နျူကလီးယား စွန့်ပစ်ပစ္စည်းများကို နှစ်တသိန်းအထိ သိမ်းဆည်းနိုင်မယ့် ဖင်လန်နိုင်ငံ၏ စီမံကိန်းအကြောင်း

News Science

ပင်လယ်ရေ မျက်နှာပြင်အောက် ၁,၃၇၇ ပေ လောက်မှာ နျူကလီးယား စွန့်ပစ် ပစ္စည်းတွေကို ရာစုနှစ် ပေါင်းများစွာ သိမ်း ဆည်းနိုင်ဖို့ ဖင်လန်နိုင်ငံမှ လုပ်ဆောင်နေပါတယ်။

ဒီနျူကလီးယား စွန့်ပစ်ပစ္စည်းများ သိုလှောင်နိုင်မည့် နေရာကို ၂၀၂၄ ခုနှစ်မှာ ဖွင့်လှစ်နိုင်မယ်လို့ Science Magazine မှ ပြီးခဲ့တဲ့ လက ဖော်ပြခဲ့ပါတယ်။

ဥရောပ နိုင်ငံ တော်တော်များများဟာ နျူကလီးယား စွမ်းအင်ကို စွန့်လွှတ်ဖို့ လုပ်ဆောင်နေခဲ့တာပါ။

ဂျာမနီဟာလည်း ၎င်း၏ နျူကလီးယား ဓာတ်အားပေး စက်ရုံ ၆ ခု အထိ ပိတ်ပြီဖြစ်ကာ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို ရေရှည်အဖြစ် အသုံးပြုရန် ဆုံးဖြတ်ထားပါတယ်။

ပြင်သစ်နှင့် ဘယ်ဂျီယံဟာလည်း အလားတူ ကြေငြာမှုမျိုး ကြေငြာခဲ့ပြီး လုပ်ဆောင်နေပေမယ့် ဖင်လန်နိုင်ငံကတော့ ၎င်း၏ နောက်ထပ် နျူကလီးယား ဓာတ်ပေါင်းဖို တခုကို လက်ရှိမှာ တည်ဆောက်နေပါတယ်။

Image: Courtesy of V. ALTOUNIAN/SCIENCE

နျူကလီးယား စွမ်းအင် နှင့် ဖင်လန်နိုင်ငံ

ဖင်လန်နိုင်ငံဟာ သေးငယ်ပြီး နိုင်ငံအတွင်း၏ ၅.၅ သန်း သော လူဦးရေ၏ အများစုဟာ နိုင်ငံ၏ တောင်ပိုင်းတွင်သာ နေထိုင်ကြတာ ဖြစ်ပါတယ်။

နိုင်ငံဟာ လူဦးရေး သိပ်သည်းဆ အားဖြင့် ကမ္ဘာ့အဆင့် ၂၁၆ တွင် ရှိပြီး နျူကလီးယား ဓာတ်ပေါင်းဖို အများစုမှာ လူနေကျဲသည့် မြောက်ပိုင်းတွင်သာ တည်ဆောက်ထားပါတယ်။

1,600 MW လောက်ရှိသည့် နိုင်ငံ၏ အကြီးဆုံး နျူကလီးယား ဓာတ်ပေါင်းဖိုဟာ ယခုနှစ်အတွင်းမှာ စတင် လည်ပတ်နိုင်တော့မှာ ဖြစ်ပြီး ထွက်လာတဲ့ နျူကလီးယား စွန့်ပစ်ပစ္စည်းများအတွက် လုံခြုံတဲ့ နေရာတခုကို ဖန်တီးဖို့ လိုအပ်နေပါတယ်။

ဖင်လန်နိုင်ငံဟာ နျူကလီးယား စွန်ပစ်ပစ္စည်းတွေ ထားရှိဖို့ နေရာကို ရှာဖွေခဲ့ရာ ၂၀၀၀ ခုနှစ်မှာတော့ Olkiluoto နျူကလီး ယား ဓာတ်ပေါင်းဖိုကို နိုင်ငံ၏ အနောက်ဘက် ကမ်းရိုးတန်း ကျွန်းတွင် ထားရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီ့နေရာ အနီးရှိ Eurajoki မြို့ဟာ နျူကလီးယား စွမ်းအင်နှင့် စိမ်းလှတဲ့ မြို့မဟုတ်ဘဲ မြို့နေလူများဟာ အနီးရှိ နျူကလီး ယား ဓာတ်ပေါင်းဖို ၂ ခုတွင် အလုပ်လုပ်နေသည့် မိတ်ဆွေ သို့မဟုတ် ဆွေမျိုး တဦးဦးတော့ ရှိနေပါတယ်။

Image: Courtesy of TVO/TAPANI KARJANLAHTI

အခု တည်ဆောက်နေတာကတော့ နိုင်ငံရဲ့ တတိယမြောက် နျူကလီးယား ဓာတ်ပေါင်းဖို ဖြစ်ပါတယ်။

Onkalo နျူကလီးယား စွန့်ပစ်ပစ္စည်းများအတွက် နေရာ

ဖင်လန်နိုင်ငံဟာ boiling water reactors (BWRs) အမျိုးအစား ဓာတ်ပေါင်းဖိုများကို အသုံးပြုပြီး စွန့်ပစ်ပစ္စည်းများကို ထားရှိဖို့အတွက် ရေလုံတဲ့ နေရာ လိုအပ်ပါတယ်။

အနီးရှိ ငလျင်ပြတ်ရွေ့ကြော နှစ်ခုဟာ လာမည့် ရေခဲခေတ်လောက်မှာ လှုပ်ရှားနိုင်ဖွယ် ရှိနေသည့်အတွက် စွန့်ပစ် ပစ္စည်းများ ထားရှိဖို့အတွက် အသေအချာ စီမံဖို့ လိုအပ်နေပါတယ်။

နောင် နှစ် ၁,၅၀၀ အတွင်း ဖြစ်လာမည့် ရေခဲခေတ်နှင့် ပြတ်ရွေ့ကြောကိုပါ ထည့်သွင်း စဉ်းစား တွက်ချက်နိုင်သဖြင့် ချီးကျူးစရာပါ။

နျူကလီးယား ဓာတ်ပေါင်းဖိုမှ အသုံးပြုပြီးသား လောင်စာချောင်းများကို အေးသွားစေဖို့ ရေကန်ထဲတွင် ဆယ်စုနှစ်များစွာ ထားရှိဖို့ လိုအပ်ပြီး အဲဒီ့နောက်မှာတော့ ကွန်ကရစ် ၄.၂၅ ပေ အထိကာထားသည့် သံမဏိ အခန်းထဲမှ ရေများကို စက်ရုပ်များဖြင့် စုပ်ထုတ်သွားမှာ ဖြစ်တယ်လို့ Science မဂ္ဂဇင်းကဖော်ပြခဲ့ပါတယ်။

အဲဒီ့နောက် လောင်စာချောင်းများကို သံသေတ္တာများအတွင်းမှာ ထည့်ထားမှာဖြစ်ပြီး ရေဒီယို သတ္တိကြွမှု မရှိသည့် လေထုကို ဖန်တီးနိုင်ရင် ၎င်းတို့များကြားမှာ argon ဓာတ်ငွေ့များဖြည့်ထားမှာ ဖြစ်ပါတယ်။

Image: Courtesy of TVO

ထို့နောက် ကြေးနီပုံးများကို လှိုင်ခေါင်း ကြမ်းပြင်တွင် မြှုပ်နှံထားပြီး ရေစုပ်ယူနိုင်သည့် မီးတောင်ပြာမှ ရရှိသည့် bentonite ရွှံစေးများဖြင့် ပိတ်ထားကာ ရေများအား လောင်စာချောင်းများဆီ ရောက်ရှိမှုကို တားဆီးထားမှာပါ။

အဲဒီ့နောက် လှိုင်ခေါင်းကို ကွန်ကရစ်ဖြင့် ဖုံးအုပ်ထားပြီး နျူကလီးယား စွန့်ပစ် ပစ္စည်းများကို နှစ် ၁ သိန်းလောက်အထိ အ နှောင့် အယှက်မရှိဘဲ ထားနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ နေရာကို ၂၀၂၄ သို့မဟုတ် ၂၀၂၅ တွင် စတင် လည်ပတ်မှာဖြစ်ပြီး ၂၁၂၀ ခုနှစ်အထိ အလုပ်လုပ်ပြီးနောက်မှ အ ပြီးတိုင် ပိတ်ပစ်မှာ ဖြစ်ပါတယ်။

ဆွီဒင်ဟာလည်း အလားတူ စီမံကိန်းမျိုး လုပ်ဆောင်နေပြီး “နျူကလီးယား စွန့်ပစ်ပစ္စည်းများကို နှစ် ၁ သိန်းလောက် သိမ်း ဆည်း ထားနိုင်မယ့် ဆွီဒင်၏ စီမံကိန်း အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.