ကမ္ဘာကျော် Hayri Atak Architectural Design Studio (HAADS) ဟာ Eco-Floating Hotel ဟုခေါ်တဲ့ ဆွဲဆောင်မှုအပြည့်ရှိပြီး အမြင်အာရုံကို ဖမ်းစားနိုင်တဲ့ ရေပေါ် ကြယ်ငါးပွင့်ဟိုတယ် ဒီဇိုင်းကို ဖန်တီးထားပြီး ဖြစ်ပါတယ်။
ဒီဇိုင်းဟာဆိုရင် အမြင်အာရုံကို ဖမ်းစားနိုင်ရုံသာမက စွမ်းအင်ဆုံးရှုံးမှုကို လျှော့ချဖို့နှင့် လျှပ်စစ်ထုတ်လုပ်ဖို့ ပင်လယ်ထဲမှာ သူ့ရဲ့ ဖြည်းညှင်းစွာ လှည့်ပတ် နိုင်တဲ့စနစ်ကို အသုံးပြုထားပြီး အညစ်အကြေးစွန့်ပစ်မှု လုံးဝမရှိတဲ့ နိယာမကို အသုံးပြုဖို့လည်း စီစဉ်ထားပါတယ်။
HAADS ဟာ ကာတာကမ်းလွန်မှာ ပထမဆုံးအခန်းပေါင်း ၁၅၂ ခန်းပါတဲ့ ဟိုတယ်ကို တည်ဆောက်ဖို့ မျှော်မှန်းထားပြီး အဆိုပါ ဟိုတယ်ရဲ့ထူးခြားတဲ့ မိုဘိုင်းအင်္ဂါရပ်ကြောင့် ကမ်းလွန်ပင်လယ်ပြင်မှာ လှပတဲ့နေရာများစွာကို ပြန်လည်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Eco-Floating Hotel ရဲ့ လည်ပတ်မှုပုံစံနှင့် ဗိသုကာပုံစံ နှစ်ခုစလုံးအပြင် ဟိုတယ်ကိုရေပေါ်မျှောပါနိုင်အောင် ပင်လယ်ပြင်ကနေ ထောက် ပံ့ပေးနေတာပါ။
စက်ဝိုင်းပုံသဏ္ဍာန် အဆိုပါဟိုတယ်ဟာ လျှပ်စီးကြောင်းကို ဆက်တိုက်အသုံးပြုကာ ပြီးပြည့်စုံတဲ့ စက်ဝိုင်းအတွင်း ၂၄ နာရီပတ်လုံး ဖြည်း ညှင်းစွာ လှည့်ပတ်နေပြီး ဘေးကင်းစေဖို့လည်း ရွေ့လျား နေရာ ချထားမှု စနစ်တို့ဖြင့် ကောင်းမွန်စွာ ထိန်းချုပ်ထားပါတယ်။

၃၅,၀၀၀ စတုရန်းမီတာ (၃၇၆,၀၀၀ စတုရန်းပေ) ကျယ်ဝန်းတဲ့ ဟိုတယ်ဟာ ဆိပ်ခံတံတားတစ်ခုဖြင့် ကမ်းစပ်ကို ချိတ်ဆက်ထားပါတယ်။
ဧည့်သည်များအနေနဲ့ လှေ သို့မဟုတ် ရဟတ်ယာဉ်ဖြင့် သွားရောက်နိုင်ကာ ရဟတ်ယာဉ်ကွင်းမှာ ဆင်းသက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် လှေဖြင့် ဆိုက်ကပ်တာပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်တယ်ဟု ဆိုပါတယ်။
အဆိုပါ ကြယ်ငါးပွင့်ဟိုတယ်မှာဆိုရင် ကျွန်ုပ်တို့အလိုရှိတဲ့ ပုံမှန်ဇိမ်ခံပစ္စည်းတွေ ၊ ရေပူစမ်း၊ အားကစားခန်းမ၊ အိမ်တွင်းနှင့် အပြင်ဘက် ရေကူးကန်တွေ၊ သီးသန့်လသာဆောင်တွေ၊ ချွေးထုတ်ခန်း နှင့် ဂေါက်ကွင်းအသေးစားတို့လည်း ပါဝင်တယ် ဟုသိရပါတယ်။

ရည်မှန်းချက်ကြီးတဲ့ ပရောဂျက်ဖြစ်တဲ့အတွက် ဇိမ်ခံပစ္စည်းကို ဦးတည်ရုံသာမက ဆန်းသစ်တီထွင်မှုတွေ နှင့် ရေရှည်တည်တံ့မှုဆိုင်ရာတွေကို ပြသမှုကြီးလည်း ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အလယ်ပိုင်းရှိ အမိုးရဲ့ ရေဝဲပုံသဏ္ဍာန်ဟာ မိုးရေကို စုဆောင်းဖို့အတွက် အသုံးပြုမည်ဟု သိရပါတယ်။ ဒ
ါကို ဟိုတယ်ရှိ အပင်များကို ရေသွင်းဖို့နှင့် အခြားအရာတွေအတွက် ပြန်လည်အသုံးပြုမည်ဟု သိရပါတယ်။
ဟိုတယ်ရဲ့ ဆိုလာပြားများနှင့် လေတာဘိုင်များဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ ရေအောက်မှာလည်း ဟိုတယ်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ဖို့အတွက် ဒီရေအားစနစ်ကို အသုံးပြုထားမည်ဟု သိရပါတယ်။

ဟိုတယ်ရဲ့ ပလက်ဖောင်းများအားလုံးဟာ ဒီဇိုင်းကို မတူညီတဲ့နေရာတွေကို ရွှေ့ပြောင်းနိုင်စေမည့် ရေပေါ်ပလပ်ဖောင်းများ ဖြစ်ပါတယ်။
ကာတာကမ်းရိုးတန်းအနီး Eco-Floating Hotel လည်ပတ်နေတာကို မြင်တွေ့ရမည့် ရက်အတိအကျကို မထုတ်ပြန်သေးသော်လည်း HAADS အဖွဲ့မှ ၂၀၂၅ မှာဖွင့်လှစ်ဖို့ ရည်ရွယ်ထားကြောင်း DesignBoom ကို ပြောကြားခဲ့ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။