Adelaide အခြေစိုက် လျှပ်စစ်လေကြောင်းကုမ္ပဏီ Alauda Aeronautics ဟာ ပြိုင်ကားလမ်းများနှင့် လေထဲတွင် တူညီစွာ ပျံသန်းနိုင်သော ပြိုင်ကားတစ်စီးကို ဖန်တီးလိုက်ပြီပဲ ဖြစ်ပါတယ်။
Alauda Aeronautics ကုမ္ပဏီဟာ ၎င်းရဲ့ Alauda Mk3 ပျံသန်းသည့်ကားကို ၂၀၂၁ ခုနှစ်တုန်းက သြစတြေးလျ တောင်ပိုင်းတွင် စမ်းသပ် ပျံသန်းခဲ့တယ်ဟု သိရပါတယ်။
နာမည်ကျော် Airspeeder ရဲ့ဖန်တီးသူများက ကိုးနှစ်တာ ကာလအတွင်း အိုလံပစ်ပြိုင်ပွဲအတွက် ပျံသန်းနိုင်သော လျှပ်စစ်ပြိုင်ကားကို ပြသဖို့ ရည်မှန်းထားခဲ့တာပဲ ဖြစ်ပါတယ်။
Airspeeder က ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်နှင့် လျှင်မြန်မှုတို့အတွက် တည်ဆောက် ထားတာကြောင့် အတားအဆီးများကို လွယ်ကူစွာ ကျော်လွှားနိုင်ပါတယ်။
၎င်းတို့ရဲ့ ရည်မှန်းချက်မှာ အိုလံပစ်ပြိုင်ပွဲများကနေ ၎င်းရဲ့ စွမ်းဆောင်ရည်များကို ကမ္ဘာသို့ ပြသနိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေက လေယာဉ် မဟုတ်သလို ဒရုန်းလည်း မဟုတ်တဲ့ သယ်ယူ ပို့ဆောင်ရေး စနစ်သစ် တစ်ခု ဖြစ်တယ်ဟု ဆိုပါတယ်။
၎င်းတို့ကို eVTOL (လျှပ်စစ် ဒေါင်လိုက် အတက်အဆင်းနဲ့ ဆင်းသက်ခြင်း) လေယာဉ်လို့ ခေါ်ကြပြီး လမ်းကြောင်း မျိုးစုံနဲ့ အတိုင်းအတာ တခု အထိ သွားနိုင်တယ်ဟု ဆိုပါတယ်။
Alauda Mk3 ကို Simulator ဖြင့် အဝေးမှ ထိန်းချုပ်ထားပြီး ၁၉၅၀ နှင့် ၁၉၆၀ ပြည့်လွန်နှစ်တုန်းက ပြိုင်ကားများထံမှ ဒီ ဇိုင်း စိတ်ကူးကို ရေးဆွဲထားတာ ဖြစ်ပါတယ်။

Image: Courtesy of Airspeeder
၎င်းဟာ အလေးချိန် ၁၃၀ ကီလိုဂရမ်သာ အလေးချိန်ရှိပြီး ၈၀ ကီလိုဂရမ် အထိ တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
Alauda Mk3 ဟာ လျှပ်စစ်စွမ်းအင် အပြည့်အဝ အသုံးပြုထားပြီး ၀-၁၀၀ မိုင်ကို ၂.၈ စက္ကန့်အတွင်း အရှိန်မြှင့် နိုင်ပါတယ်။
လေထဲမှာလည်း ပေ ၁၆၄၀ အထိ ပျံတက်နိုင်တယ်ဟု ဆိုပါတယ်။
တောင်သြစတြေးလျ သဲကန္တာရမှာ စမ်းသပ်မှုပြုလုပ်ခဲ့တုန်းက Airspeeder ဟာ ၂၀၃၂ အိုလံပစ် အားကစားအတွက် သရုပ် ပြအားကစားတစ်ခု ဖြစ်လာနိုင်မည်ဟု မျှော်လင့်ထားခဲ့တာပဲ ဖြစ်ပါတယ်။
Airspeeder ရဲ့ မီဒီယာအကြီးအကဲ Stephen Sidlo က “ကျွန်တော်တို့ ဒီပျံသန်းနိုင်တဲ့ ကားတွေ အားလုံးကို တည်ဆောက်ပြီး စမ်းသပ်ပြီးတာနဲ့ ပြိုင်ပွဲပေါင်းများစွာကို လုပ်ဆောင်ဖို့အတွက် တိုက်ရိုက် ထုတ်လွှင့်တဲ့ မော်ဒယ်ကို ရွေးသွားမှာပါ” ဟု သြစတြေးလျ ရုပ်သံလွှင့်ဌာန ABC သို့ ပြောကြားခဲ့ပါတယ်။
Australian Sports Technologies Network မှ ဒါရိုက်တာ John Persico က အားကစားပွဲများ ကျင်းပရာတွင် သယ်ယူပို့ဆောင်ရေး ပြဿနာများ သက်သာစေဖို့နှင့် လုံခြုံရေးတိုးမြှင့်ခြင်း အပါအဝင် နည်းပညာအသစ်များမှ အကျိုးကျေးဇူးများစွာကို မျှော်မှန်းနိုင်တယ်ဟု ပြောကြားခဲ့ပါတယ်။
Persico က “ဒါဟာ ၂၀၃၂ အိုလံပစ်ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး နယ်ပယ်တွေထဲက တစ်ခုပါ၊ အလုပ် အ ကိုင်တွေ ဖန်တီးနိုင်မှု၊
အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်မှုနဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံး အားကစားပွဲ အတွက် ထူးခြားတဲ့ အတွေ့အကြုံကို ဖန်တီးပေးနိုင်မှာပါ” ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။