တင့်ကား ကိုယ်ထည်၊ လေယာဉ် ဂျက်အင်ဂျင်ကြီး ၂ လုံးနှင့် ဟန်ဂေရီက Big Wind ယာဉ်ကြီး အကြောင်း

Knowledge Tech

T-34 တင့်ကား ကိုယ်ထည်နှင့် MiG-21 တိုက်လေယာဉ်၏ ဂျက်အင်ဂျင်များကို အသုံးပြုထားတဲ့ ယာဉ်တစီးကို မျက်လုံးထဲ မြင်ကြည့်ပါက စစ်ဘက်ဆိုင်ရာ ယာဉ်တစီး ဖြစ်မယ်လို့ တွေးမိမှာ အသေအချာပါပဲ။

တကယ်တော့ ဟန်ဂေရီ အင်ဂျင်နီယာများက တီထွင်ဆန်းသစ်ထားတဲ့ ဒီ ယာဉ်ကြီးဟာ တိုက်ခိုက်ရေးအတွက်မဟုတ်ဘဲ ရေနံတွင်း ကဲ့သို့ မီး လောင်ကျွမ်းမှုတွေကို ဖြေရှင်းနိုင်ဖို့ ဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး မီးသတ်ကားတောင် ဖြစ်နိုင်ပါတယ်။

၎င်း၏ ရုရှားလုပ် အစိတ်အပိုင်း အားလုံးအတွက် အယူအဆဟာ ရုရှမှ မဟုတ်လျှင် အထူးအဆန်း ဖြစ်နေမှာပါ။

ဘာလို့လဲဆိုတော့ ဆိုဗီယက်ခေတ်ကလည်း MiG-15 အင်ဂျင်များကို ထရပ်ကားပေါ် တင်ဆောင်ပြီး ရေနံတွင်း မီးလောင် ကျွမ်းမှုကို ငြှိမ်းသက်ရာတွင် အသုံးပြုခဲ့ပြီး လေယာဉ်ကွင်းမှ နှင်းများကိုတောင် ဖယ်ရှားနိုင်ပါတယ်။

ဟန်ဂေရီ ကုမ္ပဏီတခုဟာ ကူဝိတ်နိုင်ငံရှိ မီးကို ငြိမ်းသက်နိုင်ရန်အတွက် စိတ်ချရတဲ့ T-34 တင့်ကား၏ ကိုယ်ထည်ကို အသုံးပြုပြီး အဆိုပါ ယာဉ်ကို ထောက်ပံ့ပေးခဲ့ပါတယ်။

တင်ကားပေါ်မှ ဂျက်အင်ဂျင်များဟာ ဂျက်အင်ဂျင် မီးတောက်များကို ပန်းထုတ်လိုက်မည့် အမြောက်ကြီးများ ပုံစံပေါက်နေပြီး ကြည့်ရတာ အတော် ထူးဆန်းပါတယ်။

ကုမ္ပဏီမှ အင်ဂျင်နီယာများဟာ ဂျက်အင်ဂျင် အိပ်ဇောမှ ရေများကို ကျဆင်းလာစေရန် ပိုက်များကို အသုံးပြုခဲ့ကြပါတယ်။

ရလဒ်ကတော့ ရေဟာ တနာရီလျှင် ၇၇၀ မိုင်နှုန်း ဖြင့် မီးလောင်ရာ နေရာသို့ ဦးတည် ငြှိမ်းသက်နိုင်မှာ ဖြစ်ပါတယ်။

ဒီယာဉ်ကို အသုံးပြုပြီး မီးငြှိမ်းသက်ရာတွင် အသုံးပြုသည့် နည်းလမ်းကတော့ ဂျက်အင်ဂျင်မှ ထွက်လာတဲ့ ရေဟာ လောင်ကျွမ်းနေသည့် မီးမှ မီးလုံးများကို ဖြတ်တောက်ပေးသည့် နည်းဖြစ်ပါတယ်။

ရေနံတွင်းတွေ အမြင့်တခုအထိ မီးတုတ်သဖွယ် မီးတောက်တွေ ထွက်ပြီး လောင်ကျွမ်းရတာဟာ ရေနံဆီများမှ ၎င်းလောင်ကျွမ်းဖို့ လုံလောက်တဲ့ အောက်ဆီဂျင်ကို အသုံးပြုပြီး အဲဒီ့နေရာမှာမှာ နောက်ထပ် ဆီများက အစားထိုးသွားတာကြောင့် ဖြစ်ပါတယ်။

ရေကို ဂျက်အင်ဂျင်နှင့် ပတ်ဖြန်းခြင်းကြောင့် ဤအဆုံးမရှိတဲ့ လောင်ကျွမ်းမှုပုံစံကို ချက်ချင်း ရပ်တန့်စေပြီး နောက်ထပ် မီးမစွဲလောင်နိုင်ရန် ကာကွယ်ပေးဖို့ ပတ်ဝန်းကျင်အား အေးမြစေရန် လုပ်ဆောင်ပေးပါတယ်။

ဒီယာဉ်ဖြင့် မီးသတ်ခြင်း ပြုလုပ်ရာတွင် ယာဉ်မောင်းတယောက်၊ ဂျက်အင်ဂျင် ထိန်းချုပ်သူတယောက်နှင့် ညွှန်ကြားသည့် ခေါင်းဆောင်တယောက် အပါအဝင် အဖွဲ့သား ၃ ယောက် လို အပ်ပါတယ်။

ယာဉ်ဟာ တစက္ကန့်လျှင် ၂၂၀ ဂါလံ လောက်နှုန်းဖြင့် မီးသတ်နိုင်ပြီး ဒီ တစက္ကန့်စာလေးဟာ အမေရိကန် အိမ်တအိမ်မှ ၁ ရက်စာ ရေသုံးစွဲမှု၏ ၂ ဆ လောက် ရှိပါတယ်။

ဒီယာဉ်ပေါ်က စက်ကြီးဖြင့် သာမာန် ရေကူးကန် တခုမှ ရေကို စုပ်ယူပါက စက္ကန့် ၅၀ အတွင်း ရေများ ပြောင်စင်သွားအောင် စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါယာဉ်ကို အသုံးပြုပြီး ကူဝိတ် သဲကန္တာရအနီး လောင်ကျွမ်းနေတဲ့ မီးတွေကို ငြှိမ်းသက်ဖို့ ရေအများကြီး ရှာရတာ ဘယ်လောက်တောင် ခက်ခဲမလဲ ဆိုတာ စိတ်ကူးကြည့်နိုင်ပါတယ်။

မီးသတ်အဖွဲ့ဟာ မီးသတ်ယာဉ်အတွက် လိုအပ်သည့် ရေကို ရရှိနိုင်ဖို့ ရေတွင်းတူးသည့် အခြား အဖွဲ့များကို အားကိုးခဲ့ရပါတယ်။

ကြီးမားလှတဲ့ ဂျက်အင်ဂျင်ကြီးကို ထမ်းတင်ထားရသောကြောင့် ယာဉ်ဟာ တနာရီလျှင် ၃ မိုင် နှုန်းလောက်ဖြင့်သာ မောင်းနှင်နိုင်ပြီး ရှေ့သို့သွားသည့် ဂီယာ တခုသာ ပါဝင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.