ပထမဆုံး စီးပွားဖြစ် အာကာသ စခန်း ကို ၂၀၂၇ တွင် လွှတ်တင်မည့် အကြောင်း

News Science

Nanoracks ၊ Voyager Space နှင့် Lockheed Martin စတဲ့ ကုမ္ပဏီတို့ဟာ ၂၀၂၇ မှာ ပထမဆုံးအမြဲတမ်း လွတ်လပ်စွာ ပျံသန်းနိုင်တဲ့ စီးပွားဖြစ် အာကာသစခန်းကို ကမ္ဘာပတ်လမ်းအနိမ့် (LEO) သို့ လွှတ်တင်ဖို့ ရည်ရွယ်ထားကြောင်း ကြေငြာချက်တွင် ဖော်ပြထားပါတယ်။

Starlab ဟုခေါ်တဲ့ အဆိုပါ အာကာသစခန်းကို အရေးပါသော သုတေသနလုပ်ငန်းများ ပြုလုပ်ဖို့ နှင့် ခရီးသွားလုပ်ငန်းတွေ အပြင် အခြားစီးပွားရေး လုပ်ငန်း​တွေအတွက်လည်း အသုံးပြုမည်ဟု Lockheed Martin ကရှင်းပြပါတယ်။

အဆိုပါ အာကာသစခန်းကို လွတ်လပ်စွာ ပျံသန်းခြင်း လို့ဆိုတာဟာ ၎င်းဟာ ကမ္ဘာပတ်လမ်းကြောင်းတစ်ခုထဲမှာဘဲ ပျံသန်းနေမှာ မဟုတ်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

အာကာသစခန်းတွေဟာ ပုဂ္ဂလိကပိုင်တွေ ဖြစ်လာပြီ

Nanoracks ရဲ့ Starlab ဝက်ဘ်စာမျက်နှာမှာပြောကြားချက်အရ အဆိုပါ အာကာသစခန်းဟာ လူလေးဦးအတွက် ကုဗပေ ၁၂၀၀၀ (ကုဗမီတာ ၃၄၀) ပါ၀င်တဲ့ နေထိုင်စရာ အဆောက်အဦး တစ်ခုပါ၀င်လိမ့်မည် ဟုဆိုပါတယ်။

၎င်းအပြင် ဓာတ်ခွဲခန်း တပ်ဆင်ထားမှုတွေ ၊ ပြင်ပစက်ရုပ် လက်တံတောင်ပံတွေ နှင့် နိုင်ငံတကာအာကာသစခန်း (ISS) နှင့်ညီမျှတဲ့ စွမ်းဆောင်ရည်မျိုး ပေးနိုင်ပါလိမ့်မည်။

နိုင်ငံတကာအာကာသစခန်း (ISS)ဟာ ၎င်းရဲ့သက်တမ်းကုန်ဆုံးရန် နီးကပ်လာသည်နှင့်အမျှ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ISS ရဲ့ လည်ပတ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွေဟာ 2024 ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရုရှားဟာ ကိုယ်ပိုင်အာကာသစခန်းကို 2025 ခုနှစ်တွင် တည်ဆောက်ဖို့ စီစဉ်ထားတဲ့အတွက်ကြောင့် အမေရိကန် နှင့် ၎င်းရဲ့သဘောတူညီချက်များကို သက်တမ်းတိုးမည်မဟုတ်ကြောင်း ရုရှားက အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

Starlab ဟာ ISS နေရာအတွက် ချက်ချင်းအစားထိုးခြင်း မဟုတ်သော်လည်း ၎င်းဟာ NASA ရဲ့ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်များအတွက် လိုလိုလားလား လုပ်ဆောင်မှုတွေ ဖြစ်ပါတယ်။

ဒါတွေဟာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်မြေသို့ ယမန်နှစ်က ISS သို့ အာကာသယာဥ်မှူးများ လွှတ်တင်မှုကို မြင်တွေ့ခဲ့တဲ့ SpaceX နှင့် ၎င်းရဲ့အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကဲ့သို့ ဖြစ်လာဖို့ မျှော်မှန်းနေပါတယ်။

ISS အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းလောက် အလေးချိန် ရှိနိုင်မယ့် Starlab ဂြိုဟ်တု Photo: Courtesy of Nanoracks

ပုဂ္ဂလိကအာကာသစခန်းဟာ စျေးကွက်ဝယ်လိုအားကို အပြည့်အဝ သော့ဖွင့်လိမ့်မည်ဖြစ်ကြောင်း

Nanoracks က ” NASA ဟာ Starlab ကနေ ISSကို နှိုင်းယှဉ်နိုင်တဲ့ သုတေသနစွမ်းရည် နှင့် ပမာဏကို ရရှိလိမ့်မည် ဟုဆိုပြီး ဆောက်လုပ်ရေး နှင့် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်မှာ သိသိသာသာနည်းပါးတယ် ” ဟုဆိုပါတယ်။

ဒါဟာ NASAအတွက် လ၊ အင်္ဂါဂြိုဟ် နှင့် အခြားနေရာများက မစ်ရှင်များတွင် ပိုမို ရင်းနှီးမြှုပ်နှံစေနိုင်တယ် ဟုဆိုပါတယ်။

Nanoracks ရဲ့ CEO နှင့် ပူးတွဲတည်ထောင်သူ Jeffrey Manber က “ အစကတည်းက Nanoracks ဟာ စျေးကွက် ဝယ်လိုအားကို အပြည့် အဝ ဖွင့်နိုင်ဖို့ ကိုယ်ပိုင်အာကာသစခန်းတစ်ခု ပိုင်ဆိုင်ဖို့ နဲ့ လည်ပတ်နိုင်ဖို့ ကြိုးစားခဲ့တာပါ ” ဟုပြောပါတယ်။

“ကျွန်ုပ်တို့၏အဖွဲ့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အာကာသ စခန်းများရဲ့လုပ်ငန်းကို လေ့လာသင်ယူခဲ့ပြီး ဖောက်သည်များရဲ့ လိုအပ်ချက်များကို နားလည်​အောင်လုပ်ခြင်း ၊ စျေးကွက်တိုးတက်မှုနှုန်း ဇယားဆွဲခြင်း နှင့် Bishop Airlock ကဲ့သို့သော ISS ရှိ ကိုယ်ပိုင် hardware များတွင် ကိုယ်တိုင်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ပါတယ်။

Nanorack နှင့် ကျွနိုပ်တို့အဖွဲ့ဟာ NASA နဲ့အလုပ်အတူတူလုပ်ရမှာကို စိတ်လှုပ်ရှားနေကြပြီး Starlab နှင့် ရှေ့ဆက်အလုပ်လုပ်ဖို့ စိတ်အားထက်သန်နေကြပါတယ်။

ပြီးခဲ့တဲ့လကလည်း Nanoracks ဟာ အာကာသစိုက်ပျိုး​ခြံ စခန်းများအတွက် တီထွင်ထားတဲ့ နည်းပညာကို ရာသီဥတုပြောင်းလဲ ဆိုးရွားမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံဖြစ်ထွန်းမှုအတွက် အသုံးပြုနိုင်တယ် လို့ဆိုပါတယ် ၊ ဒါဟာ ကမ္ဘာပေါ်ရှိ သဲကန္တာရတွေမှာတောင် အသုံးပြု စိုက်ပျိုးဖြစ်ထွန်းနိုင်တယ်လို့ ဆိုပါတယ်။

Nanoracks ၊ Voyager Space နှင့် Lockheed Martin တို့ဟာ ကိုယ်ပိုင်အာကာသစခန်း​တွေကို ကမ္ဘာပတ်လမ်းကြောင်းအနိမ့်သို့ ပို့ဆောင်တဲ့ တစ်ခုတည်းသော ကုမ္ပဏီတွေ မဟုတ်ပါဘူး။

CNBC ရဲ့ အဆိုအရ Jeff Bezos ရဲ့ Blue Origin ကုမ္ပဏီဟာ ကမ္ဘာပတ်လမ်းကြောင်းဆိုင်ရာ လွှင့်တင်မည့် အရာတစ်ခုအတွက် မကြာသေးမီက စျေးကွက်ထဲ ဝင်ခဲ့ပါသေးတယ်။

အဆိုပါ ကုမ္ပဏီဟာ NASA နဲ့ အငြင်းပွားဖွယ်ရာကိစ္စကို ရပ်တန့်နိုင်ဖို့ဖြစ်ပြီး ၎င်းရဲ့ ပတ်လမ်းကို အရောက်သွားဖို့နှင့် အခွင့်အလမ်းများကို တိုးတက်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်ဟု သိရပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *