ငှက်တစ်ကောင် ကဲ့သို့ ပျံသန်းနိုင်ပြီး အတောင်ပံများကို ကွေးဆန့်နိုင်သည့် ပထမဆုံး စက်ရုပ် ‘PigeonBot’ အကြောင်း

Innovation Tech

‘PigeonBot’ ဟာ ငှက်တစ်ကောင် ကဲ့သို့ ပျံသန်းနိုင်ပြီး ၎င်းရဲ့တောင်ပံများကို ကွေးနိုင်သည့် ပထမဆုံး စက်ရုပ်ဖြစ်ပါတယ်။

ပျံသန်းခြင်းဆိုင်ရာ ထိုးထွင်းသိမြင်မှု အသစ်များဟာ ပိုမို သွက်လက်ပြီး ဝေဟင်တွင် ပျံသန်းနိုင်သည့် စက်ရုပ်များ အတွက် လမ်းခင်းပေးနိုင်ပါတယ်။

ခိုများကို ကောင်းကင်မှ ကြွက်များဟု ယူဆနိုင်သော်လည်း အချို့သော သိပ္ပံပညာရှင်များက အဆိုပါ မြို့ပြငှက်များတွင် ပိုမို တန်ဖိုးရှိတဲ့ မျိုးဆက်သစ် ပျံသန်းနိုင်သော စက်များအတွက် အသေးစိတ်ပုံစံကို တွေ့ရှိခဲ့ကြပါတယ်။

ငှက်တွေဟာ ၎င်းတို့ရဲ့ အမွှေးအတောင်များကို ပိုမိုနီးကပ်စွာ ရှပ်ခတ်ခြင်းဖြင့် အတောင်များရဲ့ ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်ပါတယ်။

အဆိုပါ ပြုပြင်ပြောင်းလဲမှုများက အကန့်အသတ် များစွာရှိသည့် ဒရုန်းများထက် ငှက်များကို ကောင်းကင်မှာ ပိုမို လှုပ်ရှား ပျံသန်းနိုင်ကြတာ ဖြစ်ပါတယ်။

ခိုများရဲ့ တောင်ပံဖြန့်ကျက်မှုကို ထိန်းချုပ်ပုံနှင့်ပတ်သက်ပြီး ထိုးထွင်း သိမြင်မှုအသစ်များကို အသုံးပြုကာ သုတေသီများက PigeonBot ဟုအမည်ပေးထားသည့် စက်ရုပ် ခိုတစ်ကောင်ကို ဖန်တီးခဲ့ပြီး အမွှေးအတောင်များက တကယ့် လက်တွေ့ ပုံစံကဲ့သို့ ပြောင်းလဲ တီထွင်ထားတာကို တွေ့ရပါတယ်။

Image: Courtesy of LENTINK LAB/STANFORD UNIV.

ဆွစ်ဇာလန်နိုင်ငံရှိ Ecole Polytechnique Federale de Lausanne မှ စက်ရုပ်ပညာရှင် Dario Floreano က အဆိုပါ သု တေသန အသစ်ဟာ ပိုမိုလျှင်မြန်သော လေယာဉ်များကို ဖန်တီးနိုင်ဖို့ လမ်းခင်း ပေးနိုင်တယ်ဟု ဆိုပါတယ်။

ငှက်ကဲ့သို့ အတောင်ပံများဖြင့်၊ ၎င်းတို့ဟာ အဆောက်အဦးများ သို့မဟုတ် သစ်တောများ ကဲ့သို့ ရှုပ်ထွေးသော နေရာများတွင် ပိုမို သွက်လက်စွာ လှည့်ပတ်နိုင်ပြီး ကြမ်းတမ်းသော လေထုထဲမှာ ပိုမိုကောင်းမွန်စွာ သွားလာနိုင်ကြောင်း Floreano မှ ပြောကြားခဲ့ပါတယ်။

Science Robotics တွင် ဖော်ပြထားသော အဆိုပါ စက်ရုပ် အသစ်ဟာ တိရစ္ဆာန် စမ်းသပ်မှုမပါဘဲ ငှက်ပျံသန်းမှု ဆိုင်ရာ ကိစ္စရပ်များကို လေ့လာဖို့ နည်းလမ်းတစ်ခုလည်း ပေးပါတယ်။

သုတေသီများက ခိုသေကောင်များရဲ့ အတောင်ပံများကို ကွေးပြီး ဖြန့်ကာ ငှက်များရဲ့ အတောင်ပံ ပုံသဏ္ဍာန် ထိန်းချုပ်ပုံအား စူးစမ်းလေ့လာခဲ့ကြပါတယ်။

စမ်းသပ်ချက်များအရ တောင်ပံအဆစ်နှစ်ခု၊ လက်ကောက်ဝတ်နှင့် လက်ချောင်းတို့ရဲ့ ထောင့်များက အတောင်ပံများရဲ့ ပျံ သန်းမှု နှင့် ချိန်ညှိမှုကို ပြသကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ငှက်ကို ပျံသန်းရာတွင် ပံ့ပိုးပေးသည့် ရှည်လျား တောင့်တင်းသော အမွှေးများရဲ့ လမ်းကြောင်းများက တောင်ပံရဲ့ ပုံသဏ္ဍာန်ကို အထောက်အကူ ဖြစ်စေပါတယ်။

ထိုတွေ့ရှိချက်များကို အခြေခံပြီး အဖွဲ့ဟာ ခိုအမွှေးအတောင်များဖြင့် တကယ့် လက်ကောက်ဝတ်များနှင့် လက်ချောင်းများကို ဖန်တီးကာ ခိုများတွင် မြင်တွေ့ရသည့်အတိုင်း တောင်ပံပုံသဏ္ဍာန်ကို ပုံဖော်နိုင်ခဲ့ကြပါတယ်။

ဒါ့အပြင် ပိုမိုလှပသော ဒရုန်းများတည်ဆောက်ခြင်းအတွက် အခြေခံအုတ်မြစ်ချခြင်းအပြင်၊ အဆိုပါစက်ရုပ်အတွက် ငှက်တစ်ကောင်ရဲ့တောင်ပံအတိုင်း စက်ရုပ်တောင်ပံတွေကို ကိုင်တွယ်ဖန်တီးနိုင်ခဲ့တယ် လို့ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ David Lentink ကပြောပါတယ်။

Lentink ရဲ့အဖွဲ့ဟာ ပျံသန်းမှု စမ်းသပ်မှုများတွင် ထိန်းချုပ်နိုင်သော စက်ရုပ်ခိုရဲ့ တောင်ပံတစ်ဖက်မှ လက်ချောင်းကိုသာ ကွေးလိုက်ခြင်းဖြင့် စက်ရုပ်အား ပျံသန်းနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ဒါ့ကြောင့် ငှက်များကလည်း တစ်ခါတစ်ရံတွင် ၎င်းတို့ရဲ့လက်များကိုသာ အသုံးပြု၍ ပျံသန်းနိုင်တယ်ဟူသော ပထမဆုံးအထောက်အထားကို ပေးဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

The Science တွင် ဖော်ပြထားသော ဒုတိယလေ့လာမှုတစ်ခုတွင် Lentink ရဲ့အဖွဲ့ဟာ ငှက်ပျံသန်းခြင်းဆိုင်ရာ နောက်ထပ်ထိုးထွင်းသိမြင်မှုကို အတည်ပြုဖို့အတွက် အတောင်ပံများကြားရှိ အမွှေးများကြားတွင် ကွာဟချက် မဖြစ်အောင် ၎င်းတို့ရဲ့ စက်ရုပ် တောင်ပံ ဒီဇိုင်းကို အသုံးပြုခဲ့ပါတယ်။

Image: Courtesy of L. MATLOFF ET AL/SCIENCE 2020

ငှက်တစ်ကောင် ကဲ့သို့ ၎င်းတို့ရဲ့တောင်ပံ ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်သော စက်ရုပ်ခိုဟာ ပိုမိုလျင်မြန်သော လေယာဉ်ကို ဖန် တီးနိုင်စေဖို့ လမ်းခင်းပေးသည့်အပြင် ငှက်ပျံသန်းမှုကို လေ့လာဖို့ နည်းလမ်းအသစ်များကိုလည်း ပံ့ပိုးပေးပါတယ်။

ဒါဟာ ငှက်တွေရဲ့ ပျံသန်းမှု ဆိုင်ရာ အမွှေးအတောင်များ အလုပ်လုပ်ပုံကို လေ့လာဖို့ နှင့် ဝေဟင်တွင် ထိန်းကျောင်းနိုင်ဖို့ အ တွက် အကောင်းဆုံး စက်ရုပ်အတောင်ပံများ ဖြစ်တယ် ဟု Chapel Hill ရှိ North Carolina တက္ကသိုလ်မှ ဇီဝစက်ပညာရှင် Tyson Hedrick မှ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တိုးတက်မှုအတွက် နေရာအများကြီးရှိနေသေးပြီး အနာဂတ် ပျံသန်းနေသော စက်ရုပ်များတွင် ငှက်တစ်ကောင်ရဲ့ အတောင်ပံ အတက်အဆင်း တိမ်းစောင်းမှုများက ပျံသန်းမှုအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်နိုင်သလဲဆိုတာကို စုံစမ်းစစ်ဆေးဖို့ အဓိက ကျောရိုးကနေ ပါ၀င်နိုင်တယ်ဟု Tyson Hedrickက ဆိုပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *