(၁) Cereal (ကောက်နှံအစေ့များဖြင့်ပြုလုပ်ထားတဲ့ အနောက်တိုင်း အစားအစာ)

Cereal အခြောက်များကို ဘယ်နေ့အထိ စားနိုင်ပါတယ်ဆိုတဲ့ ရက်စွဲ၏ နောက်ပိုင်းမှာတောင် စိတ်ချလက်ချ စားသုံးလို့ရသော်လည်း မပြည့်ဝတဲ့ဆီတွေနှင့် ပြုလုပ်ထားပါက ဓာတ်တိုးမှုဖြစ်ပြီး မှိုတက်တာတွေ နဲ့ ဆီချေးစော်နံတာတွေဖြစ်တက်ပြီး အနံ့နဲ့ အရသာကို ကောင်းကောင်း ထိခိုက်စေတာကို တွေ့ရပါတယ်။
(၂) Eggs ( ဥများ)

အအေးခံထားတဲ့ကြက်ဥများဟာ သက်တမ်းကုန်တာတောင် စားရတာ စိတ်ချရမှုရှိပြီး မကောင်းတဲ့ ကြက်ဥတွေက ချက်ပြုတ်တဲ့အခါမှာတော့ အပုတ်နံတောင် ထွက်လေ့ရှိပါတယ်။
ကြက်ဥ ရဲ့မကောင်းတဲ့အစိတ်အပိုင်းကို အမှိုက်ပစ်ဖို့ ဆုံးဖြတ်တဲ့အခါ သင်အနေနဲ့ ဘာအတွက် သုံးဖို့ကြံစည်သလဲ ဆိုတာ အပေါ် မူတည်ပါတယ် ။
”ကြက်ဥတွေဟာ ကြာလာတာနဲ့အမျှ ကြက်ဥရဲ့ အရည်အသွေးက ကျဆင်းလာတယ်” ဟု Brackeet က ဆိုပါတယ်။
(၃) Milk ( နို့ )

ကြက်ဥများ ကဲ့သို့ပင် နို့များကလည်း အအေးခံထားသရွေ့ ၎င်း၏အသုံးပြုမှုရက်စွဲကို ကျော်လွန်၍ စားသုံးသော်လည်း ဘေးကင်းစေပါတယ်။
Brackeet က အန္တရယ်မဖြစ်စေတဲ့ သေးငယ်တဲ့ ဇီဝသက်ရှိတွေကြောင့် နို့ကို ချဥ်တာဖြစ်ဖြစ် ၊ ခါးတာဖြစ်ဖြစ် ဖြစ်စေနိုင်ပါတယ် ဟု ဆိုပါတယ်။
(၄) Hard Cheese ( ဒိန်ခဲအမာ)

Brackett ၏အဆိုအရ“ အထူးသဖြင့် Parmesan ကဲ့သို့သော မာကျောသောဒိန်ခဲ” တွေဟာ သက်တမ်းကုန်ဆုံးပြီး နှစ်အတန်ကြာအထိ အသုံးပြုနိုင်ပါတယ်။
” သင်ဒီသက်တမ်းလွန်တဲ့ဒိန်ခဲကို စားနိုင်ပါတယ်၊ သို့သော်လည်း ဒိန်ခဲရဲ့ ဖွဲ့စည်းပုံ နဲ့ အရသာက အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲသွားပါလိမ့်မယ်ဟု ဆိုပါတယ်။
(၅) Yogurt (ဒိန်ချဥ်)

သင်ရဲ့ ဒိန်ချဥ်ဟာ ပုံမှန်မဟုတ်တဲ့ ချဥ်တဲ့အရသာ မရှိလျှင် ဖြစ်ဖြစ် ၊ မည်သည့်မှိုမှ မတက်နေတာ ဖြစ်ဖြစ် ၊ ၎င်းကို အသုံးပြုမှုရက်စွဲကို ကျော်လွန်၍ စားသုံးသော်လည်း ဘေးကင်းစေပါတယ်။
(၆) Dries Pasta (အီတလီခေါက်ဆွဲခြောက်)

ခေါက်ဆွဲခြောက်တွေဟာ ခြောက်သွေ့နေသရွေ့ နှစ်ပေါင်းများစွာ ကြာရှည်အောင်ထားနိုင်သော်လည်း အစိုဓာတ် နှင့် ထိတွေ့ပါက မှိုများပေါက်စေနိုင်ပါတယ်။
နည်းပညာပိုင်းအရ စိတ်ချစွာ စားလို့ရသေးရင်တောင်မှ အနံ့ နဲ့ အရသာ ကနောက်ဆုံးမှာ သင့်ကို စားချင်စိတ်တောင် ပျောက်စေသည်အထိ ဖြစ်စေပါလိမ့်မယ်။
(၇) Canned Goods (စည်သွပ်ဗူးများ)

စည်သွတ်ဘူးများဟာ နှစ်ပေါင်းများစွာကြာရှည်အောင်ထားနိုင်ပြီး အဓိကအားဖြင့် သက်တမ်းကုန်ဆုံးရက်များက အရသာ နှင့် အာဟာရအရည်အသွေး မည်သည့်အချိန်တွင် စတင်ကျဆင်းမည်ကို သင့်ကို သိစေပါလိမ့်မယ်။
ဒါပေမဲ့ ဗူးက ဖောင်းနေမယ်ဆိုရင်တော့ ဒါဟာ ပျက်စီးနေပြီ ဆိုတာ ညွှန်ပြနေခြင်းဖြစ်ပြီး သင့်အနေနဲ့ ဒီလိုဗူးတွေကိုတော့ လွှင့်ပစ်သင့်ပါတယ်။
(၈) Frozen Food (အေးခဲအစားအစာ)

ဒီနေရာမှာ အရေးကြီးတာက အစားအစာတွေကို “ အဆက်မပြတ်အေးခဲနေအောင်” ထားဖို့ဘဲ ဖြစ်ပါတယ်။
သင့်ရဲ့ရေခဲသေတ္တာ ပျက်သွားတာဘဲ ဖြစ်ဖြစ် ၊ ပါဝါကျသွားတာဘဲ ဖြစ်ဖြစ် အေးခဲထားတဲ့ အစားအစာတွေ အရည်ပျော်ပြီး ပြန်လည်မအေးခဲမှီ အစားအစာတွေကို ပျက်ဆီးစေပါတယ်။
ထုတ်ကုန်တစ်ခုကို အေးခဲထားလျှင်တောင်မှ freezer burn လို့ခေါ်တဲ့ ယေဘုယျအားဖြင့် အစားအစာကို လေလုံအောင်မထုပ်ပိုးမှုကြောင့် ရေဓာတ်ခမ်းခြောက်မှု နဲ့ ဓာတ်တိုးမှုတွေကြောင့် ပျက်စီးရတဲ့အခြေအနေတွေ နှင့် မနှစ်မြို့ဖွယ်အနံ့တွေဟာ အရသာကို ပျက်စီးစေပြီး ဒီလိုအစားအစာတွေကို သင့်အနေနဲ့ အဝေးကို လွှင့်ပစ်လိုက်သင့်ပါတယ်။
(၉) Chocolate( ချောကလက်)

မင်းရဲ့ Halloween candy ကို နောက်နှစ်အထိသယ်ယူခဲ့ဖူးတယ်ဆိုရင် ချောကလက်အဟောင်းတွေက အရသာသိပ်မရှိတာသိပေမယ့် အဲဒါကအန္တရာယ်မရှိဘူးဆိုတာ သင်သိပြီးသားဖြစ်ပါလိမ့်မယ်။
သင်တစ်ခါတစ်လေ ရုပ်ရှင်ထဲမှာ တွေ့ရတဲ့ ချောကလက် အပိုင်းအစလေးတွေပေါ်ကဘအဖြူရောင်အမှုန့်လေးတွေကလည်း အန္တရယ်ကင်းကင်းစားသုံးလို့ရပါတယ်။
ဒီအဖြူအမှုန့်လေးတွေက ” sugar bloom”လို့ခေါ်တဲ့ ချောကလက်မှာ ရှိတဲ့ သကြားတွေကအစိုဓာတ်ကို ပိုမိုစုပ်ယူတဲ့အခါ နဲ့ ” fat bloom ” လို့ခေါ်တဲ့ မျက်နှာပြင်ပေါ်မှာ အဆီတွေစုမိတဲ့အခါမှာလဲ ဖြစ်ပေါ်တက်ပါတယ်။
(၁၀) Dried Herbs and Spices (အခြောက်ခံထားတဲ့ ဆေးဘက်ဝင်အပင်များ နှင့် ဟင်းခက်အမွှေးအကြိုင်များ)

ကျွနိုပ်တို့ ရဲ့ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ Oregano အမှုန့်တွေကို သက်တမ်းကြာလာတာနဲ့အမျှ လွှင့်ထုတ် ပစ်စရာမလိုပါဘူး။
သို့သော်လည်း နောက်ဆုံးမှာ ၎င်းတို့ဟာ ကျွနိုပ်တို့ထင်ထားတဲ့အတိုင်း ဟင်းခတ်အမွှေးအကြိုင်အာနိသင်ကို ပျောက်ဆုံးတာကို တွေ့ရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 4/9/2021