သုတေသနအသစ်အရ ကမ္ဘာမြေပေါ်ရှိ သက်ရှိများကို ဖြစ်ပေါ်စေတယ်ဟု ယူဆရတဲ့ ဓာတု တုံ့ပြန်မှုများအရ အရိုးရှင်းဆုံး အဖြေကို ပေးစွမ်းနေပါတယ်လို့ သိရပါတယ်။
Scripps Research မှ သိပ္ပံပညာရှင်တွေဟာ အစောပိုင်း ကမ္ဘာကြီးရဲ့ ရှေးဦးကာလ ဖြစ်တည်မှုဟု ယူဆရတဲ့ သက်ရှိများကို တည်ဆောက်ပေးသည့် ဓာတုတုံ့ပြန်မှု အသစ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ရှာဖွေတွေ့ရှိမှုအသစ်ဟာ ကျွန်ုပ်တို့ကို ရှေးယခင်က သက်ရှိများ ဖြစ်တည်မှုကို နားလည်စေဖို့ ခြေတစ်လှမ်းပိုနီးစေပါတယ်။
၎င်းက ကမ္ဘာမြေပေါ်ရှိ သက်ရှိများရဲ့ မူလအစအတွက် ခိုင်ခံ့သော ယူဆချက်အသစ်ကို ပေါင်းထည့်ပေးပြီး ဟိုးရှေးရှေးတုန်းက ဖြစ်ခဲ့သော ဓာတုပစ္စည်းများနှင့် တုံ့ပြန်မှုများကို အသေးစိတ်ဖော်ပြနိုင်ပါတယ်။
သက်ရှိဘဝတွေရဲ့ ဇာစ်မြစ်ကို စူးစမ်းလေ့လာခြင်း
ကမ္ဘာပေါ်ရှိ ပထမဦးဆုံးသော သက်ရှိပုံစံများက ကမ္ဘာမြေကြီးရဲ့ ရှေးဦးသမုဒ္ဒရာတွေမှာစတင်တဲ့ အော်ဂဲနစ်ဒြပ်ပေါင်းများ ကြွယ်ဝသော ဖြေရှင်းချက်လို့ အမည်ပေးထားတဲ့ primordial soup မှ ဆင်းသက် လာတယ်ဟု ယူဆရတာဟာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ဖြစ်ပါတယ်။

microscopic organism
တစ်စိတ်တစ်ပိုင်းအားဖြင့် သက်ရှိများဖြစ်ပေါ်လာမှုအတွက် လိုအပ်သော တုံ့ပြန်မှုများကို Hydrothermal Vent များမှာ ဖြစ်ပေါ်လာတယ်ဟု ယုံကြည်ကြပါတယ်။
သမုဒ္ဒရာ ကြမ်းပြင်တွင် Hydrothermal Vent ဟု လူသိများသော နေရာများ ရှိပါတယ်။
မယုံနိုင်လောက်အောင် ပူပြင်းလှတဲ့ ဒီရေအောက်ဒေသတွေဟာ ယနေ့တိုင် အလွန်ရှေးကျတဲ့ သက်ရှိတွေနဲ့ ပြည့်နှက်နေပါတယ်။
Hydrothermal vent theory ကို ယုံကြည်သော သိပ္ပံပညာရှင်များကတော့ ဒီရိုးရှင်းသော သက်ရှိများဟာ ကမ္ဘာပေါ်တွင် ပထမဆုံး သက်ရှိပုံစံများ ဖြစ်နိုင်ကြောင်း ငြင်းခုံကြပါတယ်။
ထိုအချိန်အတွင်း ဖြစ်ပျက်ခဲ့သော တုံ့ပြန်မှုများကို အတိအကျ မသိရသေးဘဲ ၎င်းတို့မှာ သိပ္ပံ ပဟေဠိတစ်ခုအဖြစ် ကျန်ရှိနေပါတယ်။
ယခုအခါ၊ Scripps သိပ္ပံပညာရှင်များက ကမ္ဘာမြေပေါ်ရှိ သက်ရှိများရဲ့အစောပိုင်း အဆင့်တွေမှာ ပေါများတယ်ဟု ယူဆရတဲ့ ဓာတုပစ္စည်းများပေါ်အခြေခံပြီး primordial soup အယူအဆ ပေါ်ပေါက်လာခဲ့ပါတယ်။
၎င်းတို့က အတော်လေးရိုးရှင်းသော ပါဝင်ပစ္စည်းများကို အသုံးပြုကာ ကမ္ဘာပေါ်မှာ ပထမဆုံး သက်ရှိများဆီသို့ ဦးတည် သွားစေနိုင်သည့် ဓာတုတုံ့ပြန်မှု အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာပါ။
အဆိုပါ တုံ့ပြန်မှုများကို ဆိုင်ယာနိုက်၊ အမိုးနီးယား၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အယ်လ်ဖာ-ကီတိုအက်ဆစ်များ ရောနှောပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

leaf
သိပ္ပံပညာရှင်များက အဆိုပါပစ္စည်းများကို ရောနှောတဲ့အခါ၊ ၎င်းတို့ရဲ့အရောအနှောတွေက သက်ရှိအတွက်လိုအပ်သော မော်လီကျူးများရဲ့ အရေးပါသောအစိတ်အပိုင်းဖြစ်သည့် အမိုင်နိုအက်ဆစ်များ ပိုမိုထုတ်လုပ်တာကို တွေ့လာကြပါတယ်။
“ဒါကို အဖြေရှာဖို့ အတော်လေး ခက်ခဲမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားသော်လည်း စိတ်ကူးထားတာထက်တောင် ပိုရိုးရှင်းပါတယ်” ဟု လေ့လာမှုတွင် ဦးဆောင်ရေးသားသူ Ramanarayanan Krishnamurthy က ပြောကြားခဲ့ပါတယ်။
အရိုးရှင်းဆုံး ယူဆချက်
Nature Chemistry တွင်ထုတ်ဝေသော စာတမ်းအသစ်မှာ သိပ္ပံပညာရှင်များက ၎င်းတို့ရဲ့အရောအနှောများတွင် ပါဝင်သည့် ပစ္စည်းတစ်ခုစီရဲ့ အခန်းကဏ္ဍကို ဖော်ပြထားပါတယ်။
Alpha-keto အက်ဆစ်များကို ယနေ့ခေတ် သက်ရှိဆဲလ်များက အမိုင်နိုအက်ဆစ်များ ပြုလုပ်ဖို့ အသုံးပြုကြပါတယ်။
ဒါ့အပြင် အမိုးနီးယားက ပြောင်းလဲခြင်းလုပ်ငန်းစဉ်အတွက် လိုအပ်သော နိုက်ထရိုဂျင်ကို ထောက်ပံ့ပေးပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုဒ်က လုပ်ငန်းစဉ်တစ်ခုလုံးကို အရှိန်မြှင့်ပေးနေစဉ်တွင် ဆိုင်ယာနိုက်က ပြောင်းလဲခြင်းကို လုပ်ဆောင်ပါတယ်။
အဆိုပါ အရောအနှောတွေက သက်ရှိဆဲလ်တွေမှာ အမိုင်နိုအက်ဆစ်များဖွဲ့စည်းပုံကို အတုယူကြောင်းလည်း သုတေသီများက ရှင်းပြပါတယ်။

microscopic organism
အဓိက ကွာခြားချက်က ဆိုက်ယာနိုက်ဟာ သက်ရှိဆဲလ်များရှိ အင်ဇိုင်းများကို အစားထိုးခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့် ဆိုင်ယာနိုက်ကို primordial soup မှာ ရှိနေတယ်ဟု ယူဆခဲ့သော်လည်း ထိုအချိန်တုန်းက အင်ဇိုင်းများ တည်ရှိနေမှာ မဟုတ်ပါဘူး။
အဆိုပါ လုပ်ငန်းစဉ်က အခြားယူဆချက်များထက် ပိုမိုရိုးရှင်းတဲ့အတွက်ကြောင့် ကျွန်ုပ်တို့ကမ္ဘာပေါ်ရှိ သက်ရှိ ဖွဲ့စည်းမှုရဲ့ အစောဆုံး အဆင့်များ အတွင်း ဖြစ်ပွားနိုင်ချေ ပိုများတယ်ဟု သိပ္ပံပညာရှင်များက ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့အနေနဲ့ နောက်ထပ် ဒီအရောအနှောကနေ ဘယ်လိုဓာတုဗေဒမျိုးတွေ ထွက်ပေါ်လာနိုင်သလဲဆိုတာကို ဆက်လက်လေ့လာနေတယ် ဟု Krishnamurthy မှ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အမိုင်နိုအက်ဆစ်များက ပရိုတင်းငယ်များ စတင် ဖွဲ့စည်းနိုင်ပါ့မလား။ ထိုပရိုတင်းများထဲမှ တစ်ခုက အမိုင်နိုအက်ဆစ်များ ပိုမိုထုတ်လုပ်ဖို့ အင်ဇိုင်းတစ်ခုအဖြစ် စတင်လုပ်ဆောင်နိုင်မှာလား ဆိုတာတွေကို မေးခွန်း ထုတ်နိုင်ပါတယ်။
ဒီအတွက်လည်း သိပ္ပံပညာရှင်များက ၎င်းတို့အရောအနှောမှာ ဖြစ်ပေါ်လာတဲ့ ဓာတုတုံ့ပြန်မှုများကို ကမ္ဘာမြေပေါ်ရှိ သက်ရှိများ ဖြစ်ပေါ် လာစေတဲ့ ဖြစ်စဉ်များကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ဖို့ ဆက်လက် လေ့လာသွားမှာ ဖြစ်တယ်ဟု အခိုင် အ မာဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 1/8/2022