ကြိုးကြာငှက်များ ခြေထောက်တဖက်ထဲနှင့် ရပ်ရတဲ့ အကြောင်း

Knowledge Nature

ကြိုးကြာများ အစုလိုက်ရှိနေချိန်တွင် ကြည့်လိုက်ပါက ၎င်း၏ အစားအစား အသောက်မှ ရရှိတဲ့ carotenoid ကြောင့် ငှက်များဟာ ပန်း ရောင် သန်း နေတာကို ချက်ချင်း သတိပြုမိမှာ ဖြစ်ပါတယ်။

ကြိုးကြာငှက်များ၏ သင် သတိပြုမိ မယ့် အချက်ကတော့ ဂန္တဝင် ဝိသေသ တခုဖြစ်တဲ့ ခြေထောက် တဖက်ထဲနှင့် မကြာခဏ ရပ်လေ့ရှိတာပဲ ဖြစ်ပါတယ်။

ဒီလို ရပ်လေ့ရှိတဲ့ အကြောင်းကို ၎င်း၏ တောက်ပတဲ့ အမွှေးများ အကြောင်းထက် ရှင်းပြရန် အနည်းငယ် ခက်ခဲပါတယ်။

သိပ္ပံပညာရှင်များ၏ အစီအရင်ခံစာ အသစ်များအရ ကြိုးကြာငှက်များ၏ ခြေထောက်တဖက် ခေါက်ထားခြင်းဟာ ခန္ဓာကိုယ်ရှိ အပူကို ထိန်းသိမ်းပေးတယ်လို့ ယုံကြည်ရပါတယ်။

၂၀၀၉ ခုနှစ်က လေ့လာမှုများအရ ကာရစ်ဘီယံ ကြိုးကြာများဟာ မြေပြင်ပေါ်မှာထက် ရေထဲမှာ ခြေထောက်တဖက်ကို ပိုမို ခေါက်ထားလေ့ရှိတာကို သုတေသီများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

၂၀၁၀ ခုနှစ် လေ့လာမှုများမှာတော့ ခြေတဖက်ထဲနှင့် ရပ်လေ့ရှိတာဟာ ပိုပြီး အေးတဲ့ အပူချိန် ရှိတဲ့အချိန်မှာ မကြာခဏဆိုသလို ပြုလုပ်လေ့ရှိတယ်လို့ ထပ်မံ သိရှိရပါတယ်။

BirdNote ငှက်မှတ်တမ်း ရေဒီယိုအစီအစဉ်တွင် ငဟစ်ငှက်များ နှင့် ဘဲများ အပါအဝင် ငှက်အမျိုးအစား အချို့ဟာ အပူဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေရန် ခြေထောက်တဖက်ကို ခေါက်ထားလေ့ ရှိတာကို ပြောပြခဲ့ပါတယ်။

သို့ပေမယ့် ၎င်းဟာ ကြိုးကြာများ၏ ဟန်ချက်ညီအောင် နေထိုင်တဲ့ လုပ်ရပ်နောက်ကွယ်မှ တခုတည်းသော သီအိုရီတော့ မဟုတ်ပါဘူး။

အခြား ကျွမ်းကျင်သူများကတော့ ထိုကဲ့သို့ နေထိုင်ခြင်းဟာ အပူကို ထိန်းသိမ်းဖို့မဟုတ်ဘဲ စွမ်းအင် ချွေတာဖို့ လုပ်ဆောင်တဲ့ နည်းလမ်းတခုလို့ ထင်မြင်ကြပါတယ်။

“ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ကြိုးကြာများဟာ ခြေ ၂ ချောင်းနဲ့ ရပ်တာထက် ၁ ချောင်းထဲနဲ့ ရပ်တာဟာ ပိုပြီး တည်ငြိမ်မှုရစေတယ်” လို့ Exeter တက္ကသိုလ်၏ သတ္တဗေဒ ပညာရှင် တယောက်ဖြစ်တဲ့ ပေါလ်ရို့စ် က ပြောပြခဲ့ပါတယ်။

သူက ဆက်လက်ပြီး “ဒါဟာ ကြိုးကြာတွေရဲ့ ခြေထောက်မှာရှိတဲ့ အရွတ်တွေကို မလှုပ်မယှက်ဖြစ်စေတာကြောင့် တနေရာတည်းမှာ နေဖို့ ကြွက်သားတွေရဲ့ အားစိုက်ရမှုကို လျော့ကျစေတယ်” လို့ ရှင်းပြခဲ့ ပါတယ်။

၂၀၁၇ ခုနှစ် လေ့လာမှု တခုအရ ကြိုးကြာ ငှက်များဟာ ခြေတဖက်တည်းကို ထောက်ပြီး မတ်တပ်ရပ်ဖို့ထက် ခြေထောက် နှစ်ချောင်း အ တွက် ဟန်ချက်ညီဖို့ ကြွက်သားများ ပိုမို လှုပ်ရှားဖို့ လိုအပ်တာကို တွေ့ရှိခဲ့ရပါတယ်။

အတိုချုပ်အားဖြင့် ကျွန်တော်တို့အတွက် ကြိုးကြာတွေ ဘာလို့ ခြေထောက်တဖက်တည်း ရပ်ရတဲ့ အကြောင်းအတွက် အဖြေအတိအကျ မရှိပေမယ့် နွေးနွေးထွေးထွေး နေဖို့နှင့် အပန်းဖြေဖို့ နှစ်ခုလုံး ပြုလုပ်တာ ဖြစ်နိုင်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *