သင်မနှစ်မြို့လောက်မယ့် လိပ်ပြာများ၏ အစားအစာများ အကြောင်း

Knowledge Nature

လိပ်ပြာများဟာ လှပပြီး လူတော်တော်များများက နှစ်သက်ကြကာ သူတို့ဟာ ဝတ်ရည်ကို စားသုံးကြတယ်လို့ သိထားကြပါတယ်။

တကယ်တော့ လိပ်ပြာများဟာ ဝတ်ရည်ကို အဓိကအားဖြင့် စားသုံးပေမယ့် သင်မထင်ထားတဲ့ မနှစ်မြို့စရာ အစားအသောက်များကိုလည်း စားသုံးကြပါသေးတယ်။

အဲဒါကြောင့် လူသိနည်းတဲ့ လိပ်ပြာများ စာသုံးတတ်တဲ့ မနှစ်မြို့စရာ အစားအသောက်များကို ဖော်ပြပေးလိုက်ရပါတယ်။

ရွှံ့

လိပ်ပြာများဟာ ဝတ်ရည်တွေကို စုပ်ယူစားသုံးတယ်လို့ သင်ကြားခဲ့ရတာ အမှန်တရားတခု ဖြစ်ပေမယ့် တခြား အာဟာရတွေ ရရှိဖို့ အခြား အစားအစာများကိုလည်း စားရပါတယ်။

အဲဒီ့အထဲက တခုကတော့ ရွှံ့ပဲ ဖြစ်ပါတယ်။ မိုးသည်းထန်းစွာ ရွာသွန်းပြီးနောက် တခါတရံမှာ လိပ်ပြာတွေ အများအပြား ရွှံ့တွေပေါ်မှာ တွေ့ရင် သူတို့ဟာ ရွှံ့တွေကို စုပ်ယူစားသုံးနေလို့ပါ။

သိပ္ပံပညာရှင်များကတော့ ဒါဟာ ရွှံ့ထဲမှ ဆားဓာတ်၊ နိုက်ထရိုဂျင်၊ ပရိုတင်းနှင့် အမိုင်နိုအက်စစ်တို့ ရရှိအောင် စားသုံးကြတာ ဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။

ချွေးနှင့် မျက်ရည်

လိပ်ပြာ တကောင်ကောင် လက်ပေါ်လာနားတာကို တွေ့ရင် သင့်အနေနှင့် သင့်ကို သဘောကျလို့ လို့ ထင်ကောင်းထင်မှာပါ။

ဟုတ်ပါတယ်။ သူက သင့်ချွေး သို့မဟုတ် မျက်ရည် ကဲ့သို့ အဖိုးတန်တဲ့ အရာတွေကို သဘောကျလို့ လာနားတာပါ။

ဒီလို မျက်ရည်ကို သောက်သုံးတတ်ကြောင်းကို ၂၀၁၄ ခုနှစ်က လေ့လာတွေ့ရှိခဲ့ပြီး သက်သေတွေလည်း ရှိပါတယ်။

ဒါဟာ အထူးသဖြင့် လိပ်ပြာ အထီးများအတွက် မျိုးပွားဖို့ အထောက်အကူ ပြုတယ်လို့ သိရပါတယ်။

သွေးနှင့်မစင်များ

လိပ်ပြာများဟာ သွေးကိုသောက်သုံးတတ်ကြသလို မစင်များတွင်လည်း အာဟာရ များစွာ ပါဝင်တဲ့အတွက် စားသုံး တတ်ကြပါတယ်။

ဆီး

လိပ်ပြာများဟာ တိရစ္ဆာန်တွေရဲ့ ဆီးတွေကိုလည်း နှစ်သက်ကြောင်းကို Handbook for Butterfly Watchers စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။

အဓိက အကြောင်းကတော့ အဲဒီ့က လတ်လတ်ဆတ်ဆတ် ပျော်ဝင်နေသည့် ဓာတ်များကို စုပ်ယူ နိုင်လို့ ဖြစ်ပါတယ်။

ပုပ်သိုးနေသည့် အသားများ

လိပ်ပြာတွေအတွက် အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်နေတဲ့ အစားအစာ တခုကတော့ ပုပ်သိုးနေတဲ့ အသားတွေပဲ ဖြစ်ပါတယ်။

၎င်းတို့ဟာ လိပ်ပြာတွေရဲ့ အကြိုက်ဆုံး အစားအစာများထဲက တခုဖြစ်ပြီး သုတေသီများဟာ အပူပိုင်း လိပ်ပြာများကို ဆွဲဆောင်ဖို့ ပုစွန်ခေါင်းတွေ၊ မြွေသေတွေ နဲ့ ငါးပိကဲ့သို့ အနှစ်တွေကို အသုံးပြုကြပါတယ်။

အဓိက ကြိုက်နှစ်သက်ရတဲ့ အကြောင်းအရင်းကတော့ ၎င်းတို့၏ အရသာ ဖြစ်နိုင်ပြီး လိပ်ပြာများဟာ ပုပ်သိုးနေတဲ့ အသားများကို လျက်ခြင်းဖြင့် အာရုံခံနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.