အိုလံပစ် အားကစားပွဲတော်ဆိုတာ အပြည်ဆိုင်ဆိုင်ရာမှ ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားနည်း မျိုးစုံပါဝင်တဲ့ ကစားပွဲကြီးတစ်ခုဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ(I.O.C) ကို ၁၈၉၄ ခုနှစ်တွင် ပြင်သစ်လူမျိုး ဗာရွန် ဒီ ကူဗာတင်(Baron de Coubertin) က စတင်တည်ထောင်ခဲ့ပါတယ်။ပထမဆုံးခေတ်သစ် အိုလံပစ်ပွဲကို ၁၈၉၆ ခုနှစ် ဂရိနိုင်ငံ၊အေသင်မြို့တွင် စတင်ကျင်းပခဲ့ပါတယ်။

ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲကို ပထမဆုံးအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သူ မြန်မာတစ်ဦးမှာ ဦးဇော်ဝိတ် ဖြစ်ပါတယ်။
၁၉၃၆ ခုနှစ်တွင် ၁၁ ကြိမ်မြောက်အဖြစ် ဂျာမဏီနိုင်ငံမှာ ကျင်းပတဲ့ ဘာလင်
အိုလံပစ်ကို ဦးရှိန်(မြန်မာ့ကာယဗလဖခင်ကြီး)နည်းပြအဖြစ် ဦးဆောင်၍ ဦးဇော်ဝိတ်ဟာ အလေးမကစားနည်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။သို့သာ်လည်း မြန်မာနိုင်ငံသားအဖြစ်ဖြင့် ပါဝင်ခွင့် မရရှိခဲ့ပါဘူး။
ထိုအချိန်က သူ့ကျွန်ဘဝကျရောက်နေသောကြောင့် မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံနှင့်တစ်နိုင်ငံတည်းအဖြစ်တွဲနေရပြီး အိန္ဒိယအားကစားအဖွဲ့ဝင်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ရပါတယ်။
ဦးရှိန်နှင့်ဦးဇော်ဝိတ်တို့ဟာ အိန္ဒိယအသင်းဝင်များ အဖြစ်လိုက်ပါရသောကြောင့် ပန်ချာပီခေါင်းပေါင်းနှင့်ဝေ့စ်စကုတ်များ ဝတ်ဆင်ခဲ့ရတယ်ပါတယ်။ပန်ချာပီခေါင်းပေါင်းပါသော အိန္ဒိယဝတ်စုံကို မဝတ်လျှင် ပြိုင်ပွဲဝင်ပြိုင်ခွင့်မပြု ဟူသော ဉပဒေကြောင့် ဖြစ်ပါတယ်။ဦးဇော်ဝိတ်ဟာအဆင့် ၁၄ သာ ရရှိခဲ့သော်လည်း အမြန်တွင်အကောင်းဆုံး မပြနိုင်ခဲ့ပါတယ်။

၁၉၄၈ခုနှစ်၊ ဒုတိယကမ္ဘာစစ်အပြီး အင်္ဂလန်တွင် ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် လန်ဒန်အိုလံပစ် ကျင်းပမှသာ မြန်မာနိုင်ငံဟာ လွတ်လပ်သောပြည်ထောင်စုနိုင်ငံတော်အလံကို လွင့်ထူပြီး ကမ္ဘာ့အိုလံပစ်ပွဲတော်တွင် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် စတင်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။
၁၉၄၈ခုနှစ်၊ကမ္ဘာ့အိုလံပစ်ပွဲတော်တွင် ပထမဆုံးစတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမား များမှာ စိန်ဖေ(ပြေးခုန်ပစ်၊ မီတာ၁ဝဝ)၊ မျိုးသန့်၊ စောဟာဒီ (လက်ဝှေ့)၊ ဝင်းမောင်၊ ကျော်ရင် (အလေးမ) တို့ဖြစ်သည်။
မျိုးသန့်(လက်ဝှေ့)ဟာ ပထမပွဲစဥ်တွင် ကနေဒါချန်ပီယံကို အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့အိုလံပစ် ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်သော မြန်မာနိုင်ငံသားတစ်ယောက်၏ ပထမဆုံးနိုင်ပွဲဖြစ်ခဲ့သော်လည်း ဒုတိယပွဲတွင် နယ်သာလန် နိုင်ငံသားကို ရှုံးနိမ့်ခဲ့သောကြောင့် ဆုမရရှိခဲ့ပါဘူး။
ဒုတိယကမ္ဘာစစ်အပြီးတွင် ၁၉၇၆ ခုနှစ် ကနေဒါနိုင်ငံ၊ မွန်ထရီရယ်အိုလံပစ် တစ်ကြိမ်မှလွဲပြီး မြန်မာနိုင်ငံဟာ အိုလံပစ်ပွဲတော်များကို ပုံမှန်ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
Source-Wikipedia
Photo credit