မြင်းမပါတဲ့ ရထားလုံးကို သယ်ယူ ပို့ဆောင်ရေးပုံစံ ပြောင်းလဲကတည်းက အခြေခံအားဖြင့် လူတွေမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုက ”အမြန်ဆုံးကားက ဘာလဲ” ဆိုတာဘဲ ဖြစ်ပါတယ်။
၁၉၁၄ ခုနှစ်အစောပိုင်းက တိကျသေချာတဲ့ အဖြေကို ရှာဖို့ Utah ပြည်နယ်ရှိ Bonneville Salt Flats နေရာ မှာ အရှိန်နဲ့ ပတ်သတ်ပြီးထူးဆန်းတာတွေ စမ်းသပ်ခဲ့ကြပါတယ်။
ထို့နောက် ရှေ့ဆောင်မောင်းနှင်သူ Teddy Tetzlaff က Benz ပြိုင်ကားကိုစိတ်ကြိုက် တစ်နာရီ ၁၄၁ မိုင် (၂၂၇ ကီလိုမီတာ) အထိ မောင်းနှင်ခဲ့ပါတယ်။
တစ်ချိန်ထဲမှာဘဲ အမြန်နှုန်းပြိုင် အားကစားပြိုင်ပွဲ အတွက် စည်းမျဥ်းစည်းကမ်းတွေကို စတင် သတ်မှတ်ခဲ့ကြပါတယ်။
Federation Internationale de L’Automobile (FiA) ရဲ့ သတ်မှတ်ထားသော အရေးကြီးတဲ့ စံသတ်မှတ်ထားတဲ့ စည်းမျဥ်းတွေအရ” ကားမောင်းသူက ကားကို direction တစ်ခုထဲကို အရှိန် ပြင်းပြင်းနှင့် မောင်းနှင်ပြီး ပြန်လှည့်၍ မတူညီတဲ့ direction ကို အရှိန်ပြင်းပြင်းပြန်လည်မောင်းနှင်ရမယ်။ ”
ထို့နောက် အမြန်နှုန်းနှစ်ခုကို လေကြောင့်ဖြစ်တဲ့ အနည်းငယ်တုန်ခါမှုမှ ခံနိုင်ရည်ရှိအောင် နှင့် လမ်းမျက်နှာပြင် အနည်းငယ် ပြောင်းလဲမှုအတွက် ထည့်သွင်း တွက်ချက်ကြပါတယ်။
မြေပေါ်တွင် အမြန်ဆုံး အရှိန်နှုန်း
FiA ရဲ့ အဆုံးအဖြတ်အတိုင်း ” တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်းမြေ အမြန်ဆုံးစံချိန်” ကို Thrust SSC ဟုခေါ်တဲ့ ပြိုင်ကားဖြင့် စတင်ကျင်းပခဲ့ပါတယ်။

Thrust SSC ဟာ ၁၉၉၇ ခုနှစ်အောက်တိုဘာလတွင် တစ်နာရီလျှင် ၇၆၃.၀၃၅ မိုင် (တစ်နာရီ ၁၂၂၇.၉၈၅ ကီလိုမီတာ) နှုန်းဖြင့်မောင်းနှင် အောင်မြင်ခဲ့ပြီး နှစ်ပေါင်း၂၅ နှစ်နီးပါး စိန်ခေါ်မှု ကင်းခဲ့ပါတယ်။
Thrust SSC ဟာ sound barrier ကို အသံ အသွားနှုန်း ၁.၀၁၆ (တစ်နာရီ၁၂၅၄.၅၅၇ ကီလိုမီတာ)ဖြင့် စံချိန် ချိုးဖျက်၍ ပထမဆုံးမှတ်တမ်းတင်ထားတဲ့ မြေပေါ်ယာဉ်လည်း ဖြစ်ပါတယ်။
ဒီကားပုံစံကို ကြည့်ခြင်းအားဖြင့် သင့်အနေနဲ့ ဒါကိုကား ဟုခေါ်ရန် ခဲယဉ်းတယ် မဟုတ်လား။
ဒီကားရဲ့ပါဝါအတွက် ကြီးမားတဲ့ဂျက်အင်ဂျင်နှစ်လုံးဖြင့် တပ်ဆင်ထားပြီး အတောင်ပံမပါသော လေယာဉ်ပျံ နှင့်ပိုတူနေပါတယ်။
ဒါဆို လူတစ်ယောက် အမှန်တကယ်အပြင်ထွက်ဝယ်လို့ရတဲ့ အမြန်ဆုံးယာဥ် က ဘာလဲ။ ဒါကို ဖြေဖို့ခက်တဲ့မေးခွန်းဘဲ ဖြစ်ပါတယ်။
ထုတ်လုပ်ထားသည့် အမြန်ဆုံးကား
၂၀၁၇ ခုနှစ်တွင် မြင်းကောင်ရေ ၁၄၀၀ အားရှိတဲ့ Koenigsegg Agera RS ကို နီးဗားဒါးသဲကန္တာရတွင် ပျမ်းမျှ တစ်နာရီ ၂၇၇.၉ မိုင် (တစ်နာရီ ၄၄၇ ကီလိုမီတာ) နှုန်းဖြင့် မောင်းနှင်ခဲ့တာ တွေ့ရပါတယ်။

Motor Sports Data ကုမ္ပဏီ RaceLogic ဟာလည်း ဒီကားအပြေးနှုန်းရလဒ်များကို သက်သေပြခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ Bugatti Chiron သည် တစ်နာရီ ၃၀၄ မိုင်နှုန်း (တစ်နာရီ ၄၈၉ ကီလိုမီတာ) မောင်းနှင်ခဲ့ပါတယ်။
Bugatti Chiron ရဲ့ အပြေးနှုန်းကို ခန့်မှန်းမရသော်လည်း ဒီကားကို တစ်နာရီကို တစ်နာရီမိုင် ၃၀၀ ပြေးအောင် အထူးအံ့ဝင်ခွင်ကျမဟုတ်တဲ့ ထုတ်လုပ်မှု လေခွင်းစနစ်များတပ်ဆင်ထားပြီး direction တစ်ခုထဲသာ မောင်းနှင်ခဲ့ပါတယ်။
Automaker SSC (ThrustSSC နှင့်မဆိုင်ပါ) ဟာ အထူးကားအသစ် Tuatara ဖြင့် ၂၀၂၀မှာကမ္ဘာ့အဆင့်သို့ရောက်ရှိခဲ့ပါတယ်။ ကုမ္ပဏီမှထုတ်လွှင့်သော ဗီဒီယိုတွင် ကားဟာ one way ဆိုလျှင် တစ်နာရီလျှင် ပျမ်းမျှ ၃၃၁ မိုင် (တစ်နာရီ ၅၃၂.၆ ကီလိုမီတာ) နှုန်း၊ two way ဆိုလျှင် ပျမ်းမျှ တစ်နာရီ ၃၁၇ မိုင် (တစ်နာရီကီလိုမီတာ ၅၁၀) ဖြင့် သွားခဲ့တာကို တွေ့ရပါတယ်။

သို့သော် အချက်အလက်များကို အတည်ပြုရန် တိကျတဲ့ သတင်း အရင်းအမြစ်မ ရှိသဖြင့် ကြည့်ရှုသူတွေ ယာဥ်မောင်း အခန်းနဲ့ ပတ်သတ်ပြီး စောစီးစွာရိုက်ထားခြင်း သို့မဟုတ် တခြားနည်းဖြင့် မမှန်ကန်ကြောင်း သံသယဝင်ခဲ့ကြပါတယ်။
SSC ဟာ ကမ္ဘာ့ဂင်းနစ်စံချိန်အရာရှိတွေကို ဒီအပြေးနှုန်းကို သက်သေပြရန်ရှိတယ်ဟု ပြောကြားခဲ့ပါတယ်။
သို့သော်လည်း နောက်ပိုင်းမှာ ဂင်းနစ်အရာရှိတွေက CNBC ကိုပြောကြားခဲ့ပါတယ်။ ဒါဟာ မည်သည့်စွမ်းရည်မှ မရှိကြောင်းနဲ့ ဒါကို မှတ် တမ်း သစ်အနေနဲ့ အတည်မပြုနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ကုမ္ပဏီက နောက်ထပ်အစီး ၁၀၀ ထုတ်လုပ်ရန်ပြောသော်လည်း လက်ရှိမှာ Tuatara ရှေ့ပြေးပုံစံတစ်ခုသာရှိပါတယ်။
SSC ဟာ သံသယအားလုံးချေမှုန်းရန် မကြာခင်မှာဘဲ နောက်တစ်ကြိမ် ထုတ်လုပ်ဖို့ စီစဥ်ခဲ့ပါတယ်။
နောက်တစ်ကြိမ်ထုတ်လုပ်ထားတဲ့ Tuatara ဟာ တစ်နာရီလျှင် ၂၈၂.၉ မိုင် (တစ်နာရီ ၄၅၅ ကီလိုမီတာ) ပျမ်းမျှ အမြင့်ဆုံး အမြန်နှုန်း မောင်း နှင် နိုင်တာ တွေ့ခဲ့ရပါတယ်။
ဒါဟာအထင်ကြီးစရာကောင်းတဲ့ ရလဒ်တစ်ခု ဖြစ်သော်လည်း SSC ဟာ ကြိုတင်တောင်းခံမှု နှင့်ဝေးကွာနေဆဲ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ တစ်နာရီ ၃၀၀ မိုင် ကို မကြာမီ ထပ်မံ ချိုးဖျက်မည်ဟုလည်း ကတိပေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မေလတွင် Tuatara ကို Florida ရှိ စမ်းသပ်သည့်နေရာတစ်ခုသို့ သယ်ဆောင်နေစဉ် ကားတင်လာခဲ့သော ကုန်တင်နောက်တွဲမှောက်သွားပြီးကားပျက်စီးသွားခဲ့ပါတယ်။
SSC က ကားဟာ ပြန်လည် ပြုပြင်နိုင်သော အခြေအနေတွင် ရှိနေပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ လမ်းပေါ်ကို ပြန်ရောက်လာပါလိမ့်မယ် ပြောကြားသော်လည်း တတိယမြောက် ကြိုးပမ်းမှုနဲ့ ပတ်သတ်၍ လောလောဆယ် ကြေငြာခြင်းမရှိသေးပါဘူး။
အချို့သောကားတွေဟာ ပိုမြန်မြန်သွားနိုင်ပေမဲ့ Koenigsegg Agera RS ကို လက်ရှိ အလျှင်မြန်ဆုံးကားအဖြစ် သတ်မှတ်ရန် စဉ်းစားနေဆဲဘဲ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။