောက် သင့်ရဲ့စိတ်စွမ်းအင်ကို တည်ဆောက်ဖို့ ခက်ခဲတဲ့တာဝန်တွေဆီကို တဖြည်းဖြည်းတိုးသွားပါ။

၇။ သင့်ပန်းတိုင်တွေကို သတ်မှတ်မထားခြင်း

သင့်မှာ တိကျသေချာတဲ့ပန်းတိုင်မရှိရင် Comfort Zone ကနေ ထွက်သွားရသလို ခံစားရမှာမဟုတ်ပါဘူး။


သင်လိုချင်တဲ့အရာကိုရယူဖို့ ပြတ်သားတဲ့အမြင် သို့မဟုတ် အစီအစဥ္မရှိဘူးဆိုရင်တောင် သင့်မှာအခြေခံစိတ်ကူး ဒါမှမဟုတ် အယူအဆရှိကောင်းရှိမှာပါ။


Comfort Zone ထဲကနေထွက်ချင်တယ်ဆိုရင် လမ်းတစ်လျှောက် သင့်ကို လမ်းပြပေးမယ့်အစီအစဉ်တစ်ခုကို ဖန်တီးပြီးစတင်လိုက်ပါ။

အစီအစဉ်တစ်ခုဖြင့် သင်ဟာ အသစ်သောအရာတွေကို ပြုလုပ်နိုင်ပြီး သင့်ဘဝပန်းတိုင်တွေဆီသို့ တိုးတက်အောင်မြင်စေနိုင်ပါတယ်။

၈။ ဆုံးဖြတ်ချက်ချဖို့ ရုန်းကန်နေရခြင်း

ဆုံးဖြတ်ချက် မပြတ်သားသူတစ်ယောက်ဟာ Comfort Zone ထဲက ထွက်ရန် ရုန်းကန်နေရပါလိမ့်မယ်။


သင်ဆုံးဖြတ်ချက်မချနိုင်ရင် ဒါမှမဟုတ် အခြားသူကိုပဲ အမြဲဆုံးဖြတ်စေချင်တယ်ဆိုရင် အဲ့တာဟာ သင်ရှေ့ဆက်မသွားလိုတဲ့ အကြောင်းအရင်းဖြစ်နိုင်ပါတယ်။


​ဆုံးဖြတ်ချက်များမချနိုင်ခြင်းဟာ Comfort Zone မှ သင်ထွက်မသွားနိုင်တဲ့ သေချာတဲ့လက္ခဏာဖြစ်ပါတယ်။


ထိုအရာဟာ ပြဿနာများကို ရှောင်ရှားခြင်း သို့မဟုတ် သင့်ဆန္ဒတွေကို နားလည်မှုလွဲမှားခြင်းကို ညွှန်ပြပါတယ်။

၉။ စိုးရိမ်စိတ်ရှိခြင်း

စိုးရိမ်စိတ်က လူတွေကို Comfort Zone ကနေ မထွက်ဖို့တားလေ့ရှိပါတယ်။


အဲ့တာဟာ သင်ပိုပြီးမလုပ်နိုင်တော့ဘူးလို့ ခံစားစေတာ ဒါမှမဟုတ် ကြောက်ရွံ့ခြင်းကိုဖြစ်စေပါတယ်။


စိုးရိမ်စိတ်အနည်းငယ်ကို သည်းခံဖို့ သင်ယူခြင်းက သင့်ကို ကျော်လွှားနိုင်အောင် ကူညီပေးပြီး စိတ်ဖိစီးမှုတွေကို ကျော်လွှားနိုင်ဖို့အချိန်ကို တဖြည်းဖြည်းတိုးလာစေနိုင်ပါတယ်။

၁၀။ သင့်ရဲ့ခံစားချက်တွေကို သင်ကိုယ်တိုင်ဖုံးကွယ်ဖို့ရုန်းကန်နေခြင်း

သင့်ခံစားချက်တွေကိုဖုံးကွယ်နေတယ်ဆိုရင် သင်ဟာ ပဋိပက္ခ၊ တာဝန်ယူမှု၊ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ရှောင်တာကိုဆိုလိုပါတယ်။


သင်ဟာ ဖြစ်မြဲဖြစ်နေတဲ့အရာတွေအတိုင်းသွားပြီး ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို ကိုင်တွယ်ဖို့ ပိုနှစ်သက်ဖွယ်ရှိပါတယ်။


ခံစားချက်တွေကို ဖုံးကွယ်တာက သင့်ကို အဲ့တာနဲ့ကိုက်ညီဖို့ တွန်းအားမပေးတဲ့ အပြောင်းအလဲတွေကိုလည်း ငြင်းပယ်စေနိုင်ပါတယ်။


သင်ဟာ ဖြစ်မြဲဖြစ်နေတဲ့အရာတွေကို ကိုင်တွယ်ရတာကြိုက်တဲ့အတွက် ရှုပ်ထွေးစေမယ့် အခြေအနေသစ်ကို လိုချင်မှာမဟုတ်ပါဘူး။

Reference: powerofpositivity

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *