အံ့သြဖွယ် မိုးမျှော်တိုက်ပြိုင်ပွဲမှ အနိုင်ရ ဒီဇိုင်းများ အကြောင်း

Innovation Tech

နှစ်စဉ် eVolo Skyscraper ပြိုင်ပွဲတွင် အနိုင်ရရှိသူများကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။

ရာသီဥတုထိန်းမျှော်စင်နှင့် ဆူနာမီဒဏ်ခံနိုင်သော အထပ်မြင့်များအပြင် အစားအစာထုတ်လုပ်သည့် မျှော်စင်များလည်း ပါရှိကာ လက်တွေ့ကျကျ ဗိသုကာဒီဇိုင်းကို ကြည့်ရှုနိုင်ပါတယ်။

ပြိုင်ပွဲနှင့် မရင်းနှီးသောသူများအတွက်၊ eVolo Skyscraper Competition ဟာ အမှန်တကယ် တည်ဆောက်နိုင်သည့် တာဝါတိုင်များအတွက် အစီအစဥ်များနှင့် စိတ်ဝင်စားစရာကောင်းသော စိတ်ကူးများကို မီးမောင်းထိုးပြပါတယ်။

၎င်းတို့အားလုံးကို အတူတကွ ပူးပေါင်းဖို့ တရားဝင် လွှမ်းမိုးချုပ်ချယ်မထားသော်လည်း ရာသီဥတုပြောင်းလဲမှုဟာ ယခုနှစ်တွင် ကြီးမားလာသည့်အပြင် ကပ်ရောဂါမှ လွှမ်းမိုးထားသည့် ဒီဇိုင်းအနည်းငယ်လည်း ရှိပါတယ်။

“eVolo မဂ္ဂဇင်းတွင် 2022 မိုးမျှော်တိုက်ပြိုင်ပွဲတွင် အနိုင်ရသူများအား ကြေငြာပြီးနောက် ဝမ်းမြောက်မိတယ်” ဟု eVolo မှ ပြောကြားခဲ့ပါတယ်။

“ဂျူရီအဖွဲ့က ရရှိတဲ့ ပရောဂျက်ပေါင်း 427 ခုမှ ဆုရရှိသူ 3 ဦးနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်း 20 ကို ရွေးချယ်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ထဲက တည်ထောင်ခဲ့တဲ့ နှစ်စဉ်ဆုဟာ နည်းပညာ ပစ္စည်း​တွေ၊ ပရိုဂရမ်​တွေ၊ အာကာသဆိုင်ရာ အဖွဲ့အစည်းများကဲ့သို့ ဆန်းသစ်တီထွင်အသုံးပြုမှုတွေအပြင် ဒေါင်လိုက်ဗိသုကာပညာကို စိန်ခေါ်သည့် အမြော်အမြင်ရှိသော အတွေးအခေါ်များကိုပါ မြင်တွေ့ရပါတယ်။

ဒါ့အပြင် သဘာဝနဲ့ တည်ဆောက်ထားတဲ့ ပတ်ဝန်းကျင်နဲ့ ဆက်စပ်မှုရှိတာကိုလည်း တွေ့ရပါတယ်။

ပြခန်းမှာဆိုရင် ပျားအုံမိုးမျှော်တိုက်နှင့် ပျံသန်းနေတဲ့ ကား/အိမ်ပုံစံများကို ဒီဇိုင်းထုတ်ထားသည့် မျှော်စင်များ အပါအဝင် ထင်ရှားကျော်ကြားပြီး ဆုရရှိသည့် ပရောဂျက် သုံးခုကို အောက်တွင် ပြသထားပါတယ်။

ပထမနေရာကို Kim Gyeong Jeung၊ Min Yeong Gi နှင့် Yu Sang Gu တို့ ပါဝင်သည့် တောင်ကိုရီးယား အဖွဲ့မှ ဒီဇိုင်းထုတ်ထားသည့် ရာသီဥတုထိန်းချုပ်ရေး မိုးမျှော်တိုက်က ရပ်တည်သွားခဲ့ပါတယ်။

ပထမဆုရ ဒီဇိုင်း Image: Courtesy of eVolo

ပုံမှန်မဟုတ်တဲ့ အနာဂတ်ဆန်ဆန် သွယ်လျသောပုံစံဖြင့် ဒီဇိုင်းရဲ့နောက်ကွယ်မှ အိုင်ဒီယာမှာ ကမ်းရိုးတန်းဒေသများအနီးရှိ သမုဒ္ဒရာများပေါ်တွင် မိုးမျှော်တိုက်အများအပြား မြင်တွေ့လာဖွယ်ရှိပါတယ်။

ဒါ့အပြင် တာဝါတိုင်များကို ပင်လယ်ရေအား မိုးတိမ်အဖြစ်သို့ ပြောင်းလဲစေကာ မိုးရွာသွန်းမှုကို အားပေးစေပြီး အနီးနားရှိ မိုးခေါင်ရေရှားဒေသများကို ကူညီပေးမှာ ဖြစ်ပါတယ်။

၎င်းတွင် နေရောင်ခြည်စွမ်းအင်မှ လည်ပတ်ပြီး ဖိအားပေးထားသော ရေခိုးရေငွေ့ကို အသုံးပြုနိုင်သည့် cloud generator တစ်မျိုးမျိုး ပါဝင်တာကိုလည်း တွေ့ရပါတယ်။

ဒုတိယနေရာမှာတော့ တရုတ်နိုင်ငံက Wang Jue၊ Zhang Qian၊ Zhang Changsheng၊ Li Muchun နဲ့ Xu Jing တို့ရဲ့ ဆူနာမီပန်းခြံ မိုးမျှော်တိုက်က ရရှိသွားခဲ့ပါတယ်။

ဒုတိယဆုရ ဒီဇိုင်း Image: Courtesy of eVolo

နိုင်ငံကို ဆူနာမီဒဏ်မှ ကာကွယ်ဖို့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ စိတ်ကူးဒီဇိုင်းကို Tonga ကမ်းလွန်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ မိုးမျှော်တိုက်၊ အမှန်တကယ်တော့ အထပ်မြင့် လူနေအိမ်များ စုစည်းထားတဲ့ ပုံစံဟာ ဒီရေတောများမှ ဖန်တီးထားတဲ့ ပုံစံကို ပြသထားပါတယ်။

ပုံမှန်အသုံးပြုနေစဉ်အတွင်း ၎င်းဟာ ကွန်ကရစ်တိုင်တွေကြားမှာ ဒီရေတက်တဲ့အခါ ငါးဖမ်းခြင်းကို လက်ခံဆောင်ရွက်ပေးသည့် နေရာများနှင့်အတူ ၎င်းအနီးပတ်ဝန်းကျင်တွင် လူများကို နေထိုင်နိုင်စေနိုင်မှာလည်း ဖြစ်ပါတယ်။

သို့သော်လည်း ဆူနာမီ ကျရောက်သောအခါတွင် ၎င်းရဲ့ ပုံသဏ္ဍာန်ဟာ ကြီးမားသော ရေကန်များနှင့်အတူ ဆူနာမီရဲ့ စွမ်းအားကို လျှော့ချနိုင်ပြီး လူ့အဖွဲ့အစည်းများကို လုံခြုံစေမှာ ဖြစ်ပါတယ်။

တတိယနေရာက New spring- Agro-ecological မိုးမျှော်တိုက်ကို Austria နှင့် Poland မှ Michał Spolnik နှင့် Marcin Kitala တို့က ဒီဇိုင်းထုတ်ထားတာပဲ ဖြစ်ပါတယ်။

တတိယဆုရ ဒီဇိုင်း Image: Courtesy of eVolo

သူတို့နှစ်ယောက်ရဲ့ ပရောဂျက်ဟာ မတ်မတ်ရပ်နေသော ထင်းရှူးပင်ငယ်နှင့် အနည်းငယ်တူသော သစ်သား မိုးမျှော်တိုက်ပုံစံ ပုံဖော်ထားပါတယ်။

၎င်းမှာဆိုရင် သီးနှံနှင့် မွေးမြူရေးမျိုးစိတ်များ တိုးမြှင့်အသုံးပြုစေဖို့နှင့် ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှု ပြတ်လပ်ခြင်းကို လျော့ပါး သက်သာစေဖို့အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

အဆိုပါမျှော်စင်ကို စမ်းသပ်ဥယျာဉ်များအဖြစ် ဆောင်ရွက်သည့် သစ်အခြေခံ module အများအပြားကို လက်ခံကျင်းပမှာဖြစ်ပြီး

သိပ္ပံပညာရှင်များနှင့် သုတေသီများအား ရာသီဥတုဖောက်ပြန်မှုတွင် ယုံကြည်စိတ်ချရသော အစားအစာ အရင်းအမြစ်များအတွက် အကြံဉာဏ်သစ်များ ရှာဖွေဖို့ နေရာ တစ်ခု ပေးဆောင်မှာ ဖြစ်တယ်ဟု သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *