သစ်တော ဧရိယာများ တိုးပွားလာသော ထိပ်ဆုံး (၁၀)နိုင်ငံ

Knowledge Nature

တရုတ်၊ သြစတေးလျ၊ ပြင်သစ်နှင့်ရိုမေးနီးယားစသည့် နိုင်ငံအားလုံးဟာ သစ်တော ဧရိယာများနှင့်ပတ်သက်လျှင် အသားတင်တိုးတက်မှုများ ရှိပါတယ်။ ဒါပေမယ့်ဘယ်နိုင်ငံက တစ်နှစ်မှာ အတိုးတက်ဆုံးပါလဲ။???

သစ်တောပြုန်းတီးခြင်းဟာ တိုးများလာ‌နေပါတယ်။ဒါဟာ လူသားများပြုလုပ်သောဘေးဆိုးကျိုးတစ်ခုပဲ ဖြစ်ပါတယ်။ နှစ်စဉ် ကမ္ဘာအနှံ့ သစ်တောဧရိယာ ဆုံးရှုံးနေမှု ဧရိယာဟာ စကွဲယား ကီလိုမီတာ ၄၇,၀၀၀ ကျော် ရှိပါတယ်။ဒါဟာ ဝေလနိုင်ငံ၏ အရွယ်အစားထက် နှစ်ဆနီးပါး နှင့်တူညီတဲ့ ပမာဏ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၅၀ အတွင်းမှာ အမေဇုန်မိုးသစ်တောရဲ့ ၁၇ ရာခိုင်နှုန်းဟာ ဖျက်ဆီးခံခဲ့ရပါတယ်။  သို့သော် မကြာသေးမီက အချို့နိုင်ငံများဟာ အံ့သြဖွယ်ကောင်းလောက်အောင် သစ်တောဧရိယာများ တိုးတက် ပွားများလာသည်ကို မှတ်တမ်းတင်ထားပါတယ်။

အောက်မှာဖော်ပြထားသော နိုင်ငံများသည် တစ်နှစ်လျှင် အသားတင် သစ်တောဖုံးလွှမ်း‌နေသော နယ်မြေဧရိယာ အများဆုံး ရရှိသောနိုင်ငံများ ဖြစ်ပါတယ်။

၁၀။ ရိုမေးနီးယားနိုင်ငံ

ရိုမေးနီးယား

အသားတင် တိုးပွားလာသော သစ်တော ဧရိယာမှာ စကွဲယား ကီလိုမီတာ ၄၁၀ ဖြစ်ပါတယ်။ ဒါဟာဆိုရင် နော့ဝှစ်မြို့ရဲ့ ၈ ဆ နီးပါး နှင့် ညီမျှတဲ့ပမာဏ တိုးလာခြင်းဖြစ်ပါတယ်။

၉။အီတလီနိုင်ငံ

အီတလီ

အသားတင် တိုးပွားလာသော သစ်တော ဧရိယာမှာ စကွဲယား ကီလိုမီတာ ၅၄၀ ဖြစ်ပါတယ်။ဘဲလ်ဖက်စ်မြို့ရဲ့ ၈ ဆ ကျော် နှင့်တူညီပါတယ်။

၈။ပြင်သစ်နိုင်ငံ

ပြင်သစ်

အသားတင် တိုးပွားလာသော သစ်တော ဧရိယာမှာ စကွဲယား ကီလိုမီတာ ၈၃၀ ဖြစ်ပါတယ်။
ဒါဟာ ဘော်လ်တန်မြို့ရဲ့ ၁၅ ဆ နှင့်ညီမျှတဲ့ တိုးပွားလာမှုဖြစ်ပါတယ်။

၇။အမေရိကန်နိုင်ငံ

အမေရိကန်

အသားတင် တိုးပွားလာသော သစ်တော ဧရိယာမှာ စကွဲယား ကီလိုမီတာ ၁၀၈၀ ဖြစ်ပါတယ်။
ဒါဟာ အိတ်ဇီတာမြို့ရဲ့ ၁၅ ဆ နှင့်တူညီတဲ့ပမာဏ တိုးလာတာဖြစ်ပါတယ်။

၆။တူရကီနိုင်ငံ

တူရကီ

အသားတင်တိုးပွားလာသော သစ်တော ဧရိယာမှာ စကွဲယား ကီလိုမီတာ ၁၁၄၀ ဖြစ်ပါတယ်။
ဒါဟာ စလောက်မြို့ရဲ့ ၁၅ ဆ နဲ့ ညီမျှပါတယ်။

၅။ဗီယက်နမ်နိုင်ငံ

ဗီယက်နမ်

အသားတင်တိုးပွားလာသော သစ်တော ဧရိယာမှာ စကွဲယား ကီလိုမီတာ ၁၂၆၀ ဖြစ်ပါတယ်။
ဒါဟာ ကာဒစ်မြို့ရဲ့ ၉ ဆ နဲ့ တူညီတဲ့ ပမာဏဖြစ်ပါတယ်။

၄။ချီလီနိုင်ငံ

ချီလီ

အသားတင် တိုးပွားလာသော သစ်တော ဧရိယာမှာ စကွဲယား ကီလိုမီတာ ၁၄၉၀ ဖြစ်ပါတယ်။
ဒါဟာ ဒန်ဒီးမြို့ရဲ့ ၂၅ ဆ နဲ့ တူညီတဲ့ ပမာဏတိုးတက်လာခြင်းဖြစ်ပါတယ်။

၃။အိန္ဒိယနိုင်ငံံ

အိန္ဒိယ

အသားတင်တိုးပွားလာသော သစ်တော ဧရိယာမှာ စကွဲယား ကီလိုမီတာ ၂၆၆၀ ဖြစ်ပါတယ်။
ဒါဟာ လူတန်မြို့ရဲ့ ၆၁ ဆ နှင့်တူညီတဲ့ ပမာဏ တိုးတက်လာခြင်းဖြစ်ပါတယ်။

၂။သြစတေးလျနိုင်ငံ

သြစတေးလျ

အသားတင်တိုးပွားလာသော သစ်တော ဧရိယာမှာ စကွဲယား ကီလိုမီတာ ၄၄၆၀ ဖြစ်ပါတယ်။
ဒါဟာ ဘာမင်ဂမ်မြို့ရဲ့ ၁၆ ဆ နှင့်တူညီတဲ့ ပမာဏတိုးလာခြင်းဖြစ်ပါတယ်။

၁။တရုတ်နိုင်ငံ

တရုတ်

အသားတင်တိုးပွားလာသော သစ်တော ဧရိယာမှာ စကွဲယား ကီလိုမီတာ ၁၉၃၇၀ ဖြစ်ပါတယ်။
ဒါဟာ လန်ဒန်မြို့ရဲ့ ၁၂ ဆ‌ ကျော်နဲ့ ညီမျှတဲ့ ပမာဏ တိုးတက်လာခြင်းဖြစ်ပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *