လပေါ်တွင် အပင်များ စိုက်ပျိုး အောင်မြင်ခဲ့သည့် စီမံကိန်း အကြောင်း

Article Science

သိပ္ပံပညာရှင်တွေဟာ လကမ္ဘာမှ မြေဆီလွှာတွင် ပထမဆုံး စိုက်ပျိုးခဲ့သော အပင်များ အကြောင်းကို အစီရင်ခံခဲ့ကြပြီး လကမ္ဘာရဲ့ စိုက် ပျိုးရေး နယ်ပယ်အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ကို အရှိန်မြှင့်လာခဲ့ပါတယ်။

လုပ်ငန်းစဉ်ဟာ စားသုံးနိုင်တဲ့ အစားအစာနှင့် ဝေးကွာနေသေးပေမယ့်၊ အဖွဲ့ရဲ့ အောင်မြင်မှုဟာ လကမ္ဘာအခြေစိုက်စခန်းကို ထိန်းသိမ်းကာ နက်ရှိုင်းသော အာကာသထဲသို့ မစ်ရှင်များ လုပ်ဆောင်ဖို့အတွက် ကြိုးပမ်းမှုတွင် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်လာပါတယ်။

ဒါ့အပြင် အာကာသမြေပေါ်မှာ အပင်တွေ ရှင်သန်နိုင်တယ် ဆိုတဲ့ အသုံးဝင်သော ထိုးထွင်း သိမြင်မှုများကို ကျွန်တော်တို့ကို သိရှိလာစေပါတယ်။

လူသားတွေအနေနဲ့ ကမ္ဘာမြေပေါ်ကနေ လရဲ့မြေဆီလွှာရရှိမှု မလွယ်ကူရခြင်းမှာ အံ့သြစရာတော့ မဟုတ်ပါဘူး။

Image: Courtesy of University of Florida

ထို့ကြောင့် ဒီလို စမ်းသပ်မှုမျိုးများကို လုပ်ဆောင်ခြင်းဟာလည်း ရိုးရှင်းလွယ်ကူတဲ့ လုပ်ဆောင်မှု တစ်ခု မဟုတ်ပါဘူး။

အရီဇိုးနားပြည်နယ်ရှိ သဲကန္တာရမှ ထွက်လာသောမြေဆီလွှာကဲ့လို့ အသွင်တူတဲ့ လမြေဆီလွှာများတွင် ကောက်ပဲသီးနှံများ အညှောက်ပေါက်ခြင်းအတွက် သိပ္ပံပညာရှင်များဟာ အောင်မြင်မှုရရှိခဲ့ပြီး အချို့သော သုတေသနအဖွဲ့များကလည်း လပေါ်မှာ အစားထိုးစိုက်ပျိုးနိုင်တဲ့ ဖန်လုံအိမ်ကဲ့သို့သော မော်ဂျူးများကို တီထွင်ခဲ့ကြပါတယ်။

2019 ခုနှစ်တုန်းက တရုတ်နိုင်ငံရဲ့ Chang’e-4 စူးစမ်းလေ့လာရေး ယာဥ်တွင် ယူဆောင်လာသည့် သေးငယ်သော ဇီဝ နယ် ပယ်အတွင်းရှိ လမျက်နှာပြင်ပေါ်တွင် ပထမဆုံးသော မျိုးစေ့များကို အညှောက်ပေါက်ခဲ့သော်လည်း 24 နာရီ အကြာတွင် ပျက်စီးဆုံးရှုံး သွားခဲ့တာကို တွေ့ရပါတယ်။

​နောက်ဆုံးလေ့လာတွေ့ရှိချက်ကို ဖလော်ရီဒါတက္ကသိုလ်မှ Anna-Lisa Paul နှင့် Rob Ferl တို့က ဦးဆောင်ခဲ့ပြီး လကမ္ဘာမြေပေါ်တွင် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ဖို့ ၁၁ နှစ်ကျော်အတွင်း သုံးကြိမ်တိုင်တိုင် လက်တွေ့အသုံးချခဲ့သူတွေလည်း ဖြစ်ပါတယ်။

Image: Courtesy of University of Florida

Apollo 11၊ 12 နှင့် 17 မစ်ရှင်များအတွင်း စုဆောင်းထားတဲ့ မြေဆီလွှာတွေဟာ သမိုင်းဝင် အရေးပါမှုကို သယ်ဆောင်လာသော်လည်း သိပ္ပံပညာရှင်များဟာ သေးငယ်တဲ့ ဥယျာဉ်ငယ်တစ်ခု စိုက်ပျိုးဖို့အတွက် NASA ထံမှ အဖိုးတန်ပစ္စည်း 12 g (0.4 အောင်စ) ကို စုဆောင်းနိုင်ခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေဟာ အလွန်သေးငယ်တဲ့ အရွယ်အစားရှိသော အိုးများကိုအသုံးပြု၍ လရဲ့မြေဆီလွှာ တစ်ဂရမ်စီကို အိုးထဲသို့ထည့်ကာ အာဟာရဓာတ်ဖြင့် စိုစွတ်စေပြီး Arabidopsis အပင်မှမျိုးစေ့များကို ကြဲချခဲ့ကြပါတယ်။

တဆက်တည်းမှာပဲ အဖွဲ့ဟာ တူညီတဲ့မျိုးစေ့များကို ထိန်းချုပ် စမ်းသပ်မှုအဖြစ် ကမ္ဘာပေါ်ရှိ အင်္ဂါဂြိုဟ် မြေဆီလွှာနှင့် အာ ကာသအစွန်း ပတ်ဝန်းကျင်များမှ မြေဆီလွှာများကို အတုယူ၍ ပုံဖော်ထားခဲ့ကြပါတယ်။

သံသယစိတ်များ ရှိနေသော်လည်း လရဲ့မြေဆီလွှာအားလုံးနီးပါးဟာ အပင်ပေါက်များပေါက်ဖွားလာတာကို တွေ့ရှိလိုက်ရသည့် အတွက် သိပ္ပံပညာရှင်များ အံ့အားသင့်ခဲ့ကြပါတယ်။

ကျွန်ုပ်တို့ အံ့ဩသွားတာက လရဲ့မြေဆီလွှာမှာ အပင်ပေါက်ပွားမှုတွင် ပါဝင်သော ဟော်မုန်းများနှင့် အချက်ပြမှုများကို အ နှောင့် အယှက်မပေးကြောင်း တွေ့ရှိခဲ့တယ်ဟု Paulက ဆိုပါတယ်။

Image: Courtesy of University of Florida

ဒါပေမယ့် ဒီလောက် လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။

လရဲ့မြေဆီလွှာတွင် စိုက်ပျိုးထားသော အပင်များဟာ ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးပြီး အများစုမှာ ဆား၊ သတ္တုနှင့် ဓာတ်ပြုနိုင်သော အောက်ဆီဂျင်ပါ၀င်သော အပင်များတွင် သိပ္ပံပညာရှင်များ မြင်တွေ့ရမည့် မျိုးဗီဇဆိုင်ရာ အမျိုးအစား လက္ခဏာများကို ပြသကြပါတယ်။

“မျိုးရိုးဗီဇအဆင့်တွင်၊ အပင်တွေဟာ ဆားနှင့် သတ္တုများ သို့မဟုတ် ဓာတ်တိုးဆန့်ကျင်သောဖိအားများကဲ့သို့သော ဖိစီးမှုများကို ထုတ်ယူနေတဲ့အတွက်ကြောင့် လရဲ့မြေဆီလွှာပတ်ဝန်းကျင်မှာ ကြီးထွားမှုနှေးကွေးတာဖြစ်တယ် ကျွန်ုပ်တို့ယူဆနိုင်တယ်” ဟု Paul က ပြောကြားခဲ့ပါတယ်။

အဆုံးစွန်အားဖြင့်၊ ကျွန်ုပ်တို့အနေနဲ့ အပင်များ အထူးသဖြင့် ကောက်ပဲသီးနှံများ စိုက်ပျိုးနိုင်ဖို့ ဆိုရင် အဆိုပါ အပင်များ၏ ကျန်းမာရေးကို ထိခိုက်မှု အနည်းငယ်ဖြင့် လမြေဆီလွှာတွင် ကြီးထွားမှုအားနည်းသည့် တုံ့ပြန်မှုများကို ဘယ်လို ဖြေလျှော့နိုင်မလဲဆိုတဲ့ ဖြေရှင်းချက်ကို အသုံးပြုဖို့လိုပါတယ်။

Image: Courtesy of University of Florida

စိတ်ဝင်စားစရာကောင်းတဲ့အချက်က ပိုမိုရင့်ကျက်တဲ့ လမြေဆီလွှာ(အာကာသလေနှင့် ပိုမိုထိတွေ့သောမြေ)တွင် ပေါက် ရောက်သော အပင်များဟာ ပိုမို၍ ဖိစီးမှုလက္ခဏာများ ပြသနေပြီး

ထိတွေ့မှုနည်းတဲ့ မြေဆီလွှာတွင် ပေါက်ရောက်တဲ့ အပင်များကတော့ ပိုမိုချောမွေ့စွာ ကြီးပြင်းနိုင်တာကို မြင်တွေ့ခဲ့ရပါတယ်။

၎င်းတို့ရဲ့ နောက်ဆက်တွဲ လေ့လာမှုများရဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယခုအခါ သိပ္ပံပညာရှင်များဟာ အပင်နှင့်လ မြေဆီ လွှာကြား ဆက်စပ်မှုကို ဆက်လက် သုတေသနပြုပြီး အပင်များ လမြေဆီလွှာအပေါ်မှာ မည်သို့သော တခြားသက်ရောက်မှုများ ရှိနိုင်သလဲဆိုတာကို ဆက်လက် သုတေသန ပြုသွားမှာ ဖြစ်တယ်ဟု သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.